နည်းပညာဆိုင်ရာ အကူအညီ ထောက်ပံ့ကြေးများ

နည်းပညာဆိုင်ရာ အကူအညီ ထောက်ပံ့ကြေးများဆိုသည်မှာ ရှုပ်ထွေးသော သို့မဟုတ် နည်းပညာဆိုင်ရာ စမတ်စီးတီး စီမံကိန်းများတွင် ပိုမိုထိရောက်စွာ လုပ်ငန်းလုပ်ဆောင်နိုင်ရန် လိုအပ်သည့် အထူးဝန်ဆောင်မှုများ သို့မဟုတ် ကျွမ်းကျင်မှုများကို ရရှိအောင် စီမံကိန်းဆောင်ရွက်သူများအား ကူညီပေးရန် ငွေကြေးထောက်ပံ့မှု ဖြစ်သည်။

အကြောင်းအရာဖော်ပြချက်

နည်းပညာဆိုင်ရာ အကူအညီ ထောက်ပံ့ကြေးများဆိုသည်မှာ စမတ်စီးတီး စီမံကိန်းများတွင် ပိုမိုထိရောက်စွာ လုပ်ငန်းလုပ်ဆောင်နိုင်ရန် လိုအပ်သည့် အထူးဝန်ဆောင်မှုများ သို့မဟုတ် ကျွမ်းကျင်မှုများကို ရရှိအောင် စီမံကိန်းဆောင်ရွက်သူများအား ကူညီပေးရန် ငွေကြေးထောက်ပံ့မှု ဖြစ်သည်။ နည်းပညာဆိုင်ရာ အကူအညီ ထောက်ပံ့ငွေများသည် ယေဘုယျအားဖြင့် မူဝါဒများနှင့် စီမံကိန်း ဒီဇိုင်းတိုးတက်စေရန် ၊ စွမ်းရည်မြှင့်တင်ပေးရန်၊ အကောင်အထည်ဖော်မှုစွမ်းရည် အားကောင်းစေရန်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျပါသည်။ ထိုထောက်ပံ့ငွေများတွင် ဥပမာအားဖြင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) မှ နည်းပညာအကူအညီ အထူးရန်ပုံငွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာရန်ပုံငွေ (CTF)၊ရာသီဥတုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (CIF) နှင့် ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ် (EIB) ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အထောက်အကူပစ္စည်းများ ပါဝင်သည်။ ဤရန်ပုံငွေများကို စိမ်းလန်းစိုပြေရေး အခြေခံအဆောက်အအုံ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စမတ်စီးတီးဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော ရှုပ်ထွေးသော သို့မဟုတ် နည်းပညာဆိုင်ရာ စီမံကိန်းများ၏ ရန်ပုံငွေအတွက် အသုံးပြုပါသည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ  

  • အရည်အချင်းပြည့်မီမှုဆိုင်ရာ လိုအပ်ချက်များနှင့် ချိန်ညှိခြင်း။ ရန်ပုံငွေရှာဖွေသည့် စီမံကိန်းများသည် ရန်ပုံငွေတစ်ခုစီ၏ သီးခြားလိုအပ်ချက်များ၊ ရည်မှန်းချက်များ၊ ဦးစားပေးအစီအစဉ်များနှင့် အသေးစိတ် ကိုက်ညီရမည်ဖြစ်သည်။ ၎င်းတွင် ရန်ပုံငွေ၏ အဓိကနေရာများ၊ အဓိက အာရုံထားရာ ဒေသများနှင့် ရည်ရွယ်ထားသော ရလဒ်များကို စေ့စေ့စပ်စပ် သဘောပေါက် နားလည်ခြင်းတို့ ပါဝင်သည်။ ရန်ပုံငွေအတွက် အရည်အချင်းပြည့်မီရန် စီမံကိန်းများသည် စီမံကိန်းလုပ်ငန်းများမှတစ်ဆင့် ထင်ရှားသော အကျိုးသက်ရောက်မှုများကို ပြသရမည်ဖြစ်သည်။ သက်ရောက်မှုအကဲဖြတ်မှု မူဘောင်များနှင့် အတိုင်းအတာများကို စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းများနှင့်အတူ ပေါင်းစပ်သင့်သည်။

အလားအလာရှိသော စိန်ခေါ်မှုများ  

  • ရန်ပုံငွေရရှိရေးသည် များသောအားဖြင့်အပြိုင်အဆိုင်များသည်။ ဤရန်ပုံငွေများကိုရယူရန်အတွက် လျှောက်ထားခြင်းလုပ်ငန်းစဉ်များသည် ရှည်လျားပြီး၊ ဗျူရိုကရေစီဆန်နိုင်သလို ရှုပ်ထွေးနိုင်သည်။ အလားအလာရှိသော လျှောက်ထားသူများအတွက် အထူးသဖြင့် သေးငယ်သော အဖွဲ့အစည်းများ သို့မဟုတ် ရင်းမြစ်များနှင့် ကျွမ်းကျင်မှုမရှိသော ဒေသန္တရအစိုးရများ အတည်ပြုချက်၊ လိုအပ်ချက်များအား လိုက်နာဆောင်ရွက်ခြင်းနှင့် စာရွက်စာတမ်းပြုစုခြင်း စသည့်အဆင့်များစွာကို ဖြတ်သန်းရခြင်းတို့သည် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။ ရန်ပုံငွေရရှိမှုမှာ အကန့်အသတ်ရှိသဖြင့် အကန့်အသတ်ရှိသော ရင်းမြစ်များအတွက် အပြိုင်အဆိုင်တင်သော အဆိုပြုချက်အများအပြားသည် ပြိုင်ဆိုင်မှုပြင်းထန်စေသည်။
  • ရန်ပုံငွေရရှိသူများသည် စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းဆိုင်ရာစံနှုန်းများကို ပြည့်မီရန် အခက်အခဲများကို ရင်ဆိုင်ရနိုင်သည်။ နည်းပညာဆိုင်ရာ အကူအညီ ထောက်ပံ့ကြေးများ လက်ခံရရှိသူများသည် စီမံကိန်းရလဒ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထမ်းဆောင်မှုနှင့် အခွန်အခစရိတ်များ ပါဝင်သည့် တင်းကျပ်သောအစီရင်ခံမှုနှင့် တာဝန်ဝတ္တရားဆိုင်ရာ လိုအပ်ချက်များကို လိုက်နာရမည် ဖြစ်သည်။
  • ရန်ပုံငွေလက်ခံသူများသည် အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရနိုင်သည်။ ရန်ပုံငွေလက်ခံရရှိသူများသည် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရဌာနအသီးသီး၊ အစိုးရလုပ်ငန်းများနှင့် မိတ်ဖက်အဖွဲ့များအကြား ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် လိုအပ်ပါသည်။ သို့ရာတွင်၊ အထူးသဖြင့် ရှုပ်ထွေးပြီး ကြီးမားသော စမတ်စီးတီး စီမံကိန်းများအတွက် ၎င်းသည် စိန်ခေါ်မှုဖြစ်ကြောင်း သက်သေပြနိုင်သည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • ထောက်ပံ့ငွေများသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးသည်။ ဤရန်ပုံငွေများသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ စမတ်စီးတီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရေးကြီးသော အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် အလိုအပ်ဆုံးဖြစ်သော ငွေကြေးရင်းမြစ်များကို ပံ့ပိုးပေးပါသည်။ ရန်ပုံငွေကို သဘာဝအကျိုးပြုအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်သည်။
  • ရန်ပုံငွေများသည် နည်းပညာစွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက်ပံ့ပိုးပေးနိုင်သည်။ ငွေကြေးထောက်ပံ့ခြင်းအပြင် နည်းပညာဆိုင်ရာ အကူအညီ ထောက်ပံ့ကြေးများသည် ရန်ပုံငွေရရှိသူများအား စွမ်းရည်မြှင့်တင်ခြင်းနှင့် အကြံပေးခြင်းဝန်ဆောင်မှုများကို ပေးလေ့ရှိပြီး အဖွဲ့အစည်းဆိုင်ရာစွမ်းရည် အားကောင်းလာစေရန်နှင့် ငွေကြေးထောက်ပံ့ထားသော စီမံကိန်းများ၏ အောင်မြင်နိုင်ခြေကို မြှင့်တင်ပေးလျက် ရှိပါသည်။ စီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် စီမံခန့်ခွဲရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာများကို တာဝန်ရှိသူများ၊ စီမံကိန်းရေးဆွဲသူများနှင့် ဒေသဆိုင်ရာ အဓိကသက်ဆိုင်သူများအား ပညာပေးလေ့ကျင့်ရေးအတွက် ရင်းမြစ်များကို ဤထောက်ပံ့ကြေးများဖြင့် ထောက်ပံ့ပေးထားပါသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  • အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (n.d.)။ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ၏ နည်းပညာအထောက်အပံ့ (TA) ဆိုသည်မှာ အဘယ်နည်း။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/business/how-to/technical-assistance
  • ကမ္ဘာ့ဘဏ် (n.d.)။ ကမ္ဘာလုံးဆိုင်ရာ စမတ်စီးတီး ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.worldbank.org/en/programs/global-smart-city-partnership-program/partners
  • အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (n.d.)။ နည်းပညာ အကူအညီဆိုင်ရာ အထူး ရန်ပုံငွေ။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/what-we-do/funds/technical-assistance-special-fund
  • ရာသီဥတုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများ (n.d.)။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာရန်ပုံငွေ။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.cif.org/topics/clean-technologies
  • ဥရောပ ရင်းနှီးမြှုပ်နှံမှု ဘဏ် (n.d.)။ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ရေး။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.eib.org/en/projects/topics/climate-action/get-support

Case Study

Scroll to Top