စည်ပင်ငွေချေးစာချုပ်

စည်ပင်ငွေချေးစာချုပ်ဆိုသည်မှာ ကျောင်းများ၊ လမ်းများ၊ မိလ္လာပိုက်များ၊ ဆေးရုံများ သို့မဟုတ် အခြားရပ်ရွာလိုအပ်ချက်များကဲ့သို့ အစိုးရစီမံကိန်းများအတွက် ရန်ပုံငွေရှာဖွေရန် ပြည်နယ် သို့မဟုတ် ဒေသန္တရအစိုးရတစ်ရပ်က ထုတ်ပေးသော ငွေချေးစာချုပ်ဖြစ်သည်။

Instrument Category

Other ınstruments ın the same Category

Relevant case study

အကြောင်းအရာဖော်ပြချက်

စည်ပင်ငွေချေးစာချုပ်ဆိုသည်မှာ ကျောင်း၊ လမ်း၊ မိလ္လာစနစ်၊ ဆေးရုံ၊ သို့မဟုတ် အခြား လူမှုပတ်ဝန်းကျင်လိုအပ်ချက်များကဲ့သို့သော အစိုးရ စီမံကိန်းများအတွက် ရန်ပုံငွေမတည်ရန် နိုင်ငံ သို့မဟုတ် ဒေသတွင်း အစိုးရ(မြို့တော်များ၊ မြို့များ၊ ရွာများ၊ ခရိုင်များ စသဖြင့်အပါအဝင်) မှ ထုတ်သည့် စာချုပ်တစ်ခုဖြစ်သည်။ စည်ပင်သာယာအဖွဲ့အစည်း (‘ထုတ်ပေးသူ’ သို့မဟုတ် ‘ချေးယူသူ’) သည် ရင်းနှီးမြှုပ်နှံသူများ (‘ငွေချေးစာချုပ်ဝယ်သူများ’) ထံမှ ချေးငွေရယူရန် စာချုပ်တစ်ခုကို ရောင်းပြီး အများပြည်သူအကျိုးစီးပွားအတွက်ဖြစ်သည့် စီမံကိန်းတစ်ခုတွင် ဘဏ္ဍာရေးထောက်ပံ့ရန် ဆက်လက်အသုံးပြုသည်။ စည်ပင်သာယာရေး ငွေချေးစာချုပ်များ၏ သက်တမ်းမှာ နှစ်လမှ နှစ် 30 သို့မဟုတ် ထိုထက်မက ရှိတတ်ပြီး သက်တမ်းကြာလေလေ ပြည်သူပိုင်ပစ္စည်းများ၏ အသုံးဝင်မှုသက်တမ်းကို ထင်ဟပ်မှုရှိလေ ဖြစ်သည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • ငွေချေးရန် တည်ဆဲ ဥပဒေမူဘောင်။ စည်ပင်သာယာရေး ငွေချေးစာချုပ်များထုတ်ရောင်းချရေးနှင့်ဆိုင်သည့် တရားဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို စာချုပ်မထုတ်မီ ပြုစုအတည်ပြုပြီး ဖြစ်ရမည်။ စည်းမျဉ်းဘောင်နှင့် လုပ်ထုံးလုပ်နည်းများတွင် ချေးငွေသည် မည်မျှ လုံခြုံမှုရှိသည်၊ စည်ပင်သာယာမှ အသုံးပြုနိုင်သည့် လုံခြုံမှုအမျိုးအစား၊ စာချုပ်ကို ဝယ်ယူနိုင်သည့်ငွေကြေးအမျိုးအစားနှင့် ပျက်ကွက်မှုတစ်ခုခုဖြစ်ပေါ်လျှင် ချေးငှားသူကို အကာအကွယ်ပေးမည့် ကုစားမှု စသည်ဖြင့် အသေးစိတ်ပါဝင်သင့်သည်။
  • အကောင်းဘက်သို့ဦးတည်သည့် ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်။ ထောက်ခံမှုရှိသည့် ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်သည် စည်ပင်ငွေချေးစာချုပ်တစ်ခုအတွက် ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။ ၎င်းသည် ငွေချေးစာချုပ်ထုတ်သူသည် ၎င်း၏ တာဝန်ကို ကျေပွန်မှုရှိသည့် အသိအမှတ်ပြုလောက်စရာ မှတ်တမ်းမှတ်ရာရှိပြီး၊ ဘဏ္ဍာရေးကောင်းမွန်သည့်အခြေအနေနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်နင်းမှုကို ထိန်းသိမ်းထားနိုင်ကြောင်း ရင်းနှီးမြှုပ်နှံရန်အလားအလာရှိသူများကို ပြသနိုင်သည်။
  • ရောင်းရသည့် ငွေချေးစာချုပ်ကို ရှင်းလင်းစွာအသုံးချခြင်း။ အခြေခံအဆောက်အအုံဖွံ့ဖြိုးတည်ဆောက်ရေး၊ ကျောင်း၊ ဆေးရုံစသည်ကဲ့သို့သော ကောင်းစွာသတ်မှတ်ထားသည့် လိုအပ်သည့် စီမံကိန်းများသည် အများပြည်သူအကျိုးအမြတ်အတွက်ရည်ရွယ်ပြီး ရောင်းချရသည့် စာချုပ်များကို စည်ပင်သာယာက လိုက်နာ အသုံးပြုကြောင်းကို သရုပ်ပြရာတွင် အကူအညီပေးနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှုကိုလည်း တိုးလာစေနိုင်သည်။ စီမံကိန်း၏ ရည်ရွယ်ချက်နှင့်ထွက်ပေါ်လာမည့်ရလဒ်များကို ရှင်းရှင်းလင်းလင်း တည်ဆောက်ပြသနိုင်ရန် အရေးကြီးသည်။
  • ဈေးကွက်တွင်းမျှတစေရန် အားထုတ်ခြင်း။ စည်ပင်သာယာရေး ငွေချေးစာချုပ်များမထုတ်မီ ဈေးကွက်အကျိုးခံစားခွင့်ရရှိစေခြင်းသည် ဝယ်လိုအားကို တိုင်းတာရန် ခိုင်မာသည့် လုပ်နည်းကိုင်နည်းတစ်ခုဖြစ်သည်။ ဗဟိုအစိုးရငွေချေးစာချုပ်ထုတ်ပေးခြင်းကဲ့သို့သော ဆွဲဆောင်မှုရှိသည့် ကမ်းလှမ်းချက်များဖော်ဆောင်ခြင်းသည် ဈေးကွက်တွင်းဝယ်လိုအားတွင် တန်ဖိုးရှိမှုကို ပြသနိုင်ပါသည်။ ထို့ပြင် မျှတမှုရှိစေရန်အားထုတ်ဆောင်ရွက်ခြင်းသည် ဒေသတွင်းအစိုးရသည် ငွေချေးစာချုပ်တစ်ခုကို ထုတ်ပြန်ရန် ကြိုးစားသော်လည်း ဗျူရိုကရက်တစ်ဆိုင်ရာ စိန်ခေါ်မှုများကြောင့် မအောင်မြင်ခဲ့ရကြောင်းကို သက်သေပြရာတွင်လည်း အကူအညီပေးရာရောက်ပါသည်။
  • စာချုပ်များ၏ ဆွဲဆောင်မှုကို တိုးစေမည့် မက်လုံးများ။ အာမခံချက်များပါရှိသည့် စာချုပ်များကို အသုံးပြုခြင်းသည် သိရှိထားသည့် စိုးရိမ်စရာများကိုလျော့ကျစေခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ငွေချေးစာချုပ်များ၏ ဆွဲဆောင်နိုင်မှုကို တိုးတက်စေပါသည်။ စည်ပင်သာယာရေး ငွေချေးစာချုပ်များမှရရှိသည့် ဝင်ငွေအပေါ် အခွန်အခကင်းလွတ်ခွင့်ပြုခြင်းများသည်လည်း စည်ပင်ငွေချေးစာချုပ်၏ ဆွဲဆောင်နိုင်မှုကို တိုးတက်စေမည့် မက်လုံးတစ်ခုဖြစ်ပါသည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • ဒေသန္တရအစိုးရတွင် အတွေ့အကြုံနည်းခြင်း။ ငွေချေးစာချုပ်များချုပ်ဆိုခြင်း၏ ရှုပ်ထွေးမှုများကို ဖြေရှင်းရာတွင် ဒေသန္တရအစိုးရတွင် အတွေ့အကြုံကန့်သတ်ချက်ရှိကောင်းရှိနိုင်ပါသည်။ စည်ပင်ငွေချေးစာချုပ်ထုတ်ရောင်းချခြင်းများမှာ မည်သည့်အန္တရာယ်မျှမရှိသည် မဟုတ်ပါ၊ အထူးသဖြင့် အစိုးရအနေဖြင့် စာချုပ်အရ ၎င်းတို့တွင် တာဝန်ရှိသည့်အတိုင်း အတိုးနှင့်မူလချေးငွေကို အစိုးရမှပေးနိုင်ခြင်း မရှိသည်မျိုးဖြစ်သည်။ အကယ်၍ အဆိုပါဘေးအန္တရာယ်များကို ကောင်းစွာ ကြိုတင်ခန့်မှန်းမှု သို့မဟုတ် သင့်လျော်စွာ စီမံခန့်ခွဲမှု မရှိပါက ငွေချေးစာချုပ်တစ်ခု ထုတ်ရောင်းချခြင်းသည် အနာဂတ်တွင် ဒေသန္တရအစိုးရ၏ ဘဏ္ဍာရေးအခြေအနေများကို ထိခိုက်စေနိုင်သည်။
  • လုပ်ထုံးလုပ်နည်းဆိုင်ရာမသေချာမှု။ စည်ပင်သာယာကော်ပိုရေးရှင်းများအတွက် ငွေချေးစာချုပ်ချုပ်ဆိုခြင်းတွင် ရှင်းလင်းသည့် လမ်းညွှန်ချက်များမရှိခြင်း၊ သို့မဟုတ် ကြွေးမြီနှင့် ရန်ပုံငွေအငှားချခြင်းတို့ကို ဒေသန္တရအစိုးရ၏ ဆောင်ရွက်နိုင်မှုတွင် ဖြစ်နိုင်ဖွယ်ရှိသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာအပြောင်းအလဲများသည် နည်းမှန်လမ်းမှန်ဖြင့် ငွေချေးစာချုပ် စီစဉ်ခြင်းနှင့် ထုတ်ရောင်းချပေးခြင်းတို့ကို သက်ရောက်မှုများရှိနိုင်ပါသည်။
  • ထုတ်ရောင်းချမှုစရိတ် မြင့်မားခြင်း။ စည်ပင်သာယာရေး ငွေချေးစာချုပ်များထုတ်ရောင်းချပေးရာတွင် ထိုစာချုပ်များကိုထုတ်သည့် ​ဒေသန္တရအစိုးရမှ ထောက်ပံ့စရိတ်များထုတ်ပေးရန်လိုအပ်ပါသည်။ စီမံခန့်ခွဲစရိတ်၊ အာမခံစရိတ်၊ တရားရေးရာအကျိုးဆောင်၊ ဘဏ္ဍာရေးအကြံပေး၊ အဆင့်သတ်မှတ်သည့်အေဂျင်စီ၊ ဆောင်ရွက်ခ စသည်တို့ကဲ့သို့သော စရိတ်များဖြစ်သည်။ အစိုးရအနေဖြင့် စာချုပ်ရန်ပုံငွေများကို စီမံခန့်ခွဲရန်အတွက် ဘတ်ဂျက်ချပေးရန်လည်း လိုအပ်ပါသည်။
  • ပြည်ပဈေးကွက်မှဝင်ရောက်မှုများကို ကန့်သတ်သည့် မူဝါဒများ။ ဒေသတွင်းငွေကြေးဖြင့် သီးသန့်ထုတ်ပေးသည့် ကြွေးမြီ(ငွေချေးစာချုပ်) ထုတ်ရောင်းချမှုအတွက် ပြဌာန်းသည့် မူဝါဒများသည် ​ဒေသတွင်းငွေကြေးဖြင့်ချုပ်ဆိုခြင်းမဟုတ်သော ငွေချေးစာချုပ်များနှင့် ဈေးကွက် ဦးစားပေးမှုတွင် ကွဲလွဲမှုများရှိနိုင်ပါသည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • စည်ပင်သာယာရေး ငွေချေးစာချုပ်များသည် နှစ်ရှည်ဘဏ္ဍာရေးရာရွေးချယ်စရာကို ပေးနိုင်သည်။ စည်ပင်သာယာရေး ငွေချေးစာချုပ်များသည် ဘဏ္ဍာသုံးစွဲထားသည့် ပစ္စည်းများ၏ အသုံးဝင်မှုသက်တမ်းနှင့် ကိုက်ညှိထားသည့် ပြန်လည်ပေးချေမှုအစီအစဉ်ဖြင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် နှစ်ရှည်ဘဏ္ဍာရေးရာ​ရွေးချယ်စရာကို ဒေသတွင်းအစိုးရများကို ပေးနိုင်သောကြောင့် ကာလတိုရန်ပုံငွေအတွက် အဖြေရှာရသည့် လိုအပ်ချက်ကို ရှောင်ရှားနိုင်သည်။
  • ကြီးမားသည့် စီမံကိန်းများအတွက် ငွေအရင်းအနှီး ကောက်ခံနိုင်စွမ်း။ စည်ပင်သာယာရေး ငွေချေးစာချုပ်များသည် နိုင်ငံတော် ဘတ်ဂျက်မှတိုက်ရိုက်ကျခံရမည်ဆိုလျှင် အခက်အခဲဖြစ်နိုင်သည့် အရေးကြီး အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ရန်ပုံငွေမတည်ရေး ငွေလုံးငွေရင်းကို တိုးမြှင့်ရန် ဒေသတွင်းအစိုးရများကို ခွင့်ပြုပေးနိုင်သည်။
  • ငွေချေးစာချုပ်မှ ရရှိသောငွေများကို စီမံကိန်းအမျိုးမျိုးအတွက် ရန်ပုံငွေထောက်ပံ့ရာတွင် အသုံးပြုနိုင်သည်။ စည်ပင်သာယာရေး ငွေချေးစာချုပ်များကို ကျောင်း၊ အများပြည်သူသွားလာရေး၊ လမ်းတံတား၊ ဆေးရုံ၊ ရေနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များကဲ့သို့သော အရေးကြီးသည့် လူမှုပတ်ဝန်းကျင်လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အထောက်အကူဖြစ်သည့် စီမံကိန်းအမြောက်အများအတွက် ရန်ပုံငွေ မတည်ရန် ထုတ်ပေးနိုင်သည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  • စီးပွားရေး ကော်ပိုရေးရှင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများ(2015)။ အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာငွေရှာဖွေရေး နည်းလမ်းများနှင့် မက်လုံးများ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- oecd.org/finance/private-pensions/Infrastructure-Financing-Instruments-and-Incentives.pdf
  • ရာသီဥတုဆိုင်ရာ မူဝါဒ စီမံကိန်း (2021)။ အင်ဒိုနီးရှားနိုင်ငံတွင် ပြန်လည်သုံးစွဲနိုင်သည့် စွမ်းအင်အတွက် ဘဏ္ဍာရေးရာ အရှိန်မြှင့်တင်ခြင်း- စည်ပင် စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များ၏ အလားအလာ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.climatepolicyinitiative.org/wp-content/uploads/2021/07/The-potential-of-municipal-green-bonds.pdf
  • US Securities Exchange Commission (n.d.). စည်ပင်သာယာရေး ငွေချေးစာချုပ်များသည်မှာ အဘယ်နည်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.sec.gov/munied

Case Study

Scroll to Top