ထပ်ဆောင်းရင်းမြစ်များ
ရေရှည်တည်တံ့သည့် စမတ်မြို့တော်များကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်သည့် အခြားအထောက်အကူများ
အာဆီယံ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အားပေးထောက်ကူဘဏ္ဍာငွေစနစ် (ASEAN Catalytic Green Finance Facility, ACGF)
ACGF ဆိုသည်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းရှိ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး စီမံကိန်းများကို ကူညီပံ့ပိုးသည့် ADB လက်အောက်မှ ဘဏ္ဍာထောက်ပံ့ရေး စီမံကိန်းတစ်ခုဖြစ်သည်။ ၎င်းသည် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ခံနိုင်ရည်ရှိစေရေးအပေါ် အလေးပေးသည့် စမတ်စီးတီး စီမံကိန်းများအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးသည်။
အမေရိကန် – အာဆီယံ (US-ASEAN) တို့၏ စမတ်စီးတီးအတွက် မိတ်ဖက်ဆောင်ရွက်မှု
ဤမိတ်ဖက်ဆောင်ရွက်မှုသည် ကျွမ်းကျင်မှုနှင့် ရင်းမြစ်များမှတစ်ဆင့် အာဆီယံမြို့တော်များအတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဦးတည်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုကို ချောမွေ့စေခြင်းနှင့် အကောင်းဆုံးအလေ့အထများကို မျှဝေခြင်းဖြင့် ၎င်းက စမတ်စီးတီး ရင်းနှီးမြှုပ်နှံမှုများကို ကူညီပံ့ပိုးပေးသည်။
အာဆီယံတွင်းရှိ စမတ်စီးတီးများဆိုင်ရာ ဂျပန်အစည်းအရုံး (Japan Association for Smart Cities in ASEAN) (JASCA)
JASCA ဆိုသည်မှာ ဂျပန်လူမျိုးပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အာဆီယံ နိုင်ငံများတွင်းရှိ စမတ်စီးတီးဆိုင်ရာ ပဏာမလုပ်ဆောင်မှုများကို မြှင့်တင်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းက ဂျပန်နိုင်ငံမှ ကျွမ်းကျင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းမှုများ ပေးအပ်ခြင်းဖြင့် စမတ်စီးတီး ရင်းနှီးမြှုပ်နှံမှုများကို ကူညီပံ့ပိုးပေးသည်။
အာဆီယံ (ASEAN)
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (ASEAN) ဆိုသည်မှာ နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးသည့် ဒေသဆိုင်ရာ အစိုးရများကြားရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဗဟုသုတမျှဝေမှုကို မွေးမြူပေးသည့် အာဆီယံ စမတ်စီးတီးများ ကွန်ရက် (ASEAN Smart Cities Network) ကဲ့သို့သော ပဏာမလုပ်ဆောင်မှုများမှတဆင့် စမတ်စီးတီး ရင်းနှီးမြှုပ်နှံမှုများကို ၎င်းက ကူညီပံ့ပိုးပေးသည်။
အာဆီယံ စမတ်စီးတီးများ ကွန်ရက် (ASEAN Smart Cities Network)
အာဆီယံ စမတ်စီးတီးများ ကွန်ရက်က အာဆီယံမြို့တော်များ အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ စမတ်စီးတီး စီမံကိန်းများဆိုင်ရာ တိုးတက်မှုကို မျှဝေရန်သာမက ပုဂ္ဂလိကကဏ္ဍအပါအဝင် ပြင်ပမိတ်ဖက်များနှင့် မိတ်ဖက်အခွင့်အလမ်းများကို စူးစမ်းရှာဖွေရန်အတွက် ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးသည်။
ASEAN Australia Smart Cities Trust Fund
ASEAN သြစတြေးလျ စမတ်မြို့တော်များ ယုံကြည်အပ်နှံငွေဆိုသည်မှာ 2019 ခုနှစ်တွင် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ မြို့ပြဘဏ္ဍာငွေထောက်ပံ့ရေးဆိုင်ရာ လက်တွဲလုပ်ဆောင်ရေးဌာနအောက်၌ သတ်မှတ်ထားရှိခဲ့သော တစ်ဦးတည်းလှူဒါန်းသူ ယုံကြည်အပ်နှံငွေတစ်ခု ဖြစ်သည်။ အဆိုပါရန်ပုံငွေသည် စိမ်းလန်းစိုပြည်၍ အများနှင့်ယှဉ်နိုင်သော၊ အားလုံးတန်းတူပါဝင်နိုင်ပြီး ကြံ့ခိုင်ရည်ပြည့်ဝသော နေချင်စဖွယ် မြို့တော်များ တည်ဆောက်နိုင်စေရန် ဒစ်ဂျစ်တယ် ဖြေရှင်းချက်များ၊ စနစ်များနှင့် အုပ်ချုပ်ရေးစနစ်များကို မြို့တော်များအနေဖြင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်၍ လက်ခံကျင့်သုံးရာတွင် ချောမွေ့လွယ်ကူစေမည့် လှုပ်ရှားဆောင်ရွက်မှုများကို ကူညီပံ့ပိုးပေးသည်