ဒီဇိုင်း-တည်ဆောက်-လုပ်ဆောင် (DBO) စနစ် 

ဒီဇိုင်း-တည်ဆောက်-လုပ်ဆောင် (DBO) စနစ်ဆိုသည်မှာ အဆောက်အအုံကို ဒီဇိုင်းဆွဲရန်၊ တည်ဆောက်ရန်နှင့် လုပ်ဆောင်ရန် တာဝန်တစ်ခုတည်းအတွက် ပုဂ္ဂလိကကန်ထရိုက်တာကို ငှားထားသည့် အစိုးရနှင့် ပုဂ္ဂလိကအကြား ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP) ဖြစ်သည်။

Instrument Category

Other ınstruments ın the same Category

Relevant case study

အကြောင်းအရာဖော်ပြချက်

အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး (PPP) ဆိုသည်မှာ အများပြည်သူ အကျိုးရှိသော ဝန်ဆောင်မှု သို့မဟုတ် ပိုင်ဆိုင်မှုကို ပေးအပ်ရန်အတွက် အစိုးရအဖွဲ့အစည်းတစ်ခုနှင့် ပုဂ္ဂလိကအဖွဲ့အစည်းအကြား ကာလရှည်စာချုပ်တစ်ခုဖြစ်ပြီး ပုဂ္ဂလိကအဖွဲ့အနေဖြင့် စွန့်စားရသည့်အရာများရှိပြီး တာဝန်ယူဆောင်ရွက်ရသည်။ PPP များသည် ကုန်ကျစရိတ်များကို အစိုးရမှ ပုဂ္ဂလိကလုပ်ဖော်ကိုင်ဖက်များထံ လွှဲပြောင်းပေးနိုင်ခြင်း၊ ပြင်ပကျွမ်းကျင်သူများကို ခေါ်ယူနိုင်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ရွေးချယ်ခွင့်အသစ်များကို ဖွင့်ပေးခြင်းတို့ကြောင့် အစိုးရများအတွက် ဆွဲဆောင်မှုရှိနိုင်ပါသည်။

ဒီဇိုင်း-တည်ဆောက်-လုပ်ဆောင် (DBO) စနစ်ဆိုသည်မှာ အဆောက်အအုံကို ဒီဇိုင်းဆွဲရန်၊ တည်ဆောက်ရန်နှင့် လုပ်ဆောင်ရန် တာဝန်တစ်ခုတည်းအတွက် ပုဂ္ဂလိကကန်ထရိုက်တာကို ငှားထားသည့် အစိုးရနှင့် ပုဂ္ဂလိကအကြား ပူးပေါင်းဆောင်ရွက်မှု PPP ပုံစံ ဖြစ်သည်။ အစိုးရက အဆောက်အအုံအသစ်အတွက် ငွေကြေးထောက်ပံ့ပြီး ရရှိလာသည့် ပိုင်ဆိုင်မှုများကို ပိုင်ဆိုင်သည်။ ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် လည်ပတ်ဆောင်ရွက်ခြင်းအတွက် စာချုပ်ချုပ်ဆို ဆောင်ရွက်ခြင်းအားဖြင့် အစိုးရသည် ဆန်းသစ်တီထွင်မှု၊ ကုန်ကျစရိတ်ထိရောက်မှုနှင့် စွမ်းဆောင်ရည်ဖြစ်ထွန်းမှုအတွက် မက်လုံးများ မြှင့်တင်ပေးရာရောက်ပြီး ကြားခံစွန့်စားရမှုများကို လျှော့ချနိုင်ပါသည်။

DBO စနစ်သည် စာချုပ်ပါ လုပ်ငန်းရည်မှန်းချက်များကို ပြည့်မီရန်အတွက် ကန်ထရိုက်တာက တာဝန်ယူသည့် ရလဒ်အခြေခံ စာချုပ်ဖြစ်သည်။ DBO စာချုပ်များသည် ပုံမှန်အားဖြင့် လုပ်ငန်းလည်ပတ်သည့်ကာလ 15 နှစ်မှ အနှစ် 20 အထိရှိသော နှစ်လတ်မှ နှစ်ရှည်စာချုပ်များဖြစ်သည်။ DBO စာချုပ်များသည် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမြင့်မားစွာလိုအပ်သော တည်ဆောက်ရေးစီမံကိန်းများနှင့်/သို့မဟုတ် ရှုပ်ထွေးသော စီမံကိန်းများအတွက် သင့်လျော်ပါသည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • PPP များအတွက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်။ DBO စီမံကိန်းများအပါအဝင် PPP စီမံကိန်းများကို တည်ဆောက်ရန်အတွက် နိုင်ငံအတွင်း ခိုင်မာသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်ရှိရန အရေးကြီးပါသည်။ ဤမူဘောင်တွင် ပုဂ္ဂလိကကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများကို သတ်မှတ်ခြင်း၊ ပွင့်လင်းမြင်သာသော ဝယ်ယူမှုဖြစ်စေရေး လုပ်ဆောင်ခြင်း၊ အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များကို အကြမ်းဖျဉ်းသတ်မှတ်ထားရှိခြင်းနှင့် ဒေဝါလီခံခြင်း/ငွေပြန်ဆပ်ရန် ပျက်ကွက်မှုများအတွက် အစီအမံများ သတ်မှတ်ခြင်းတို့ ပြုလုပ်သင့်သည်။ အဖွဲ့အစည်းများအကြား ပြဋ္ဌာန်းနိုင်မှုစွမ်းရည်များကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြရန် မရှိမဖြစ်လိုအပ်ပါသည်။ စည်းမျဉ်းစည်းကမ်းမူဘောင်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးရုံသာမက လုပ်ငန်းလုပ်ဆောင်မှုကြာချိန်၊ စျေးနှုန်းဆုံးဖြတ်ချက်များနှင့် စာချုပ်ချုပ်ဆိုရန် အစီအစဉ်များနှင့် တရားဥပဒအတိုင်း စည်းကမ်းလိုက်နာရေးတို့အပေါ်လည်း လွှမ်းမိုးပါသည်။
  • ဒီဇိုင်းနှင့် အကောင်အထည်ဖော်ရာတွင် ပြည်သူပိုင်ကဏ္ဍအတွက်ကျွမ်းကျင်ပညာရှင်။ အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု PPP အား အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုသည် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဌာနများအကြား တာဝန်လုပ်ဆောင်ရမည့် အခန်းကဏ္ဍအသီးသီးကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြထားသည့် ထိရောက်သော အဖွဲ့အစည်းဆိုင်ရာ မူဘောင်အပေါ် မူတည်သည်။ ၎င်းသည် ထိရောက်မှုကို မြှင့်တင်ပေးပြီး အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု သဘောတူညီချက် PPP များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေကာ ပူးပေါင်းလုပ်ဆောင်သည့် လုပ်ငန်းများ၏ အလုံးစုံအောင်မြင်မှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးသည်။
  • အရည်အချင်းပြည့်မီသော ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးပေးသူများ။ ပုဂ္ဂလိကကဏ္ဍသည် ပြည်သူအတွက် ဝန်ဆောင်မှုများ ပေးဆောင်ရာတွင် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မှသာ အစိုးရနှင့်ပုဂ္ဂလိက လက်တွဲဆောင်ရွက်မှု (PPP) အောင်မြင်မည်ဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့်ပုဂ္ဂလိက လက်တွဲဆောင်ရွက်မှု PPP ကို အစိုးရ သို့မဟုတ် ပြည်သူတို့ လိုအပ်သော ဝန်ဆောင်မှုစံနှုန်းများနှင့် ကိုက်ညီသော ကျွမ်းကျင်မှုများ ပိုင်ဆိုင်ထားသည့် ပုဂ္ဂလိကကဏ္ဍက ဆောင်ရွက်ပေးမည့် စီမံကိန်းများတွင်သာ အသုံးချသင့်သည်။ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍ ကန်ထရိုက်တာတစ်ဦးတည်းက စီမံကိန်း၏ DBO အဆင့်အားလုံးကို တာဝန်ယူဆောင်ရွက်ပေးလျှင် အထက်ပါအချက်သည် လွန်စွာမှအရေးကြီးပါသည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု (PPP) မူဘောင်များကိုအကောင်အထည်ဖော်ရန် အစိုးရကဏ္ဍတွင် စွမ်းဆောင်ရည် နည်းပါးခြင်း။ မူဝါဒရေးဆွဲရေးနှင့် စည်းကမ်းထိန်းသိမ်းမှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အစိုးရကဏ္ဍတွင် စွမ်းဆောင်ရည် မလုံလောက်ခြင်းသည် အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု PPP အတွက် ခိုင်မာသော ဥပဒေ/စည်းမျဉ်းဘောင်တစ်ခု ဖန်တီးရာတွင် အခက်အခဲဖြစ်စေနိုင်ပြီး ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုကို အဟန့်အတား ဖြစ်စေသည်။ ထို့အပြင် အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်သည့် PPP စီမံကိန်းများကို ရေးဆွဲ၊ စီမံခန့်ခွဲရာတွင် အစိုးရကဏ္ဍ၌ စွမ်းဆောင်ရည် အပြည့်အဝမရှိခြင်းသည် အရည်အချင်းမမီသော စာချုပ်များ၊ အန္တရာယ် မျှခံမှု မရှင်းလင်းခြင်းနှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်မှု လျော့နည်းသွားခြင်းတို့ ဖြစ်စေနိုင်သည်။ အထူးသဖြင့်၊ အောင်မြင်မှုရှိပြီး ရေရှည်တည်တံ့သော PPP အကောင်အထည်ဖော်မှုဖြစ်စေရေးအတွက် DBO စီမံကိန်းများကို ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် လု်ပငန်းလည်ပတ်ခြင်းအဆင့်များတစ်လျှောက် အစိုးရကဏ္ဍမှ ကျွမ်းကျင်မှု လိုအပ်ပါသည်။
  • စီမံကိန်းအဆင့်များကို စီမံခန့်ခွဲရန်ပုဂ္ဂလိကကဏ္ဍတွင် စွမ်းဆောင်ရည် နည်းပါးခြင်း။ ပုဂ္ဂလိကကဏ္ဍတွင် စွမ်းရည်မပြည့်ခြင်းသည် ကန်ထရိုက်တာများအတွက် ဥပဒေနှင့် စည်းကမ်းဘောင်များကို လိုက်နာရန် စိန်ခေါ်မှုများ ရှိလာနိုင်ပြီး စီမံကိန်း အကောင်အထည်ဖော်ရာတွင် ပိတ်ဆို့မှုများနှင့် နှောင့်နှေးမှုများ ဖြစ်စေသည်။ထိုစွမ်းဆောင်ရည်သည် ကန်ထရိုက်တာတစ်ဦးတည်းက DBO အဆင့်အားလုံးကို တာဝန်ယူလုပ်ဆောင်သည့် စီမံကိန်းတွင် အထူးအရေးကြီးပြီး စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည် လိုအပ်မှုကို အလေးပေးဖော်ပြသည်။
  • ဝန်ဆောင်မှုကို ရပ်တန့်ပစ်ရနိုင်သည့် အန္တရာယ်အလားအလာ။ ကန်ထရိုက်တာသည် စာချုပ်ကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျှင် အစိုးရ/အခြားပုဂ္ဂလိကဝန်ဆောင်မှုပေးသူများက လုပ်ငန်းလွှဲပြောင်းရယူကာ ဝန်ဆောင်မှုဆက်မပေးနိုင်လျှင် ဝန်ဆောင်မှုဆက်လက်ရရှိနိုင်ရေးကို ထိခိုက်နိုင်သည်။ စီမံကိန်းအဆင့်အားလုံးကို ကန်ထရိုက်တာ တစ်ဦးတည်းက ကြီးကြပ်ပေးသည့် DBO စီမံကိန်းများတွင် ဤပြဿနာများ ရှိနိုင်ပြီး ငွေကြေးအခက်အခဲရှိပါက ဝန်ဆောင်မှုကို ဆက်မလုပ်နိုင်တော့သည့် အန္တရာယ်ကို တိုးမြင့်စေပါသည်။
  • အခြားဝယ်ယူရေးနည်းလမ်းများနှင့်နှိုင်းယှဉ်ပါက အစိုးရထံမှ အရင်းအနှီးကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်ချက်များ။ စီမံကိန်း၏ ရေရှည်သဘောသဘာဝအရ ကန်ထရိုက်တာများသည် ၎င်းတို့၏တင်ဒါများတွင် သိသိသာသာ စွန့်စားရမှု ရှိလာနိုင်သည်။ ထို့ကြောင့်၊ DBO စာချုပ်များသည် ကနဦးရင်းနှီးမြှုပ်နှံမှုစရိတ် ပိုကြီးနိုင်ပြီး အခြား ဝယ်ယူရေးနည်းလမ်းများ (ဥပမာ၊ ကန်ထရိုက်ဘက်မှ တောင်းဆိုချက်အရ ချုပ်ဆိုပေးသည့် အစိုးရနှင့် ပုဂ္ဂလိကအကြား ပူးပေါင်းဆောင်ရွက်မှု PPP များ) ထက်စာလျှင် အစိုးရထံမှ အရင်းအနှီးပမာဏ ပိုမိုလိုအပ်ပါသည်။
  • ပြောင်းလွယ် ပြင်လွယ်ရှိသော နှစ်ရှည်စာချုပ်များ DBO စာချုပ်များကို အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ မိတ်ဖက်အကြား ပုံသေဈေးနှုန်းသတ်မှတ်ထားရှိသည့် စာချုပ်များအဖြစ် မကြာခဏ ရှုမြင်ကြပြီး ပြောင်းလဲမှု သို့မဟုတ် ပြင်ဆင်မှုတိုင်းသည် နှစ်ဖက်စလုံးမှ နှစ်ဦးနှစ်ဖက် သဘောတူညီမှု လိုအပ်သည်ဟု အဓိပ္ပာယ်ရသည်။ ဆိုလိုသည်မှာ DBO စာချုပ်တွင် ကွဲလွဲမှုအခြေအနေများအတွက် ပြဋ္ဌာန်းချက်များ မရှိပါက အစိုးရ၏ တောင်းဆိုမှု အပြောင်းအလဲများ သို့မဟုတ် နည်းပညာဆိုင်ရာ အပြောင်းအလဲများကဲ့သို့ ကြိုတင်မခန့်မှန်းနိုင်သော အဖြစ်အပျက်များကို ဖြေရှင်းရာတွင် ကန်ထရိုက်တာဘက်မှ မပြောင်းလဲပေးလိုခြင်း ရှိလာနိုင်သည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • စီမံကိန်းအတွက် ကုန်ကျစရိတ်သက်သာနိုင်ခြေရှိခြင်း။ စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊      တည်ဆောက်ခြင်း၊ ပြုပြင်ထိမ်းသိမ်းခြင်းနှင့် လုပ်ငန်းလည်ပတ်မှု အဆင့်အမျိုးမျိုးတို့ကို ကြီးကြပ်ရန် တာဝန်ပေးထားသော ပုဂ္ဂလိကကဏ္ဍ ကန်ထရိုက်တာများအား ရေရှည်ကုန်ကျစရိတ် သက်သာစေရန်အတွက် စီမံကိန်းသက်တမ်းတစ်လျှောက် ကုန်ကျစရိတ်များကို ချိန်ညှိခွင့်ပေး၍ မက်လုံးပေးထားပါသည်။ ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးပေးသူများသည် စီမံကိန်းသက်တမ်းအတွင်း ကုန်ကျစရိတ်များကို လျှော့ချပြီး အရည်အသွေးမြင့် စံချိန်စံညွှန်းများကို ထိန်းသိမ်းထားရန် ဦးစားပေးလုပ်ဆောင်သောကြောင့် ၎င်းသည် ပြည်သူ့ကဏ္ဍအတွက် ပိုမိုကောင်းမွန်သော တန်ဖိုးကို ဖြစ်ပေါ်စေပါသည်။ ကန်ထရိုက်တာသည် ကြံ့ခိုင်မှုရှိစေရန် ဒီဇိုင်းထုတ်ကာ ပြီးစီးချိန်တွင် စစ်ဆေးမှုများကို အောင်မြင်အောင်လုပ်ခြင်းထက် စတင်ကတည်းက ရေရှည်စွမ်းဆောင်ရည်ကို အဓိကထားကာ စီမံကိန်းတစ်ခုကို တည်ဆောက်ရန် တိုက်တွန်းသည့် DBO စီမံကိန်းများတွင် ဤအစီအစဉ်က အရေးပါပါသည်။ ဤတွင် ကန်ထရိုက်တာသည် လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် ပြုပြင်ခြင်းဆိုင်ရာ ငွေတောင်းခံလွှာ စရိတ်မြင့်တက်မှုများအတွက် တာဝန်ယူရမည်။
  • ပုဂ္ဂလိကကဏ္ဍ ကန်ထရိုက်တာများအား အကောင်းဆုံးရလဒ်များကို ဖော်ဆောင်ရန် မက်လုံးများပေးသည်။ ပုဂ္ဂလိကကဏ္ဍ ကန်ထရိုက်တာများသည် အမျိုးမျိုးသော စီမံကိန်းအဆင့်များတစ်လျှောက် စွမ်းဆောင်ရည်ပန်းတိုင်များကို ပြည့်မီပြီး ကျော်လွန်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် အကောင်းဆုံးရလဒ်များကို ပေးဆောင်ရန် မက်လုံးများ ပေးထားသည်။ ယင်းက ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေး၊ အချိန်မီ စီမံကိန်းများ ပေးအပ်နိုင်ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ထိထိရောက်ရောက်ဖြင့် ရေရှည်စီမံခန့်ခွဲနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် အစိုးရကဏ္ဍနှင့် သုံးစွဲသူများကို အဆုံးစွန်သော အကျိုးဖြစ်ထွန်းစေပါသည်။ အထူးသဖြင့်၊ DBO စီမံကိန်းများသည် PPP များ၏ စွမ်းဆောင်ရည် အားသာချက်များကို နမူနာပြနေသည်။ အဖွဲ့အစည်းတစ်ခုတည်းက စီမံကိန်းတစ်ခုလုံးကို ကြီးကြပ်ခြင်းသည် ပေါင်းစပ်မှု၊ တာဝန်ခံမှုနှင့် ထိရောက်သော အကောင်းဆုံးရလဒ်များကို ရစေသည်။
  • အစိုးရတွင် စီမံကိန်းဆောင်ရွက်ဆဲ အခြေအနေကို ပိုမိုထိန်းချုပ်နိုင်စွမ်းရှိသည်။ DBO စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရာမှ ရရှိလာသည့်ပစ္စည်းကို ပိုင်ဆိုင်သူမှာ အစိုးရဖြစ်ပြီး တာဝန်ယူရမည့်သူမှာလည်း အစိုးရပင်ဖြစ်သောကြောင့် ၎င်းသည် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများကို ပိုမိုထိန်းချုပ်ခွင့်ရှိသည် (၎င်းသည် ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းအဆင့်များအကြား ညှိနှိုင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု အန္တရာယ်များကို လျှော့ချပေးသည်)။ ယင်းသည် သဘောတူညီထားသည့် ဘတ်ဂျက်အတွင်း စီမံကိန်းများကို အချိန်မီ ပြီးစီးကြောင်း သေချာစေသည်။ ထို့အပြင် ၎င်းသည် စီမံကိန်းအတွက် အပြောင်းအလဲများပြုလုပ်ရန် လိုအပ်သည့်အခါ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိနိုင်စေပါသည်။
  • DBO ပုံစံများသည် အရင်းအနှီးငွေပမာဏနှင့် ထပ်တလဲလဲဖြစ်ပေါ်မည့်ကုန်ကျစရိတ်များကို စောစီးစွာ ဆုံးဖြတ်နိုင်စေပါသည်။ DBO ပုံစံများသည် အရင်းအနှီးငွေပမာဏနှင့် ထပ်တလဲလဲဖြစ်ပေါ်မည့် ကုန်ကျစရိတ်များကို စောစီးစွာ ဆုံးဖြတ်နိုင်စေသောကြောင့် ဝယ်ယူသူအဖွဲ့အစည်းအတွက် ကုန်ကျစရိတ်ပိုသွားနိုင်ခြေနည်းပါးသဖြင့် အစောပိုင်းအဆင့်တွင် (အရင်းအနှီးနှင့် ထပ်ခါထပ်ခါ ကုန်ကျစရိတ် နှစ်ခုလုံးအတွက်) ဘတ်ဂျက်သေချာမှုအဆင့် ပိုမြင့်သည်။

ရင်းမြစ်များ/နောက်ထပ် အချက်အလက်များ-

  • Cities Climate Finance Leadership Alliance (n.d.). တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (BOT) စနစ်နှင့် ဒီဇိုင်း-တည်ဆောက်-လုပ်ဆောင် (DBO) စနစ် စီမံကိန်းများရှိ လုပ်ပိုင်ခွင့်များ။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://citiesclimatefinance.org/financial-instruments/instruments/concessions_build-operate-transfer_bot_and_design-build-operate_dbo_projects_/
  • ကမ္ဘာ့ဘဏ် (2022)။ တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (BOT) စနစ်နှင့် ဒီဇိုင်း-တည်ဆောက်-လုပ်ဆောင် (DBO) စနစ် စီမံကိန်းများရှိ လုပ်ပိုင်ခွင့်များ။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://ppp.worldbank.org/public-private-partnership/agreements/concessions-bots-dbos
  • ပါကစ္စတန် အစိုးရဘဏ် (n.d.)။ မျက်နှာစုံညီ 4- အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှု (PPP) အစီအစဉ် အောင်မြင်ရေး လိုအပ်ချက်များ။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.sbp.org.pk/departments/ihfd/days/Day1-05-P4.pdf
  •      ဘဏ္ဍာရေးဝန်ကြီးဌာန (2018)။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှု လက်စွဲစာအုပ် အတွဲ 2။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.mof.gov.sg/docs/default-source/policies/procurementprocess/ppphandbook2012.pdf
  • အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (2005)။ အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ဒေသတွင် ခရီးသွားလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်ခြင်း။ ဤဝက်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.apec.org/docs/default-source/publications/2005/3/public-and-private-partnership-for-facilitating-tourism-investment-in-the-apec-region-march-2005/05_twg_pppinvestm.pdf

Case Study

Scroll to Top