စမတ်စီးတီး ဖော်ဆောင်ရေးအတွက် အခွန်ခံစားခွင့်များ

အခွန်ခံစားခွင့်များဆိုသည်မှာ ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ကုမ္ပဏီများအား စမတ်စီးတီး ရည်မှန်းချက်များနှင့်သက်ဆိုင်သော စီမံကိန်းများတွင် ပါဝင်လာအောင် တိုက်တွန်းရန် အစိုးရများက အခွန်လျှော့ချပေးခြင်း၊ ကင်းလွတ်ခွင့်များပေးခြင်း သို့မဟုတ် သက်သာခွင့်များပေးခြင်း ဖြစ်သည်။

အကြောင်းအရာဖော်ပြချက်

ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ကုမ္ပဏီများအား စမတ်စီးတီး ရည်မှန်းချက်များနှင့်သက်ဆိုင်သော စီမံကိန်းများတွင် ပါဝင်လာအောင် တိုက်တွန်းရန် အစိုးရသည် အခွန်လျှော့ချပေးခြင်း၊ ကင်းလွတ်ခွင့်များပေးခြင်း သို့မဟုတ် သက်သာခွင့်များပေးခြင်းတို့ကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍအား နည်းပညာ အသုံးပြုခြင်းကို တိုက်တွန်းအားပေးရန် အလိုအလျောက်စနစ် သို့မဟုတ် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး အားထုတ်ကြိုးပမ်းမှုများကို စတင်လုပ်ဆောင်သည့် ကုမ္ပဏီများသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထောက်ပံ့ကြေးများ ပေးနိုင်သည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး စက်ရုံအလုပ်ရုံ သို့မဟုတ် ကာဗွန်ဖမ်းယူသည့် စက်ရုံများကဲ့သို့ စက်ပစ္စည်းများတွင် ပုဂ္ဂလိက အခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုကို တိုက်တွန်းအားပေးသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွန် လျှော့ပေးငွေများသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းကို လှုံ့ဆော်ပေးရန် အသုံးများသော နည်းလမ်းများလည်း ဖြစ်သည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • ရှင်းလင်းပြီးပွင့်လင်းမြင်သာမှုရှိသော အခွန်ကောက်ခံမှု မူဘောင်. အခွန် မက်လုံးများသည် ယေဘုယျ အခွန်ကောက်ခံမှုစနစ်၏ အောက်တွင်ရှိပြီး ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ကုမ္ပဏီများအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များချနိုင်စေရန် ရှင်းလင်းပြီး ထင်သာမြင်သာ ရှိသော ကြိုတင်ခန့်မှန်းနိုင်သော အခွန် မူဝါဒများထားရှိရန် အရေးကြီးပါသည်။
  • အခွန်ဥပဒေများသည် တစ်သမတ်တည်းဖြစ်ပြီး ကြိုတင်ခန့်မှန်းနိုင်ခြင်းရှိရမည်. စမတ်စီးတီး စီမံကိန်းများသည် အစပိုင်း၌ အရင်းအများအပြား ရင်းနှီးမြှုပ်နှံမှုလိုအပ်ပြီး ကာလကြာရှည်မှ လုပ်ငန်းကုန်ကျစရိတ်များနှင့် အမြတ်တူညီသွားသည့် အချိန်တစ်ခုသို့ ရောက်ရှိနိုင်သည်။ ထိုကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများ စတင်မလုပ်ဆောင်မီ ရင်းနှီးမြှုပ်နှံသူများက စီမံကိန်းသက်တမ်းတစ်လျှောက် အခွန်ဥပဒေများက မပြောင်း မလဲဘဲ ဆက်လက်ရှိနေရန် အာမခံလိုအပ်သောကြောင့် ကြိုတင်ခန့်မှန်းနိုင်မှုက အထူးအရေးကြီးသည်။
  • အခွန်အာဏာပိုင်အဖွဲ့အစည်းများသည်အခွန်ရှောင်သည့် လုပ်ရပ်များအပေါ် ပြစ်ဒဏ်များ ချမှတ်နိုင်ရမည်. ကုမ္ပဏီများသည် အခွန်မက်လုံး အသစ်များကို အခွင့်ကောင်းယူအသုံးချရန် စီမံကိန်းများကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ရန် ကြိုးစားကြကြောင့် အစိုးရသည် ယခင် အခွန်ပေးဆောင်ထားသော ရင်းနှီးမြှုပ်နှံမှုများမှနေ၍ သိသိသာသာ အခွန်ဘဏ္ဍာ ဆုံးရှုံးမှုမဖြစ်စေရန် မက်လုံးများကို စီစဉ်သတ်မှတ်ထား ရမည်။ အာဏာပိုင်အဖွဲ့အစည်းများက အခွန်များကို တိမ်းရှောင်နေသော ကုမ္ပဏီများကို ရှင်းရှင်းလင်းလင်း ခွဲခြားဖော်ထုတ်နိုင်ပြီး ထိရောက်စွာ အရေးယူနိုင်ရမည်။.
  • မက်လုံးလမ်းညွှန်ချက်များကို ရင်းနှီးမြှုပ်နှံသူများထံ ရှင်းရှင်းလင်းလင်း အသိပေးထားရန်လိုအပ်ပါမည် ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ကုမ္ပဏီများအပြင် အခွန် အာဏာပိုင်အဖွဲ့အစည်းများကလည်း အခွန်မက်လုံး အကျိုးခံစားခွင့်များကို အပြည့်အဝရရှိနိုင်မည့် စီမံကိန်း အမျိုးအစားများကို ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်စေရန်အတွက် မက်လုံး လမ်းညွှန်ချက်များကို စီစဉ်သတ်မှတ်ပြီး ရှင်းရှင်းလင်းလင်း အသိပေးထားရမည်။
  • အခွန်မက်လုံးများ၏ ဆက်လက် အသုံးဝင်မှုကို အကဲဖြတ်ရန် ပုံမှန် ပြန်လည်သုံးသပ်ချက်များ။ ကုန်ကျစရိတ် (ကြိုတင်လျာထားပြီးဖြစ်သော အခွန်ဘဏ္ဍာ) သည် အခွန် မက်လုံးဖြင့် ဖန်တီးထားသော အကျိုးခံစားခွင့်များထက် ပိုလွန်နေခြင်း ရှိ၊ မရှိနှင့် ၎င်း၏ ဒီဇိုင်းပုံစံ စမတ်စီးတီး အတွက် ရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးရာတွင် ဆက်လက် ထိရောက်မှု ရှိ၊ မရှိ အကဲဖြတ်ရန် မက်လုံးများကို ပုံမှန် ပြန်လည်သုံးသပ် ရပေမည်။ မက်လုံးသည် သတ်မှတ်ထားသော နေရာအသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးရန်အတွက်လည်း မဏ္ဍိုင် ဖြစ်နိုင်သည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • အစိုးရအရာရှိများ၏ အတွေ့အကြုံနည်းပါးခြင်း။ .

    §  အစိုးရအရာရှိများက
    အဆိုပါမက်လုံးအစီအစဉ်များကို ရေးဆွဲရာတွင် အတွေ့အကြုံ အလုံ အလောက် မရှိနိုင်သဖြင့်
    စီးပွားရေးအရ ဖြစ်နိုင်ခြေရှိပြီး တစ်နည်းနည်းဖြင့် ဖြစ်ပေါ်လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက်
    အစိုးရက အခွန်များကို ကင်းလွတ်ခွင့်မပြုဘဲ မူဝါဒ ရလဒ်များရရှိစေမည့် ခိုင်မာသော မက်လုံးအစီအစဉ်များ
    ရေးဆွဲရန် အခက်အခဲတွေ့နိုင်သည်။ ဥပမာအားဖြင့် ဒေသန္တရ အစိုးရသည် ကိုယ်တိုင်ဆုံးဖြတ်၍
    လုပ်ပိုင်ခွင့်ရှိသော မက်လုံးများနှင့် အလိုအလျောက် မက်လုံးများကြား ဆုံးဖြတ်ရန် လိုအပ်ပါမည်။
    ကိုယ်တိုင်ဆုံးဖြတ်၍
    လုပ်ပိုင်ခွင့်ရှိသော မက်လုံးများထက်စာလျှင် အလိုအလျောက် မက်လုံးများသည် ပြည်သူများအား
    ရှင်းလင်းပြောပြ ထားသော စံနှုန်းအပေါ် အခြေပြုသည့်အတွက် အကျင့်ပျက်ခြစားနိုင်ခြေနှင့်
    အငြင်းပွားနိုင်ခြေကို လျှော့ချပေးနိုင်သည်။
  • အကောင်းဆုံးနီးပါး အရင်းအမြစ်ခွဲဝေပေးနိုင်ခြေ။ အောင်မြင်သော အခွန်မက်လုံးများသည် ရင်းနှီးမြှုပ်နှံမှု လုပ်မည်မဟုတ်သည့် မက်လုံး ပေးထားသော နေရာများတွင်သာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်စေရန် ဖန်တီးပေးပါမည်။ ဂရုတစိုက် စောင့်ကြည့်ခြင်းနှင့် ပုံမှန် ပြန်လည်သုံးသပ်မှု မရှိပါက အခွန်မက်လုံးများသည် အချို့နေရာများတွင် ရင်းနှီးမြှုပ်နှံမှု များလွန်းခြင်း သို့မဟုတ် အခြား အခွန်ကင်းလွတ်ခွင့်မပေးသည့် နေရာများတွင် ရင်းနှီးမြှုပ်နှံမှု နည်းလွန်းခြင်းကို ဖြစ်စေနိုင်ပြီး လူမှုအသိုင်းအဝိုင်း၏ လိုအပ်ချက်များနှင့် လွဲချော်သွားနိုင်သည်။
  • ဥပဒေပြဋ္ဌာန်းခြင်းနှင့် လိုက်နာရေး ဆောင်ရွက်သည့်ကုန်ကျစရိတ်များ သိသိသာသာများနေနိုင်သည်။ အခွန် စည်းမျဉ်းများကို ပြဋ္ဌာန်းရာတွင် အစိုးရအပေါ် ကုန်ကျစရိတ်များဖြစ်စေပြီး လိုက်နာရမည့် အခွန်ထမ်းများအပေါ်တွင်လည်း ကုန်ကျစရိတ်များကို ဖြစ်စေမည်။ ဥပဒေ ပြဋ္ဌာန်းမှု ဆိုင်ရာ ကုန်ကျစရိတ်သည် ကနဦး မက်လုံးပေးအပ်ထားသည့်ထောက်ပံ့ကြေးနှင့် အရည်အချင်း သတ်မှတ်ချက်များကို ပြဋ္ဌာန်းရန်နှင့် လိုက်နာရန် စောင့်ကြည့်မှုအတွက် ကုန်ကျစရိတ်များနှင့် ဆက်စပ်သည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • မက်လုံးများကိုရှင်းရှင်းလင်းလင်း သတ်မှတ်ထားပါက အကောင်အထည်ဖော်မှုဆိုင်ရာ ကုန်ကျစရိတ်နည်းပါးသည်. မက်လုံးများကို ကိုယ်တိုင်ဆုံးဖြတ်၍ လုပ်ပိုင်ခွင့်နှင့် မဟုတ်ဘဲ အလိုအလျောက် အသုံးပြုနိုင်စေရန်အတွက် စီစဉ်သတ်မှတ်ထားပါက အပိုဆောင်း ပလက်ဖောင်းများ သို့မဟုတ် စနစ်များ ထည့်သွင်းရန် မလိုဘဲ လက်ရှိ အခွန်ကောက်ခံသည့် စနစ်တွင် အခြား လုပ်ငန်းများအတွက် အခွန်လျှော့ပေးသည့် နည်းလမ်းများနည်းတူ အဆိုပါ မက်လုံးများကို အသုံးပြုမည်ဖြစ်သောကြောင့် အစိုးရအတွက် အကောင်အထည်ဖော်မှု ကုန်ကျစရိတ်သည် တော်တော်လေး နည်းပါးနိုင်သည်။
  • စီမံကိန်းများကိုအကဲဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် ဈေးကွက် အခြေပြု ချဉ်းကပ်နည်းကိုခွင့်ပြုသည် ကုမ္ပဏီများ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများတွင် အကျိုးအမြတ်ရရှိသည့်အခါမှသာ အခွန် မက်လုံးများသည် အကျိုးရှိလေ့ရှိပြီး အဆိုပါ မက်လုံးကို အကောင်အထည် ဖော်ရန်အတွက် လုပ်ငန်းတွင် သိသာထင်ရှားသော ကြားဝင်ဆောက်ရွက်ခြင်း မလိုအပ်ပါ။ ယင်းက ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် လုပ်ငန်းများ အတွက် စီမံကိန်းများ မစတင်မီ ၎င်းတို့ ရင်ဆိုင်ရမည့်အန္တရာယ်များနှင့် လုပ်ငန်း အမျိုးအစားအလိုက် အလားအလာကောင်းမကောင်း အကဲဖြတ်ခွင့် ရစေသည်။ တိုက်ရိုက် ထောက်ပံ့ကြေးပေးအပ်မှုနှင့်မတူဘဲ စီမံကိန်းများ၏ ကုန်ကျစရိတ်ထိရောက်မှုနှင့် အမြတ်အစွန်းရရှိမှုအပေါ် အာရုံစိုက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော အခွန်ဘဏ္ဍာရစေသည့် အမျိုးအစားများ တည်ဆောက်ရန် လှုံ့ဆော်ပေးသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  • UN (2019)။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခွန် မက်လုံးများကို စီစဉ်သတ်မှတ်ပြီး အကဲဖြတ်ခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖတ်ရှုနိုင်သည်- https://www.un.org/esa/ffd/wp-content/uploads/2018/02/tax-incentives_eng.pdf
  • စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံဖြိုးတိုးတက်ရေး အဖွဲ့အစည်း (2022)။ အခွန် မက်လုံးများနှင့် ကမ္ဘာလုံးဆိုင်ရာ အနိမ့်ဆုံး လုပ်ငန်းခွန်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖတ်ရှုနိုင်သည်- https://www.oecd-ilibrary.org/docserver/25d30b96-en.pdf?expires=1718785231&id=id&accname=guest&checksum=1CA3D4E3FD6215F9EED5725E522C6D36
  • Deloitte (2018)။ ဖွံ့ဖြိုးဆဲ စီးပွားရေးလုပ်ငန်းများတွင် စမတ်စီးတီးများအတွက် ရန်ပုံငွေထောက်ပံ့ခြင်းနှင့် ဘဏ္ဍာငွေထောက်ပံ့ခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www2.deloitte.com/content/dam/Deloitte/global/Documents/Public-Sector/gx-smart-cities-economies.pdf

Case Study

Scroll to Top