နိုင်ငံတော်အစိုးရ၏ ခွဲဝေရန်ပုံငွေ

နိုင်ငံတော်အစိုးရ၏ ခွဲဝေရန်ပုံငွေဆိုသည်မှာ စမတ်စီးတီး စီမံကိန်းတစ်ခု ဖော်ဆောင်ရေးအတွက် နိုင်ငံတော် သို့မဟုတ် ပြည်နယ်ဘတ်ဂျက်များမှ ရန်ပုံငွေခွဲတမ်းဖြစ်ပြီး အာဆီယံရှိ စမတ်စီးတီး စီမံကိန်းများအတွက် အသုံးအများဆုံး ရန်ပုံငွေပုံစံ ဖြစ်သည်။

အကြောင်းအရာဖော်ပြချက်

၎င်းသည် စမတ်စီးတီး စီမံကိန်းတစ်ခု ဖော်ဆောင်ရေးအတွက် နိုင်ငံတော် သို့မဟုတ် ပြည်နယ်ဘတ်ဂျက်များမှ ရန်ပုံငွေခွဲတမ်းဖြစ်ပြီး အာဆီယံရှိ စမတ်စီးတီး စီမံကိန်းများအတွက် အသုံးအများဆုံး ရန်ပုံငွေပုံစံ ဖြစ်သည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • ခိုင်မာပြီး ပွင့်လင်းမြင်သာသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့်အခြေခံအဆောက်အအုံ အုပ်ချုပ်မှုစနစ်များ ပြည်သူများအတွက်အသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှု၏ ထိရောက်မှုနှင့် ခိုင်မာမှုကို မြှင့်တင်ရန် နယ်ပယ်များစွာရှိသည့်အနက် ဘတ်ဂျက်ရေးဆွဲခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် စီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို ပြသသည့် ခိုင်မာသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်မှာ အရေးကြီးပါသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ သုတေသနပြုချက်များအရ နိုင်ငံတစ်နိုင်ငံသည် ၎င်း၏ ပြည်သူလူထုအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များတွင် ထိရောက်မှုမရှိခြင်းကြောင့် ၎င်း၏ ပြည်သူများအတွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုး၏ 30% အထိ ဆုံးရှုံးရပြီး ယင်းဆုံးရှုံးမှုများ၏ ထက်ဝက်နီးပါးကို ပိုမိုခိုင်မာသော အခြေခံအဆောက်အအုံ အုပ်ချုပ်မှုစနစ်ဖြင့် ပြုပြင်နိုင်သည်ဟု ဆိုသည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • စမတ်စီးတီး စီမံကိန်းများသည် နိုင်ငံတော်၏ ဦးစားပေးမှုများနှင့်အမြဲတမ်းမကိုက်ညီပါ. စမတ်စီးတီးစီမံကိန်းများသည် လက်ရှိ နိုင်ငံတော် သို့မဟုတ် ပြည်နယ်၏ ဘတ်ဂျက် ဦးစားပေးမှုများနှင့် မကိုက်ညီနိုင်သောကြောင့် သီးခြား အသုံးချမှုနယ်ပယ်များတွင် လိုအပ်သော ရန်ပုံငွေ ထောက်ပံ့ခြင်းကို မရရှိတတ်ကြပါ။ ဥပမာအားဖြင့် စမတ်စီးတီးစီမံကိန်းတစ်ခုသည် ကျန်းမာရေးစောင့်ရှောက်မှုတွင် အဓိက ရင်းနှီးမြှုပ်နှံမှု လိုအပ်နိုင်သော်လည်း ဘတ်ဂျက်ရေးဆွဲခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းနှင့် လုပ်ငန်းပြီးစီးမှုကို စာရင်းစစ်ဆေးခြင်းဟူသော (budget cycle) အရ နိုင်ငံတော်အစိုးရ၏ ဦးစားပေးအစီအစဉ်များသည် နိုင်ငံတစ်ဝန်းရှိ ပိုမိုကျယ်ပြန့်သော အခြေခံအဆောက်အအုံ လိုအပ်ချက်များ (ဥပမာ သယ်ယူပို့ဆောင်ရေး) ကို အလေးထား ရွေးချယ်နိုင်ပြီး မြို့တော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းများအတွက် ရန်ပုံငွေရရှိရန် ခက်ခဲမည်ဖြစ်သည်။ စမတ်စီးတီး စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှု ရရှိရေးသည် စမတ်စီးတီးဆိုင်ရာ အမျိုးသားမူဝါဒ မရှိသော မြို့များအတွက် ပို၍ပင် စိန်ခေါ်မှုဖြစ်ဖွယ် ရှိသောကြောင့် အစိုးရဘတ်ဂျက်ရ စမတ်စီးတီး စီမံကိန်းများမှ ရန်ပုံငွေများကို ခွဲဝေချထား ပေးရန် နိုင်ငံတော်အဆင့်တွင် လုပ်ပိုင်ခွင့်မရှိပါ။
  • ရန်ပုံငွေပမာဏအားဖြင့် အကန့်အသတ်များရှိပြီး ရင်းမြစ်များကိုအသုံးချရန် ဦးစားပေးလုပ်ရမည့် အပြိုင်အဆိုင်များကိစ္စများလည်း ရှိနေသည်။ . အထူးသဖြင့် အစိုးရတွင် ငွေကြေးထောက်ပံ့ပေးရန်လိုအပ်နေသည့် အခြား အခြေခံအဆောက်အအုံများ ရှိသောအခါတွင် ရရှိနိုင်သော ငွေကြေး ထောက်ပံ့မှု ပမာဏသည် စမတ်စီးတီး စီမံကိန်းလိုအပ်ချက်များအတွက် မလုံလောက်နိုင်ပါ။
  • ရှုပ်ထွေးသော သို့မဟုတ် တင်းကြပ်သော ဘတ်ဂျက်ရေးဆွဲမှု လုပ်ငန်းစဉ်များသည်ရန်ပုံငွေ ထောက်ပံ့ခြင်းကို နှောင့်နှေးစေနိုင်သည်။ .ဘတ်ဂျက်ခွင့်ပြုမှု လုပ်ငန်းစဉ်သည် ရှည်လျား၍ ရှုပ်ထွေးနိုင်ပြီး နိုင်ငံတော်နှင့် ဒေသဆိုင်ရာ အဆင့်များတွင် အစိုးရဌာန အများအပြား၏ သဘောတူညီချက် လိုအပ်သည်။ ထိုလိုအပ်ချက်ကြောင့် စီမံကိန်းစတင်ရန် နှောင့်နှေးမှုများ ဖြစ်ပေါ်နိုင်ပြီး ကန်ထရိုက်များနှင့် ဝန်ထမ်းများအား ငွေပေးချေမှုကိုလည်း နှောင့်နှေးစေနိုင်သည်။ ထို့အပြင် နိုင်ငံတော် အစိုးရများသည် မူလက အတည်ပြုထားသော အစီအစဉ်များမှ သွေဖည်သွားသည့်အခါ (ဥပမာ နယ်ပယ်အသစ်တစ်ခု ထပ်ထည့်ခြင်း သို့မဟုတ် အသုံးပြုထားသော နည်းပညာအမျိုးအစားကို ပြောင်းလဲခြင်း) ချထားပေးသည့် ဘတ်ဂျက်သုံးစွဲမှုအပေါ် ကန့်သတ်ချက်များဖြစ်စေသော သတိပေးချက်များကို ရန်ပုံငွေထောက်ပံ့မှု သဘောတူညီချက်များတွင် ထည့်သွင်းလာနိုင်သည်။ ထိုကန့်သတ်ချက်များသည် ရန်ပုံငွေကို ထုတ်ယူရာတွင် နှောင့်နှေးခြင်းများ သို့မဟုတ် စီမံကိန်းကို လုပ်ဆောင်ရာတွင် ကြီးမားသော အဆင်မပြေမှုများကို ဖြစ်ပေါ်စေနိုင်သည်။
  • အစိုးရကဏ္ဍတွင် စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲနိုင်စွမ်းမရှိခြင်း။ စမတ်စီးတီး စီမံကိန်းများသည် ရှုပ်ထွေးမှုရှိပြီး မတူညီသောဌာနများ သို့မဟုတ် ကဏ္ဍများအကြားတွင် ဥဒဟို ဖြတ်သန်းသွားလာရမည်ဖြစ်သဖြင့် အစိုးရတာဝန်ရှိသူများတွင် စီမံကိန်းအား အစီအစဉ်ဆွဲပြီး စီမံခန့်ခွဲနိုင်ရန် ခိုင်မာသော နည်းပညာ၊ ဥပဒေနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုများရှိရန် လိုအပ်သည်။ ဒီဇိုင်းရေးဆွဲရာတွင် စနစ်မကျခြင်း၊ စီမံခန့်ခွဲမှု မကောင်းခြင်းကြောင့် စီမံကိန်းစရိတ်များ ပိုမိုကုန်ကျခြင်း သို့မဟုတ် အပြီးမသတ်နိုင်ခြင်းတို့ ဖြစ်စေနိုင်သည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • လိုအပ်သော ရန်ပုံငွေ ထောက်ပံ့ခြင်း ရရှိရန် ရိုးရှင်းသောလမ်းကြောင်းတစ်ခု။ အစိုးရ၏ထောက်ပံ့မှုကို ရရှိနိုင်ပြီး သိသာထင်ရှားသော မူဝါဒဆိုင်ရာ အတားအဆီးများမရှိဘဲ ပြုလုပ်နိုင်ပါက ဤလမ်းကြောင်းသည် စမတ်စီးတီး စီမံကိန်းများကို ပံ့ပိုးရာတွင် လျင်မြန်ပြီး ရိုးရှင်းသော နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

Case Study

Scroll to Top