ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း/ ငွေတောင်းခံလွှာမှတစ်ဆင့် ပြန်ဆပ်ခြင်

ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း (OBF) သို့မဟုတ် ငွေတောင်းခံလွှာမှတစ်ဆင့် ပြန်ဆပ်ခြင်း (OBR) စီမံချက်များသည် လစဉ် ရေ/မီးအသုံးစိတ်ထဲတွင် ကုန်ကျစရိတ်ကို ထည့်ပေါင်းစေခြင်းဖြင့် (စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများကဲ့သို့) သုံးစွဲသူများအတွက် အသေးစား စွမ်းအင်ချွေတာရေး စီမံကိန်းများကို ဘဏ္ဍာငွေ ရှာဖွေနိုင်စေသည်။

Instrument Category

Other ınstruments ın the same Category

Relevant case study

အကြောင်းအရာဖော်ပြချက်

ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း (OBF) သို့မဟုတ် ငွေတောင်းခံလွှာမှတစ်ဆင့် ပြန်ဆပ်ခြင်း (OBR) စီမံချက်များသည် လစဉ် ​ရေ/မီးအသုံးစိတ်ထဲတွင် ကုန်ကျစရိတ်ကို ထည့်ပေါင်းစေခြင်းဖြင့် (စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများကဲ့သို့) သုံးစွဲသူများအတွက် အသေးစား စွမ်းအင်ချွေတာရေး စီမံကိန်းများကို ဘဏ္ဍာငွေ ရှာဖွေနိုင်စေသည်။ ဤအစီအစဉ်အောက်တွင် သုံးစွဲသူများသည် အသုံးစရိတ်အတွက် ကြိုတင်ငွေသွင်းရခြင်းမျိုးမရှိဘဲ စွမ်းအင်ချွေတာရေးပစ္စည်းကိရိယာများကို ဝယ်ယူကာ ကုန်ကျစရိတ်ကို အချိန်နှင့်အမျှ ပြန်လည်ပေးဆပ်ခြင်း လုပ်နိုင်သည်။ ရေ/မီးကဲ့သို့ အိမ်သုံးဝန်ဆောင်မှုများ သို့မဟုတ် တတိယအဖွဲ့အစည်းအဖြစ် ငွေထုတ်ချေးသူများ (ဥပမာ- ဘဏ္ဍာရေးအဖွဲ့အစည်းများ သို့မဟုတ် စွမ်းအင်သုံးစက်ကိရိယာ ကုမ္ပဏီ) သည် အဆင့်မြှင့်ရန်အတွက် လိုအပ်သော ငွေအရင်းအနှီးကုန်ကျစရိတ်ကို အရင်စိုက်ထုတ်ပေးသည်။ သုံးသူက ဤကုန်ကျစရိတ်ကို ၎င်းတို့၏ လစဉ် ရေ/မီးသုံးစွဲမှု ငွေတောင်းခံလွှာမှတစ်ဆင့် ပြန်ဆပ်သည်။

ပြန်ဆပ်ရသည့် ပုံစံသည် ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။ i) ရေ/မီးဝန်ဆောင်မှုပေးသူက စွမ်းအင် ချွေတာရေး အစီအမံများအတွက် ကုန်ကျစရိတ်ကို အရင်ပေးချေပေးပြီး တကယ်သုံးစွဲသူက အဆိုပါဝန်ဆောင်မှုအတွက် ကျသင့်ငွေကို ငွေတောင်းခံလွှာပေါ်တွင် ဖြည့်စွက်၍ ကောက်ခံသော အဖိုးအခပုံစံ၊ ii) သုံးစွဲသူ၏ လစဉ် ငွေတောင်းခံလွှာမှတစ်ဆင့် ချေးငွေပြန်ဆပ်သည့် ငွေတောင်းခံလွှာမှတစ်ဆင့် ချေးငွေ စီမံချက်ပုံစံ သို့မဟုတ် iii) တတိယအဖွဲ့အစည်းဖြစ်သည့် ငွေထုတ်ချေးသူထံ ပြန်ဆပ်နိုင်စေရန် နည်းလမ်းတစ်ခုအဖြစ် ရေ/မီးသုံးစွဲမှု ငွေတောင်းခံလွှာတွင် အကြောင်းအရာတစ်ခုစီအတွက် ဖြည့်စွက် ငွေတောင်းခံမှုပုံစံတို့ ဖြစ်သည်။

အချို့သော ကိစ္စရပ်များတွင် ငွေတောင်းခံလွှာမှတစ်ဆင့် ချေးငွေထုတ်ချေးသည့် စီမံချက်များ (on-bill schemes) ကို ‘ချိန်ညှိ ငွေတောင်းခံလွှာ ပမာဏ’ (bill neutrality) ရှိစေရန် ဖောင်ဆောင်ထားသည်။ အဆင့်မြှင့်ခြင်းဖြင့် ရရှိလာသည့် မျှော်မှန်း စွမ်းအင်ချွေတာပမာဏသည် လစဉ် ပြန်ဆပ်ရမည့်ပမာဏ သို့မဟုတ် လပေး အဖိုးအခအတွက် ပေးချေရန် လုံလောက်သည်။ တစ်ဆက်တည်းအနေဖြင့် သုံးစွဲသူသည် ထိုသို့အဆင့်မမြှင့်မီ ရေခမီးခထက် ပိုများခြင်းမျိုး မကြုံတွေ့ရပါ။ ငွေပြန်ဆပ်ရန်ကာလ ရောက်ရှိသည်နှင့် သုံးစွဲသူသည် စွမ်းအင်ချွေတာရေး အဆင့်မြှင့်လိုက်သည့်အတွက် ငွေတောင်းခံလွှာပေါ်၌ အမှန်တကယ်သက်သာသွားမည့် ပမာဏကို မြင်တွေ့ရမည်ဖြစ်သည်။

Description of on-bill repayment process. Available at: https://blogs.edf.org/energyexchange/2014/03/05/hawaii-taps-on-bill-repayment-program-for-cleanenergy-financing-and-job-creation/

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာမျာ

  • လစဉ် ရေ/မီး သုံးစွဲခများ ကောက်ခံနိုင်စွမ်း။ ရေ/မီးဝန်ဆောင်မှုသုံးစွဲခများသည် စီမံချက်အောင်မြင်ရေးအတွက် အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ရေ/မီးဝန်ဆောင်မှုကို ဖော်ဆောင်သူ သို့မဟုတ် ပံ့ပိုးသူများအနေဖြင့် ငွေတောင်းခံလွှာမှတစ်ဆင့် ပေးချေရေး စီမံချက်များ (on-bill schemes) အတွက် လစဉ် ရေ/မီးဝန်ဆောင်မှုသုံးစွဲခများကို ကောက်ခံနိုင်စွမ်းရှိရန် လိုအပ်ပါသည်။ ငွေတောင်းခံလွှာမှတစ်ဆင့် ပေးချေရေး စီမံချက်များသည် စွမ်းအင်ချွေတာရေး စီမံကိန်းများကို ဘဏ္ဍာငွေထောက်ပံ့ရန်နှင့် သီးခြား ငွေပေးချေမှုပုံစံများ ဖန်တီးရန်လိုအပ်ချက်ကို လျှော့ချရန်အတွက် ဖော်ဆောင်ပြီးသား ငွေတောင်းခံရေး လုပ်ငန်းစဉ်များကို အသုံးချပြီး အမြတ်ထုတ်စေနိုင်ကာ ပြန်ဆပ်လာသည့်ရန်ပုံငွေများစီးဆင်းမှုကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားရှိရန် လိုအပ်နိုင်သည်။
  • ရှင်းလင်းပြတ်သားသည့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းမူဘောင်။ ရေ/မီးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများက ကုန်ကျစရိတ်များကို ပြန်လည်ရယူနိုင်ပုံ၊ အဖိုးအခများ သတ်မှတ်နိုင်ပုံနှင့် ပြင်ပမှ ငွေထုတ်ချေးသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပုံဆိုင်ရာ ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်များသည် ငွေတောင်းခံလွှာမှတစ်ဆင့် ပေးချေရေး စီမံချက်များနှင့်သက်ဆိုင်သော တရားဝင် လုပ်ထုံးလုပ်နည်းဆိုင်ရာ လုပ်ငန်းမူဘောင်တစ်ခု တည်ထောင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့်အရာများဖြစ်သည်။ ထို့အပြင် သုံးစွဲသူအားငွေထုတ်ချေးခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ငွေတောင်းခံလွှာမှတစ်ဆင့် ပေးချေရေး အစီအစဉ်များ သတ်မှတ်ရာ၌ ၎င်းတို့၏ သက်ရောက်မှုအလားအလာများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။
  • အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားများကို ရယူသုံးစွဲခြင်း။ ငွေတောင်းခံမှုနှင့် ပတ်သက်ပြီး သဘောကွဲလွဲမှု၊ ချွေတာနိုင်မည့်စွမ်းအင်နှင့်ပတ်သက်၍ လက်ခံယူဆထားသည့်ပမာဏ ကွဲလွဲမှုများ သို့မဟုတ် စက်ပစ္စည်းစွမ်းဆောင်ရည်နှင့် ဆက်စပ်သည့် ပြဿနာများ ကဲ့သို့သော အကြောင်းရင်း အမျိုးမျိုးကြောင့် အငြင်းပွားမှုများ ပေါ်ထွန်းလာနိုင်သည်။ ယင်းသို့သော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားရှိခြင်းသည် ငွေတောင်းခံလွှာမှတစ်ဆင့် ကောက်ခံသည့် အစီအစဉ်များ၏ အောင်မြင်မှုအတွက် အရေးကြီးပါသည်။ သုံးစွဲသူများသည် အငြင်းပွားမှု ဖြေရှင်းချက် ယန္တရားကို ရယူသုံးစွဲခွင့်ရှိသင့်ပြီး ၎င်းတို့အနေဖြင့် သင့်လျော်ပြီး အချိန်မီဖြစ်သည့် အကူအညီများ ရရှိနိုင်သင့်သည်။

အလားအလာရှိသော စိန်ခေါ်မှုမျာ

  • စက်မှုလုပ်ငန်းတွင်း ပါဝင်လုပ်ကိုင်သူများအကြား OBF အစီအစဉ်များနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိခြင်း။ ရေ/မီးဝန်ဆောင်မှုပံ့ပိုးသူများအနေဖြင့် စီမံကိန်းအတွက် ဘဏ္ဍာငွေရယူရေးနှင့်ပတ်သက်၍ အတွေ့အကြုံအနည်းငယ်သာ ရှိတတ်သောကြောင့် OBF ပရိုဂရမ်များကို စီမံခန့်ခွဲရာတွင် ရုန်းကန်ရနိုင်သည်။ ငွေပြန်မဆပ်မှုများကို ကိုင်တွယ်ခြင်း၊ ငွေအရင်းအနှီး ရှာဖွေခြင်းနှင့် ရေ/မီးဝန်ဆောင်မှုကုမ္ပဏီများက ပံ့ပိုးမပေးသည့် လောင်စာကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်း အပါအဝင် ငွေတောင်းခံလွှာမှတစ်ဆင့် ကောက်ခံရေးအစီအစဉ်များတွင် ပါဝင်လုပ်ဆောင်ရန် ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ဆောင်ရမည်ဟူသော ခံယူချက်ကိုလည်း ရေ/မီးဝန်ဆောင်မှုပံ့ပိုးပေးသူများအနေဖြင့် ကျော်လွှားရန် လိုအပ်ပါသည်။ ဤစိန်ခေါ်မှုများက OBF အစီအစဉ်များတွင်း ပါဝင်လုပ်ဆောင်မှုကို ထိခိုက်စေနိုင်သည်။
  • ဥပဒေရေးရာနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများ။ ငွေတောင်းခံလွှာမှတစ်ဆင့် ကောက်ခံရေး စီမံချက်များကို အကောင်အထည်ဖော်ရာတွင် ရေ/မီးဝန်ဆောင်မှုပံ့ပိုးပေးသူများနှင့် သုံးစွဲသူများထံ ငွေထုတ်ချေးခြင်းဆိုင်ရာ တည်ဆဲစည်းမျဉ်းများကို နားလည်သိရှိရန်လုပ်ဆောင်ခြင်းသည် ရေ/မီးဝန်ဆောင်မှုပံ့ပိုးသူများနှင့် ငွေထုတ်ချေးသူများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေနိုင်ပြီး ၎င်းသည် အဆိုပါပရိုဂရမ်များ၏ လက်တွေ့ကျမှုကို ထိခိုက်စေနိုင်သည်။
  • ဖောက်သည်များကြား နားလည်မသိရှိခြင်း။ သုံးစွဲသူများကြား အသိအမြင် မြှင့်တင်ခြင်းသည် ပံ့ပိုးကူညီမှု ရရှိရန်နှင့် ငွေတောင်းခံလွှာမှတစ်ဆင့် ပေးချေရေး အစီအစဉ်များကို လက်ခံကျင့်သုံးရေးအတွက် အရေးကြီးပါသည်။ သုံးစွဲသူအများအပြားသည် OBF ၏ အကျိုးခံစားခွင့်များ သို့မဟုတ် ယန္တရားများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိနိုင်သည့်အတွက် စီမံချက်များ အောင်မြင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး စည်းရုံးမှုတစ်ခုမှာ အရေးကြီးပါသည်။ အကျိုးကျေးဇူးများ၊ ကုန်ကျစရိတ်ချွေတာနိုင်မည့် အလားအလာများနှင့် ငွေတောင်းခံလွှာမှတစ်ဆင့် ပြန်ဆပ်နိုင်သည့် အစီအစဉ်များ ရှိကြောင်း သုံးစွဲသူများကို အသိပေးခြင်းသည် စွမ်းအင်ချွေတာရေး စီမံကိန်းများတွင် ပါဝင်ရန်၊ အဆိုပါစီမံချက်များအပေါ် ယုံကြည်ချက်နှင့် ယုံကြည်မှု တည်ဆောက်ရန်နှင့် ပို၍ကျိုးကြောင်းသိရှိ ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် ဖောက်သည်များအား ကူညီနိုင်ပြီး နောက်ဆုံး၌ ပို၍ရေရှည်တည်တံ့သည့် စွမ်းအင်သုံးစွဲမှု အလေ့အထများကို မြှင့်တင်ပေးနိုင်သည်။

အလားအလာရှိသော အကျိုးအမြတ်မျာ

  • ရန်ပုံငွေ ထောက်ပံ့ခြင်းအတွက် ရှိပြီးသား သုံးစွဲသူဖောက်သည်ကို အခြေခံ၍ အသုံးချခြင်း။ OBF စီမံချက်များသည် စွမ်းအင်ချွေတာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် အစားထိုး ဘဏ္ဍာငွေရရှိရန်နည်းလမ်းများကို ပံ့ပိုးပေးရန်၊ ယင်းသို့သော စီမံကိန်းများကို ဘဏ္ဍာငွေထောက်ပံ့ရန်အတွက် အစားထိုးလမ်းကြောင်းတစ်ခု ဖွင့်ပေးရန်အတွက် ဖောက်သည်များ (ဥပမာ – စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ) နှင့် ၎င်းတို့အကြား လက်ရှိဆက်ဆံရေးကို အသုံးချနိုင်စေသည်။
  • ဝန်ဆောင်မှုအလုံအလောက်မရသည့် ဈေးကွက်များတွင်းရှိ စီမံကိန်းများကို ဘဏ္ဍာငွေထောက်ပံ့ရာတွင် ပြောင်းလွယ်ပြင်လွယ်ရှိခြင်း။ စွမ်းအင်ချွေတာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ကူညီပံ့ပိုးရန် OBF စီမံချက်များကို ဖွဲ့စည်းတည်ဆောက်ရာတွင် ပုံစံအမျိုးမျိုးရှိပါသည်။ ဥပမာအားဖြင့် သုံးစွဲသူများသည် ရေ/မီးဝန်ဆောင်မှုအတွက် ငွေတောင်းခံလွှာပေါ်တွင် လျော့သွားသည့်ပမာဏကို အသုံးပြု၍ စွမ်းအင်ချွေတာရေးအဆင့်မြှင့်တင်မှု ကုန်ကျစရိတ် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို ပြန်ပေးဆပ်နိုင်ကြသည်။ ဤသို့ပြောင်းလွယ်ပြင်လွယ်ရှိမှုကြောင့် OBF စီမံချက်များသည် ထုံးတမ်းစဉ်လာ ချေးငွေကန့်သတ်ချက်ရှိသည့် စျေးကွက်များကို စီမံကိန်းအတွက် ဘဏ္ဍာငွေ ရှာဖွေခြင်း ကူညီပေးနိုင်သည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်မျာ

  • Renonbill (2020)။ ငွေတောင်းခံလွှာမှတစ်ဆင့် ပေးချေစေသည့် အဆောက်အအုံသုံး စွမ်းအင် ပြန်လည်မွမ်းမံရေးအစီအစဉ်များအပေါ် ခြုံငုံသုံးသပ်ချက်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://ec.europa.eu/research/participants/documents/downloadPublic?documentIds=080166e5caeffd7a&appId=PPGMS
  • BASE (2020)။ စိမ်းလန်းစိုပြေရေး ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်းဗဟုသုတ အကျဉ်းချုပ်အတွဲ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://energy-base.org/wp-content/uploads/2020/03/Knowledge-Brief-Green-On-Bill.pdf
  • Center for Climate and Energy Solutions (2013). ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း။ စွမ်းအင်ထိရောက်မှုကို အားပေးခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.c2es.org/wp-content/uploads/2013/08/on-bill-financing.pdf
  • စွမ်းအင်ချွေတာရေး စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အမေရိကန်ကောင်စီ (American Council for an Energy-Efficiency Economy, 2011). စွမ်းအင်ချွေတာနိုင်ရေး အဆင့်မြှင့်ရန်အတွက် ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း- လက်ရှိပရိုဂရမ်၏ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် အကောင်းဆုံး လုပ်ထုံးများအပေါ် စိစစ်သုံးသပ်မှု။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.aceee.org/sites/default/files/publications/researchreports/e118.pdf
  • အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asian Development Bank) (2023)။ ရာသီဥတုနှင့် လိုက်ဖက်သင့်လျော်သည့် အအေးပေးမှုပုံစံကို မြို့တော်တစ်ခွင်အကောင်အထည်ဖော်နိုင်ရေး ဘဏ္ဍာငွေထောက်ပံ့ခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်-https://www.adb.org/sites/default/files/publication/872166/eawp-061-climate-friendly-cooling-city-scale.pdf

Case Study

Scroll to Top