စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ

စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (GIF) ဆိုသည်မှာ ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရေးနှင့် အဓွန့်ရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် အားပေးမြှင့်တင်ရေးတို့ကို အလေးပေးသည့် စီမံကိန်းများနှင့် ကုမ္ပဏီများအတွက် အရင်းအနှီး ရရှိစေရန် စီမံထားသည့် ငွေကြေးစီမံမှုစနစ် ဖြစ်သည်။

Instrument Category

Other ınstruments ın the same Category

Relevant case study

အကြောင်းအရာဖော်ပြချက်

စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (GIF) ဆိုသည်မှာ ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အဓွန့်ရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန် အားပေးမြှင့်တင်ရေးတို့ကို အလေးပေးသည့် စီမံကိန်းများနှင့် ကုမ္ပဏီများအတွက် အရင်းအနှီး ရရှိစေရန် စီမံထားသည့် ငွေကြေးစီမံမှုစနစ် ဖြစ်သည်။ စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများသည် ထောက်ပံ့ငွေများ၊ ချေးငွေများ၊ အစုရှယ်ယာ ရင်းနှီးမြှုပ်နှံခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်း အပါအဝင် အရင်းအနှီးအမျိုးမျိုးကို ရယူသုံးစွဲနိုင်သည်။ အချို့ထင်ရှားသော ဥပမာများတွင် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ထံမှ အာဆီယံနိုင်ငံများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် ရန်ပုံငွေ (ACGF)၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေနှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေ (GEF) တို့ ပါဝင်သည်။ ပုံမှန်အားဖြင့် ဤရန်ပုံငွေများသည် ခေတ်မီဓာတ်အားဖြန့်ဖြူးရေးစနစ်များနှင့် စွမ်းအင်စနစ်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး၊ ရေနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် စိမ်းလန်းစိုပြေရေး အဆောက်အအုံများကဲ့သို့သော သဘာဝပတ်ဝန်းကျင်၊ လူမှုရေး သို့မဟုတ် အုပ်ချုပ်မှု (ESG) အကျိုးသက်ရောက်မှုရှိသည့် စီမံကိန်းများကို အဓိကထား၍ ထောက်ပံ့သည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ  

  • ရန်ပုံငွေ ရည်မှန်းချက်များနှင့် ကိုက်ညီမှု။. ရန်ပုံငွေရှာဖွေသည့် စီမံကိန်းများသည် ရန်ပုံငွေတစ်ခုစီ၏ သီးခြားရည်မှန်းချက်များ၊ ဦးစားပေးအစီအစဉ်များနှင့် အသေးစိတ် ကိုက်ညီရမည်ဖြစ်သည်။ ၎င်းတွင် ရန်ပုံငွေ၏ အဓိကနေရာများ၊ အဓိက အာရုံထားရာ ဒေသများနှင့် ရည်ရွယ်ထားသော ရလဒ်များကို စေ့စေ့စပ်စပ် သဘောပေါက် နားလည်ခြင်းတို့ ပါဝင်သည်။
  • လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု။ စီမံကိန်းများသည် အလုပ်အကိုင်ဖန်တီးမှု၊ ဝန်ဆောင်မှုများလက်လှမ်းမီမှု၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည် မြှင့်တင်ပေးခြင်းစသည့် ရှင်းလင်းသော လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ထင်ရှားစွာ ပြသသင့်သည်။ စိမ်းလန်းစိုပြေရေးရန်ပုံငွေများ (GIF များ) သည် ကောင်းမွန်သော လူမှုစီးပွားရေးဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု နှစ်ခုလုံးရှိသည့် စီမံကိန်းများကို မကြာခဏ ဦးစားပေးပါသည်။
  • ဘဏ္ဍာရေးအလားအလာနှင့် ရေရှည်တည်တံ့မှု။ အဆိုပြုချက်များတွင် ကုန်ကျစရိတ်ခန့်မှန်းချက်၊ ပူးတွဲ ဘဏ္ဍာငွေ ရရှိရန်ရင်းမြစ်များ၊ ဝင်ငွေရရှိစေမည့်ယန္တရားများနှင့် ရန်ပုံငွေကာလကျော်လွန်၍ ရေရှည်တည်တံ့နိုင်စေရေး နည်းလမ်းများ ပါဝင်သည့် ရှင်းလင်းသော ဘဏ္ဍာရေးအစီအစဉ်ကို အကြမ်းဖျင်းဖော်ပြသင့်သည်။ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် စီမံကိန်းဆက်လက်လည်ပတ်စေရန်အတွက် ဘဏ္ဍာရေးအလားအလာသည် အရေးကြီးပါသည်။

အလားအလာရှိသော စိန်ခေါ်မှုများ  

  • ရန်ပုံငွေရရှိရေးသည် များသောအားဖြင့် အပြိုင်အဆိုင်များသည်။ စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှု၊ ငွေကြေးရှင်သန်မှုအလားအလာနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို အဓိကထားပြီး ပုံမှန်အားဖြင့် စီမံကိန်းအရည်အချင်းပြည့်မီမှုအတွက် တင်းကြပ်သောစံနှုန်းများရှိပါသည်။ အစိုးရများအနေဖြင့် သီးခြားလိုအပ်ချက်များ သို့မဟုတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရန်လိုအပ်ပါသည်။ စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများမှ ရန်ပုံငွေများကို ရယူသုံးစွဲရာတွင် အစိုးရများအနေဖြင့် ဘက်စုံခြုံငုံပြီး ဆွဲဆောင်မှုရှိသည့်၊ အများတကာထက် ထူးခြားနေသည့် စီမံကိန်းအဆိုပြုချက်များ တင်ပြပြီး အကန့်အသတ်ရှိသော ရန်ပုံငွေရရှိရေးအတွက် အခြားသော နယ်မြေများနှင့် ယှဉ်ပြိုင်ရမည့် အပြိုင်အဆိုင် လုပ်ငန်းစဉ်တစ်ခု ပါဝင်လေ့ရှိသည်။
  • ပြင်ဆင်နိုင်ခွင့် ကန့်သတ်ချက်ရှိခြင်းနှင့်အချိန်ယူမှု။ စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများကို သတ်မှတ်ထားသော ကဏ္ဍများ သို့မဟုတ် စီမံကိန်း အမျိုးအစားများတွင်သာ သုံးရန်ကဲ့သို့သော ရန်ပုံငွေအသုံးပြုမှု သီးခြားလိုအပ်ချက်များ သို့မဟုတ် ကန့်သတ်ချက်များ ရှိနိုင်ပြီး၊ အစိုးရအား ၎င်း၏ ဦးစားပေးအလိုက် ရင်းမြစ်များခွဲဝေအသုံးချခွင့်အား ကန့်သတ်ထားသည်။ ချမှတ်ထားသော သတ်မှတ်ချက်များကြောင့်၊ စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများမှ ရန်ပုံငွေရရှိရေးသည် လုံ့လဝီရိယရှိမှု၊ စီမံကိန်းအကဲဖြတ်မှုနှင့် အတည်ပြုမှုလုပ်ငန်းစဉ်များ လိုအပ်မှု၊ စီမံကိန်းအကောင်အထည်ဖော်မှု နှောင့်နှေးခြင်းနှင့် အချိန်ဇယားအပေါ် သက်ရောက်မှုရှိခြင်းတို့ကြောင့် အချိန်ပိုကြာနိုင်သည်။
  • လျှောက်ထားခြင်းနှင့် အတည်ပြုခြင်းလုပ်ငန်းစဉ်များသည်ရှည်လျားနိုင်သည်။ လျှောက်ထားခြင်းလုပ်ငန်းစဉ်များသည် ရှည်လျားပြီး၊ ဗျူရိုကရေစီဆန်နိုင်သလို ရှုပ်ထွေးနိုင်သည်။ အလားအလာရှိသော လျှောက်ထားသူများအတွက် အထူးသဖြင့် သေးငယ်သော အဖွဲ့အစည်းများ သို့မဟုတ် ရင်းမြစ်များနှင့် ကျွမ်းကျင်မှုမရှိသော ဒေသန္တရအစိုးရများအတွက် အတည်ပြုချက်၊ လိုအပ်ချက်များအားလိုက်နာဆောင်ရွက်ခြင်းနှင့် စာရွက်စာတမ်းပြုစုခြင်း စသည့်အဆင့်များစွာကို ဖြတ်သန်းရခြင်းတို့သည် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်လာနိုင်သည်
  • ရန်ပုံငွေရရှိသူများသည် စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်းဆိုင်ရာ စံနှုန်းများကို ပြည့်မီရန် အခက်အခဲများကို ရင်ဆိုင်ရနိုင်သည်။ စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများမှ ရန်ပုံငွေလက်ခံရရှိသူများသည် စီမံကိန်းရလဒ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်အကဲဖြတ်ခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထမ်းဆောင်မှုနှင့် အခွန်အခစရိတ်များ ပါဝင်သည့် တင်းကျပ်သောအစီရင်ခံမှုနှင့် တာဝန်ဝတ္တရားဆိုင်ရာ လိုအပ်ချက်များကို လိုက်နာရမည် ဖြစ်သည်။compliance costs.

အလားအလာရှိသော အကျိုးအမြတ်များ

  • GIF ရန်ပုံငွေများသည် စိမ်းလန်းစိုပြေရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးသည်။ ဤရန်ပုံငွေများသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ စမတ်စီးတီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရေးကြီးသော အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် အလိုအပ်ဆုံးဖြစ်သော ငွေကြေးရင်းမြစ်များကို ပံ့ပိုးပေးပါသည်။ ရန်ပုံငွေကို သဘာဝအကျိုးပြုအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်သည်။ အထူးသဖြင့်၊ စိမ်းလန်းစိုပြေရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများသည် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချခြင်း၊ လေထုအရည်အသွေး တိုးမြှင့်ခြင်း၊ စွမ်းအင်ထိရောက်မှုမြှင့်တင်ခြင်းနှင့် လူမှုရေးဆိုင်ရာပါဝင်မှုနှင့် သာတူညီမျှမှုတို့ကို မြှင့်တင်ခြင်းကဲ့သို့သော အပြုသဘောဆောင်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများရှိသည့် စီမံကိန်းများကို ဦးစားပေးအလေးထားပါသည်။
  • GIF ရန်ပုံငွေများသည် နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းကို ပံ့ပိုးပေးနိုင်ပါသည်။ ငွေကြေးထောက်ပံ့ခြင်းအပြင် GIF ရန်ပုံငွေများသည် ရန်ပုံငွေရရှိသူများအား နည်းပညာဆိုင်ရာအကူအညီ၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် အကြံပေးခြင်းဝန်ဆောင်မှုများကို ပေးလေ့ရှိပြီး အဖွဲ့အစည်းဆိုင်ရာစွမ်းရည် အားကောင်းလာစေရန်နှင့် ငွေကြေးထောက်ပံ့ထားသော စီမံကိန်းများ၏ အောင်မြင်နိုင်ခြေကို မြှင့်တင်ပေးလျက် ရှိပါသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  • အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (n.d.)။ အာဆီယံ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အားပေးထောက်ကူဘဏ္ဍာငွေစနစ် (ASEAN Catalytic Green Finance Facility, ACGF). ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/what-we-do/funds/asean-catalytic-green-finance-facility/overview
  • ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (n.d.)။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (CIF) ခြုံငုံသုံးသပ်ချက်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.cif.org/about-cif
  • ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေ (n.d.)။ ရန်ပုံငွေ ထောက်ပံ့ခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.thegef.org/who-we-are/funding

Case Study

Scroll to Top