Sukuk (အတိုးမဲ့ ငွေချေးစာချုပ်များ)

Sukuk ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူများအား Shari’ah အခြေခံမူများ (အစ္စလာမ်ဥပဒေ) နှင့်အညီ အမြတ်အစွန်း ထုတ်ပေးရန် စီမံထုတ်ထားသည့် အတိုးမဲ့ ငွေချေးစာချုပ်များဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများသည် အတိုးအစား ၎င်းတို့ကိုယ်တိုင် တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သည့် အခြေခံပိုင်ဆိုင်ပစ္စည်းအစုမှ ရရှိသော သဘောတူထားသည့် အမြတ်ဝေစုတစ်စုကို လက်ခံရရှိသည်။

Video produced by CIMB explaining Sukuk bonds. Available at: https://www.youtube.com/watch?v=_mPgAtnDlw4

အကြောင်းအရာဖော်ပြချက်

ဆိုသည်မှာ Sharia အခြေခံမူများ (အစ္စလာမ် ဥပဒေ) နှင့်အညီ ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်ပြန်ရစေရန် ဒီဇိုင်းထုတ်ထားသော အတိုးမဲ့ ငွေချေးစာချုပ်များဖြစ်ကြသည်။ ရင်းနှီးမြှုပ်နှံသူများသည် အတိုးအစား ၎င်းတို့ကိုယ်တိုင် တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည့် အခြေခံပိုင်ဆိုင်ပစ္စည်းအစုစုကြောင့် ရရှိသော အကျိုးအမြတ်များကို သဘောတူထားသည့်အတိုင်း ဝေစုတစ်ခု ရရှိသည်။

ထုတ်ပေးသည့် အတိုးမဲ့ ငွေချေးစာချုပ်များ၏ အင်္ဂါရပ်အမျိုးမျိုးကြောင့် စိမ်းလန်းစိုပြေရေး သို့မဟုတ် သို့မဟုတ် ရေရှည်တည်တံ့ရေးကို မြှင့်တင်ပေးသည့် စမတ်စီးတီး စီမံကိန်းများအတွက် ပုဂ္ဂလိကကဏ္ဍ ဘဏ္ဍာငွေကို သုံးစွဲရန် အလားအလာရှိသော ရွေးချယ်မှုတစ်ခုဖြစ်စေသည်။ ဥပမာအားဖြင့် စိမ်းလန်းစိုပြေရေး၊ လူမှုရေး၊ ရေရှည်တည်တံ့ရေး၊ ရေရှည်တည်တံရေးနှင့် ချိတ်ဆက်ထားသည့် ငွေချေးစာချုပ်များ (GSSS) နှင့်အလားတူစွာပင် အတိုးမဲ့ငွေချေးစာချုပ်များမှတစ်ဆင့် ကောက်ခံရရှိသည့်ရန်ပုံငွေများကို လူမှုရေးအရ တာဝန်ယူမှုရှိပြီး ကျင့်ဝတ်ဆိုင်ရာမူဘောင်အတွင်း အရင်းခံသည့် သီးခြားရည်ရွယ်ချက်များအတွက် လျာထားပါသည်။ အတိုးမဲ့ ငွေချေးစာချုပ်သည် ပိုင်ဆိုင်ပစ္စည်းကို အခြေပြု၍ တည်​ဆောက်ထားသောကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရန်ပုံငွေများကို သတ်မှတ်ရည်ရွယ်ချက်အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း ပိုသေချာစေသည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • စိမ်းလန်းစိုပြေရေး သို့မဟုတ် ရေရှည်တည်တံ့ရေး အတိုးမဲ့ ငွေချေးစာချုပ်များ ထုတ်ရောင်းချမှုအတွက် နိုင်ငံလုံးဆိုင်ရာ လမ်းညွှန်ချက်များ သတ်မှတ်ထားရှိခြင်း။ စိမ်းလန်းစိုပြေရေး သို့မဟုတ် ရေရှည်တည်တံ့ရေး အတိုးမဲ့ ငွေချေးစာချုပ်များ ထုတ်ရောင်းချမှုအတွက် နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းဘောင်တစ်ခုထားရှိခြင်းသည် စမတ်စီးတီး စီမံကိန်းများကို ရန်ပုံငွေထောက်ပံ့ရန် ပုဂ္ဂလိကကဏ္ဍ ဘဏ္ဍာငွေကို အသုံးချရာတွင် ၎င်းငွေချေးစာချုပ်ကို အလားအလာကောင်းသောနည်းလမ်းတစ်ခုအဖြစ် ပြည်တွင်းအစိုးရအနေဖြင့် ရွေးချယ်အသုံးပြုစေရေး အားပေးတိုက်တွန်းရာ၌ အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်လျက်ရှိသည်။ ဤလမ်းညွှန်ချက်များသည် ငွေချေးစာချုပ်ထုတ်ရောင်းချသည့်လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်၊ စိမ်းလန်းစိုပြေဟန်ဆောင်မှုကို ကာကွယ်ရန် ကူညီရုံသာမက ယင်းသို့သော ရေရှည်တည်တံ့ရေး ရင်းနှီးမြှုပ်နှံမှုများအပေါ် အစိုးရ၏ အခိုင်အမာအားပေးထောက်ခံမှုကိုလည်း အချက်ပြလျက်ရှိသည်။ မလေးရှားနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံလုံးတွင် နိုင်ငံလုံးဆိုင်ရာ စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ် စံသတ်မှတ်ချက်များ၊ ဥပမာ – မလေးရှားနိုင်ငံ၏ ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု (SRI) အတိုးမဲ့ ငွေချေးစာချုပ်အခြေခံမူဘောင် (2014) နှင့် အင်ဒိုနီးရှားနိုင်ငံ၏ စိမ်းလန်းစိုပြေရေး ငွေချေးစာချုပ်နှင့် စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ် လုပ်ငန်းမူဘောင် (2017) တို့ကို မိတ်ဆက်ပေးပြီးဖြစ်သည်။
  • သတ်မှတ်ထားရှိသော အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးအလေ့အထများအတိုင်း လိုက်နာခြင်း။ စိမ်းလန်းစိုပြေရေး သို့မဟုတ် ရေရှည်တည်တံ့ရေးနှင့် ချိတ်ဆက်နေသည့် စီမံကိန်းများအတွက် ထုတ်ပြန်သော အတိုးမဲ့ ငွေချေးစာချုပ်သည် အပြည်ပြည်ဆိုင်ရာ ငွေအရင်းအနှီး ဈေးကွက်များ အဖွဲ့အစည်းနှင့် လန်ဒန် စတော့အိတ်ချိန်းအဖွဲ့တို့နှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် အစ္စလာမ် ဖွံ့ဖြိုးရေးဘဏ် (Islamic Development Bank) က ဖော်ဆောင်ထားသည့် GSSS အခြေခံမူများကဲ့သို့သော သတ်မှတ်ထားရှိသော အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးအလေ့အထများအတိုင်း လိုက်နာသင့်သည်။ ထိုသို့ပြုလုပ်ခြင်းက အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများထံမှ တောင်းဆိုမှုကို ဆွဲဆောင်ရာရောက်ပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ၏ မသေချာမရေရာမှုကို လျှော့ချပေးရာရောက်သည်။
  • အစ္စလာမ် ဘဏ္ဍာရေးအခြေခံမူများနှင့် လိုက်လျောညီထွေရှိသော တည်ဆဲ ဥပဒေရေးရာ လုပ်ငန်းဘောင်။ အတိုးမဲ့ ငွေချေးစာချုပ်များ (သို့မဟုတ် စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ်များ) ကို ထုတ်ရောင်းရာတွင် အစ္စလာမ် ဘဏ္ဍာငွေလွှဲပြောင်းမှုကိစ္စများ၏ တမူထူးခြားမှုနှင့် သီးခြားသဘာဝကြောင့် အစ္စလာမ် ဘဏ္ဍာရေး အခြေခံမူများနှင့် လိုက်လျောညီထွေရှိသော တည်ဆဲ ဥပဒေရေးရာ လုပ်ငန်းမူဘောင်သည် ကြိုတင်လိုအပ်ချက်တစ်ခုဖြစ်သည်။ အတိုး (riba) ယူခြင်းကို တားမြစ်ခြင်း၊ ကျင့်ဝတ်နှင့် လူမှုရေးအရ တာဝန်ယူသည့် အခြေခံမူများအတိုင်း လိုက်နာခြင်းနှင့် အမြတ်နှင့်အရှုံး မျှဝေကျခံရေး သဘောတူညီချက်ပေါ် အခြေပြု၍ အတိုးမဲ့ ငွေချေးစာချုပ်ကို တည်ဆောက်ခြင်းကဲ့သို့ အစ္စလာမ် ဘဏ္ဍာရေးကိစ္စ အဓိကအချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုလုပ်ငန်းမူဘောင်ကို လိုအပ်သည်။
  • စိတ်ဝင်စားမှုများရှိအောင် အားပေးမြှင့်တင်ရန် အပိုဆုကြေးများ။ စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ်များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေချေးစာချုပ်ထုတ်ရောင်းချမှုအတွက် ကုန်ကျစရိတ်ကို လျှော့ချရန် အစိုးရထောက်ပံ့ကြေးပေးခြင်း သို့မဟုတ် အခွန်လျှော့ချခြင်းကဲ့သို့သော မက်လုံးများကို အသုံးချခြင်းသည် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်လာမှုကို အားပေးနိုင်သည်။ ဥပမာအားဖြင့် မလေးရှားနိုင်ငံတွင် နိုင်ငံ၏ SRI အတိုးမဲ့ ငွေချေးစာချုပ် လုပ်ငန်းမူဘောင်အတိုင်း လိုက်နာသည့် စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ် ထုတ်ရောင်းချသူများသည် အခွန်လျှော့ချမှုများနှင့် အစိုးရထောက်ပံ့ကြေးများ ရရှိရန် သတ်မှတ်ချက်ပြည့်မီကြသည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • ထုတ်ရောင်းချမှုအတွက် ကန့်သတ်ချက်စံချိန်စံညွှန်းထားရှိခြင်းသည် စိန်ခေါ်မှုများ ဖြစ်စေနိုင်သည်။ အတိုးမဲ့ ငွေချေးစာချုပ်ကို ထုတ်ရောင်းချိန်တွင် Sharia အခြေခံစည်းမျဉ်းများအတိုင်း လိုက်နာခြင်းသည် ထုတ်ရောင်းသူအသစ်များအတွက် ခက်ခဲသည့် လေ့လာသင်ယူမှုဖြစ်နိုင်သည်။ အတိုးမဲ့ ငွေချေးစာချုပ်၏ သီးခြား စံချိန်စံညွှန်းများနှင့် ဖွဲ့စည်းတည်ဆောက်မှုက သုံးသပ်မှုစရိတ်၊ စီရင်မှုစရိတ်တို့ကြောင့် ကုန်ကျစရိတ်များကို အနည်းငယ် မြင့်မားစေနိုင်သည်။
  • အတိုးမဲ့ ငွေချေးစာချုပ်တွင် ရင်းနှီးမြှုပ်နှံသူများအတွက် အသေးစား ဒုတိယတန်း ဈေးကွက်။ အတိုးမဲ့ ငွေချေးစာချုပ်တွင် ရင်းနှီးမြှုပ်နှံသူ အရေအတွက် အကန့်အသတ်ရှိခြင်းကြောင့် စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ်အတွက် ဒုတိယတန်း ဈေးကွက်သည် သေးငယ်ဆဲဖြစ်သည်။ ရလဒ်အနေဖြင့် အခြား ရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းများသည် ငွေဖြစ်လွယ်သည့် ခိုင်မာသော ဒုတိယတန်းဈေးကွက်တစ်ခုကို ရှာဖွေလေ့ရှိကြသည့်အတွက် ၎င်းအပေါ် ယုံကြည်ချက်နှင့် စိတ်ဝင်စားမှုကို ဟန့်တားနေကြောင်း ပြသနေသည်။ ထုံးတမ်းစဉ်လာ ရင်းနှီးမြှုပ်နှံသူများထက် ကျော်လွန်၍ စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ်အပေါ် နားလည်သဘောပေါက်မှု အသိအမြင် မကြွယ်ဝခြင်းကလည်း ပိုကြီးမားသော ဈေးကွက်ငွေဖြစ်လွယ်မှုကို မွေးမြူရာတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်စေသည်။
  • အတိုးမဲ့ ငွေချေးစာချုပ်ကို ထုတ်ရောင်းရန်အတွက် သတ်မှတ်ချက်ပြည့်မီသော စီမံကိန်းများ ရှားပါးခြင်း။ အတိုးမဲ့ငွေချေးစာချုပ်ကို အရောင်းအဝယ်လုပ်ရာ၌ Sharia အခြေခံမူများနှင့် ကိုက်ညီစေရန် ပိုင်ဆိုင်ပစ္စည်းကို အခြေပြုရမည်။ အတိုးမဲ့ ငွေချေးစာချုပ်ကို ဖွဲ့စည်းတည်ဆောက်ရာတွင် ထိရောက်မှုရှိရန်အတွက် ထုတ်ရောင်းသူများသည် စိမ်းလန်းစိုပြေရေး သို့မဟုတ် ရေရှည်တည်တံ့ရေးနှင့် ချိတ်ဆက်နေသည့် ပိုင်ဆိုင်ပစ္စည်းများကို အသုံးပြုရန် ရွေးချယ်နိုင်သော်လည်း အရည်အချင်းပြည့်မီသော စီမံကိန်းများ ရှားပါးခြင်းကြောင့် ဤရည်ရွယ်ချက်အတွက် ပိုင်ဆိုင်ပစ္စည်းများကို ဖော်ထုတ်ရာတွင် သိသာထင်ရှားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်။ ဆောင်ရွက်ဆဲ စီမံကိန်းအခြေပြု စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ် ထုတ်ရောင်းချမှုသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ အိမ်ခြံမြေ စီမံကိန်းများအပေါ် အာရုံစိုက်လေ့ရှိကြပြီး ၎င်းတို့တွင် အစိုင်အခဲစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးနှင့် ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးအတွက် ရေရှည်တည်တံ့သော မြေယာအသုံးပြုမှုကဲ့သို့သော စီမံကိန်းများစွာကို ငွေကြေးထောက်ပံ့ရန် အလားအလာရှိသည်။
  • စံသတ်မှတ်ထားသည့် အဆင့်အတန်း ခွဲခြားသတ်မှတ်ချက်နှင့် စွမ်းဆောင်ရည် တိုင်းတာမှု မရှိခြင်း။ စိမ်းလန်းစိုပြေရေးဆိုင်ရာ ပိုင်ဆိုင်မှုများနှင့် စီမံကိန်းများကို အမျိုးအစားခွဲခြားသတ်မှတ်မှု မရှိခြင်းသည် စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ်များ ထုတ်ရောင်းချရေးအတွက် စိမ်းလန်းစိုပြေရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို စုစည်းခြင်းအား တားဆီးနိုင်သည်။ အလားတူပင် စိမ်းလန်းစိုပြေရေး အတိုးမဲ့ ငွေချေးစာချုပ်များအတွက် စံအဆင့် စွမ်းဆောင်ရည် တိုင်းတာမှုများ မရှိသောကြောင့် အဆိုပါ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုစာချုပ်များ၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု၊ ဘဏ္ဍာငွေပြန်ရမှုများကို အကဲဖြတ် နှိုင်းယှဉ်ရန် အခက်အခဲရှိနိုင်သည်။ ဤစိန်ခေါ်မှုသည် စာချုပ်အပေါ် ယုံကြည်မှုကို ဟန့်တားနိုင်ပြီး ၎င်းအား ကျယ်ပြန့်စွာအသုံးပြုမှုကို ကန့်သတ်နိုင်သည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • စိမ်းလန်းစိုပြေရေး သို့မဟုတ် ရေရှည်တည်တံ့ရေး စီမံကိန်းများအတွက် ဘဏ္ဍာငွေထောက်ပံ့မှုဆိုင်ရာ အစားထိုး ရွေးချယ်စရာ။ စိမ်းလန်းစိုပြေရေး သို့မဟုတ် ရေရှည်တည်တံ့ရေးနှင့် ချိတ်ဆက်နေသည့် အတိုးမဲ့ ငွေချေးစာချုပ်သည် မြို့တော်များအတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး လူမှုရေးအရ တာဝန်ယူမှုရှိသည့် စီမံကိန်းများကို ငွေထောက်ပံ့ပေးနိုင်စေရန် ရည်စူးထားသည့် အခြားရင်းမြစ်တစ်ခု ဖြစ်သည်။ ဤငွေချေးစာချုပ်များမှတစ်ဆင့် ငွေအရင်းအနှီးကို ရယူအသုံးပြုခြင်းအားဖြင့် မြို့တော်များသည် ဘဏ်ချေးငွေများကဲ့သို့ ထုံးတမ်းစဉ်လာ ဘဏ္ဍာငွေထောက်ပံ့ရေး နည်းလမ်းများကို အမှီမပြုဘဲ ၎င်းတို့၏ ရေရှည်တည်တံ့ရေးပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်ကြသည်။
  • ရေရှည်ရန်ပုံငွေထောက်ပံ့မှုဆိုင်ရာ ရွေးချယ်စရာ။ စိမ်းလန်းစိုပြေရေး အခြေခံအဆောက်အအုံ စီမံကိန်းများ၏ ငွေသားစီးဆင်းမှုသည် အလယ်အလတ်နှင့် ရေရှည် ငွေချေးစာချုပ်အရ ငွေပြန်ဆပ်ရမည့် အချိန်ဇယားများနှင့် ကိုက်ညီအတွက် အတိုးမဲ့ ငွေချေးစာချုပ်သည် ရေရှည်အတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနိုင်သည်။
  • အမျိုးအစားကွဲပြားသော ရင်းနှီးမြှုပ်နှံမှုလုပ်ရန် ရှာဖွေကြည့်ရှုသော ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသော အစားထိုးရင်းနှီးမြှုပ်နှံမှု။ ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်ကောင်းများရှိသော စိမ်းလန်းစိုပြေရေး သို့မဟုတ် ရေရှည်တည်တံ့ရေး အတိုးမဲ့ ငွေချေးစာချုပ်များသည် အမျိုးအစားကွဲများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှာဖွေကြည့်ရှုသော ရင်းနှီးမြှုပ်နှံသူများအတွက် တန်ဖိုးရှိသော ပိုင်ဆိုင်မှုများ ဖြစ်နိုင်သည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

Case Study

Scroll to Top