လုပ်ပိုင်ခွင့် ပေးအပ်မှုမျာ

လုပ်ပိုင်ခွင့် ပေးအပ်မှုများဆိုသည်မှာ ပုဂ္ဂလိကလုပ်ငန်းရှင် (လုပ်ပိုင်ခွင့်ရထားသူ) က သတ်မှတ်ဧရိယာတစ်ခုတွင် စနစ်တစ်ခုအား ဆောက်လုပ်မှု၊ လည်ပတ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ စီမံခန့်ခွဲမှုနှင့် ပြန်လည်မွမ်းမံမှုအပါအဝင် ဝန်ဆောင်မှုများကို အပြည့်အဝ ဆောင်ရွက်ပေးရန်အတွက် တာဝန်ရှိသည့် အစိုးရနှင့် ပုဂ္ဂလိကအကြား ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP) အမျိုးအစားဖြစ်သည်။

Instrument Category

Other ınstruments ın the same Category

Relevant case study

အကြောင်းအရာဖော်ပြချက်

အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး (PPP) ဆိုသည်မှာ အများပြည်သူ အကျိုးရှိသော ဝန်ဆောင်မှု သို့မဟုတ် ပိုင်ဆိုင်မှုကို ပေးအပ်ရန်အတွက် အစိုးရအဖွဲ့အစည်းတစ်ခုနှင့် ပုဂ္ဂလိကအဖွဲ့အစည်းအကြား ကာလရှည်စာချုပ်တစ်ခုဖြစ်ပြီး ပုဂ္ဂလိကအဖွဲ့အနေဖြင့် စွန့်စားရသည့်အရာများရှိပြီး တာဝန်ယူဆောင်ရွက်ရသည်။ PPP များသည် ကုန်ကျစရိတ်များကို အစိုးရမှ ပုဂ္ဂလိကလုပ်ဖော်ကိုင်ဖက်များထံ လွှဲပြောင်းပေးနိုင်ခြင်း၊ ပြင်ပကျွမ်းကျင်သူများကို ခေါ်ယူနိုင်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ရွေးချယ်ခွင့်အသစ်များကို ဖွင့်ပေးခြင်းတို့ကြောင့် အစိုးရများအတွက် ဆွဲဆောင်မှုရှိနိုင်ပါသည်။

Concessions ဆိုသည်မှာ ပုဂ္ဂလိကလုပ်ငန်းရှင် (လုပ်ပိုင်ခွင့်ရထားသူ) က သတ်မှတ်ဧရိယာတစ်ခုတွင် စနစ်တစ်ခု၏ (ဥပမာ-ရေပေးရေးစနစ်) ဆောက်လုပ်မှု၊ လည်ပတ်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ စီမံခန့်ခွဲမှုနှင့် ပြန်လည်မွမ်းမံမှုအပါအဝင် ဝန်ဆောင်မှုများကို အပြည့်အဝ ဆောင်ရွက်ပေးရန်အတွက် တာဝန်ရှိသည့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံ အမျိုးအစားဖြစ်သည်။ လုပ်ငန်းရှင်သည် စနစ်တစ်ခု တည်ဆောက်ရန်၊ အဆင့်မြှင့်တင်ရန်၊ သို့မဟုတ် တိုးချဲ့ရန်အတွက် လိုအပ်သည့် ငွေလုံးငွေရင်း ရင်နှီးမြှပ်နှံမှုအားလုံးကို တာဝန်ယူရသည်။ ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်က အရင်းအမြစ်များကို ထောက်ပံ့ခြင်းအတွက် တာဝန်ရှိသော်လည်း လုပ်ပိုင်ခွင့်ကာလအတွင်း အဆိုပါ အရင်းအမြစ်များမှာ ပြည်သူပိုင်သာဖြစ်သည်။ အစိုးရအပိုင်းမှ စွမ်းဆောင်ရည်ဆိုင်ရာစံနှုန်းများသတ်မှတ်ပေးရန်နှင့် လုပ်ပိုင်ခွင့်ရသူများက ထိုစံနှုန်းများနှင့် ကိုက်ညီအောင်ပြုလုပ်ကြောင်း သေချာစေရန် တာဝန်ရှိသည်။

လုပ်ပိုင်ခွင့်ရသူများသည် စနစ်ကို အသုံးပြုသူများထံမှ တိုက်ရိုက်အကောက်ကောက်ခြင်းဆောင်ရွက်ပြီး လုပ်ငန်းရှင်အား ရင်းနှီးမြှပ်နှံထားသည့် ငွေလုံးငွေရင်းကို ကာမိရန် လုံလောက်သည့်အချိန်ရှိရန်အတွက် လုပ်ငန်းလုပ်ပိုင်ခွင့်စာချုပ်များသည် ပုံမှန်အားဖြင့် 25-30 နှစ် ကြာမြင့်လေ့ရှိသည်။ အစိုးရအာဏာပိုင်များသည် လုပ်ပိုင်ခွင့်ကို စီးပွားရေးအလားအလာကောင်း ရရှိစေရန် ငွေလုံးငွေရင်း ရင်းနှီးမြှပ်နှံမှုတွင် ရင်းနှီးမြှပ်နှံမှု “ထောက်ပံ့ငွေ” (ဘဏ္ဍာရေးအောင်မြင်မှု ကွာဟချက်) မှတစ်ဆင့် ထည့်သွင်းပါဝင်နိုင်သည်။ အစိုးရသည် ၎င်း၏ ထည့်သွင်းပါဝင်ရမှုကို အကောက် ကောက်ခံရရှိသည်မှ အချိုးကျပမာဏဖြင့် ခုနှိမ်နိုင်ပါသည်။

လုပ်ပိုင်ခွင့်များသည် စာချုပ်ပါရလဒ်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် ကန်ထရိုက်တာများတွင် တာဝန်ရှိသည့် ရလဒ်အခြေပြု စာချုပ်များဖြစ်သည်။ လုပ်ပိုင်ခွင့်များကို မြို့ပြနှင့်ကျေးလက်စီမံကိန်းနှစ်မျိုးလုံးအတွက် အသုံးပြုကြစဉ်တွင် မြို့ပြ လုပ်ပိုင်ခွင့် စီမံကိန်းများတွင် ငွေကြေးစီးဆင်းမှုနှင့် အမြတ်အစွန်းဆိုင်ရာ စွန့်စားရမှုပိုမြင့်သောကြောင့် ကျေးလက်စီမံကိန်းများတွင် အဓိက အသုံးပြုကြသည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • PPP များအတွက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်။ BOT စီမံကိန်းများအပါအဝင် PPP စီမံကိန်းများကို တည်ဆောက်ရန်အတွက် နိုင်ငံအတွင်း ခိုင်မာသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်ရှိရန် အရေးကြီးပါသည်။ ဤမူဘောင်တွင် ပုဂ္ဂလိကကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများကို သတ်မှတ်ခြင်း၊ ပွင့်လင်းမြင်သာသော ဝယ်ယူမှုဖြစ်စေရေး လုပ်ဆောင်ခြင်း၊ အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များကို အကြမ်းဖျဉ်းသတ်မှတ်ထားရှိခြင်းနှင့် ဒေဝါလီခံခြင်း/ငွေပြန်ဆပ်ရန် ပျက်ကွက်မှုများအတွက် အစီအမံများ သတ်မှတ်ခြင်းတို့ ပြုလုပ်သင့်သည်။ အဖွဲ့အစည်းများအကြား ပြဋ္ဌာန်းနိုင်မှုစွမ်းရည်များကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြရန် မရှိမဖြစ်လိုအပ်ပါသည်။ စည်းမျဉ်းစည်းကမ်းမူဘောင်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးရုံသာမက လုပ်ငန်းလုပ်ဆောင်မှုကြာချိန်၊ စျေးနှုန်းဆုံးဖြတ်ချက်များနှင့် စာချုပ်ချုပ်ဆိုရန်အစီအစဉ်များနှင့် တရားဥပဒအတိုင်း စည်းကမ်းလိုက်နာရေးတို့ အပေါ်လည်း လွှမ်းမိုးပါသည်။
  • ဒီဇိုင်းနှင့် အကောင်အထည်ဖော်ရာတွင် ပြည်သူပိုင်ကဏ္ဍအတွက်ကျွမ်းကျင်ပညာရှင်။ အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု PPP အား အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုသည် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဌာနများအကြား တာဝန်လုပ်ဆောင်ရမည့် အခန်းကဏ္ဍအသီးသီးကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြထားသည့် ထိရောက်သော အဖွဲ့အစည်းဆိုင်ရာ မူဘောင်အပေါ် မူတည်သည်။ ၎င်းသည် ထိရောက်မှုကို မြှင့်တင်ပေးပြီး အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု သဘောတူညီချက် PPP များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေကာ ပူးပေါင်းလုပ်ဆောင်သည့် လုပ်ငန်းများ၏ အလုံးစုံအောင်မြင်မှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးသည်။
  • အရည်အချင်းပြည့်မီသော ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးပေးသူများ။ ပုဂ္ဂလိကကဏ္ဍသည် ပြည်သူအတွက် ဝန်ဆောင်မှုများ ပေးဆောင်ရာတွင် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မှသာ အစိုးရနှင့်ပုဂ္ဂလိက လက်တွဲဆောင်ရွက်မှု (PPP) အောင်မြင်မည်ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရ သို့မဟုတ် အများပြည်သူလိုအပ်သည့် ဝန်ဆောင်မှုစံနှုန်းများနှင့် ကိုက်ညီသည့် အရည်အချင်းများရှိသည့် ပုဂ္ဂလိကအပိုင်းမှ စီမံကိန်းများတွင်သာ PPP ပုံစံများကို အသုံးချသင့်သည်။ ဤသည်မှာ 25-30 နှစ်ကြာ ကာလကျော်အတွင်း အခြေခံအဆောက်အအုံ၏ ရေရှည်လည်ပတ်မှုနှင့် ထိရောက်သည့်စီမံခန့်ခွဲမှုရှိကြောင်း သေချာစေမည့် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင် အဖွဲ့အစည်းလိုအပ်မှုရှိသည့် လုပ်ပိုင်ခွင့် ပုံစံတစ်ခုအတွင်း အထူးသဖြင့်အရေးကြီးသည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • အစိုးရကဏ္ဍတွင် PPP စည်းမျဉ်းဘောင်များ အစီအစဉ်ဆွဲပြီး အကောင်အထည်ဖော်နိုင်မည့်
    စွမ်းဆောင်ရည် မရှိခြင်း။
    မူဝါဒရေးဆွဲခြင်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာစီမံခန့်ခွဲမှုပိုင်း၌ အစိုးရအပိုင်းတွင် လိုအပ်သည့်အရည်အသွေးလုံလောက်မှုမရှိခြင်းသည် PPP ဆိုင်ရာ ခိုင်မာသည့် တရားဝင်မှု သို့မဟုတ် စည်းမျဉ်းစည်းဘောင်များ ဖန်တီးမှုကို နှောင့်နှေးစေပြီး ပုဂ္ဂလိကအပိုင်းမှ ပါဝင်ပြီးရင်းနှီးမြုပ်နှံရန်မရဲမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်သည့် PPP စီမံကိန်းများကို ရေးဆွဲ၊ စီမံခန့်ခွဲရာတွင် အစိုးရကဏ္ဍ၌ စွမ်းဆောင်ရည် အပြည့်အဝမရှိခြင်းသည် အရည်အချင်းမမီသော စာချုပ်များ၊ အန္တရာယ် မျှခံမှု မရှင်းလင်းခြင်းနှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်မှု လျော့နည်းသွားခြင်းတို့ ဖြစ်စေနိုင်သည်။ အထူးသဖြင့် လုပ်ပိုင်ခွင့်ပေးလိုက်သည့် စီမံကိန်းများသည် အများပြည်သူအကျိုးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိကြောင်း သေချာစေရန်အတွက် အစိုးရကဏ္ဍမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရမှုများ၊ ကန်ထရိုက်ဒီဇိုင်းနှင့် အရဲစွန့်မှုစီမံခန့်ခွဲခြင်းများတွင် အစိုးရအပိုင်းမှ ကျွမ်းကျင်မှုနှင့် ကြီးကြပ်ပေးမှု အဆင့်မြင့်မားရန် လိုပါသည်။
  • ကန်ထရိုက်တာများ PPP တွင် ပါဝင်လာစေမည့်စွမ်းဆောင်ရည် ပုဂ္ဂလိကကဏ္ဍတွင် မရှိခြင်း။ ပုဂ္ဂလိကကဏ္ဍတွင် စွမ်းရည်မပြည့်ခြင်းသည် ကန်ထရိုက်တာများအတွက် ဥပဒေနှင့် စည်းကမ်းဘောင်များကို လိုက်နာရန် စိန်ခေါ်မှုများ ရှိလာနိုင်ပြီး စီမံကိန်းအကောင်အထည်ဖော်ရာတွင် ပိတ်ဆို့မှုများနှင့် နှောင့်နှေးမှုများ ဖြစ်စေသည်။ဤပြဿနာသည် စီမံကိန်းလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ကွပ်ကဲရသည့် လုပ်ငန်းရှင်အနေဖြင့် စာချုပ်ဆိုင်ရာ တာဝန်ရှိသည်များနှင့် စည်းမျဉ်းများကို မလိုက်နာနိုင်ဘဲ လုပ်ငန်း တည်ဆောက်ရေးနှင့် လည်ပတ်ရေးဆိုင်ရာများတွင် နှောင့်နှေးစေသောကြောင့် လုပ်ပိုင်ခွင့် စီမံကိန်းများတွင် ထင်ရှားသိသာလှသည်။ လုပ်ပိုင်ခွင့်များအနေဖြင့် အဓိကအခြေခံအဆောက်အအုံကွန်ရက်အတွက် အရည်အသွေးပြည့်မီသည့် လုပ်ငန်းရှင်အရေအတွက် အကန့်အသတ်ရှိသောကြောင့် ယှဉ်ပြိုင်ရွေးချယ်မှုများပြုလုပ်ရာတွင် စိန်ခေါ်မှုများရှိနိုင်သဖြင့် ဈေးကွက်ယှဉ်ပြိုင်မှု၏ အကျိုးကျေးဇူးကို ထိခိုက်လာနိုင်ပါသည်။
  • ကန်ထရိုက်တာများရင်ဆိုင်ရသည့်ဘဏ္ဍာရေးအခက်အခဲများကြောင့် ဝန်ဆောင်မှုပြတ်တောက်ခြင်း စိုးရိမ်ရနိုင်မှု။ ကန်ထရိုက်တာသည် စာချုပ်ကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျှင် အစိုးရ/အခြားပုဂ္ဂလိကဝန်ဆောင်မှုပေးသူများက လုပ်ငန်းလွှဲပြောင်းရယူကာ ဝန်ဆောင်မှုဆက်မပေးနိုင်လျှင် ဝန်ဆောင်မှုဆက်လက်ရရှိနိုင်ရေးကို ထိခိုက်နိုင်သည်။ ဤအခက်အခဲသည် တာဝန်ယူမှုပိုင်းဆိုင်ရာရှုပ်ထွေးသည့် သဘောသဘာဝများနှင့် တရားရေးဆိုင်ရာအရှုပ်အထွေးများကို ပေးအပ်ထားသည့် လုပ်ငန်းရှင်များကို အပြောင်းအလဲပြုလုပ်ရခြင်းမှာ တန်ဖိုးကြီးမြင့်လှသည့် လုပ်ပိုင်ခွင့်စီမံကိန်းများနှင့် အထူးသဖြင့် ဆက်စပ်နေပါသည်။
  • ဈေးပြိုင်ပေးစနစ်လုပ်ငန်းစဉ်နှင့် ကန်ထရိုက်ဒီဇိုင်း ရှုပ်ထွေးနိုင်ခြေ။ လုပ်ပိုင်ခွင့်စာချုပ်များတွင် လုပ်ငန်းရှင်၏ ဆောင်ရွက်ရန်များကို သတ်မှတ်ရန်မှာ ရှုပ်ထွေးလှသဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍနှင့် တာဝန်များကို ရှင်းရှင်းလင်းလင်းဖော်ပြသည့် ကျယ်ပြန့်သည့် အကြမ်းဖျင်းသဘောတူညီချက်များပြုလုပ်ရာတွင် အခက်အခဲဖြစ်နိုင်ပါသည်။ ထို့အပြင် 25 နှစ်ကြာကာလကျော်အတွက် မျှော်မှန်းပြီး ကြိုတင်ပြင်ဆင်ရမည့် စိန်ခေါ်မှုများနှင့်အတူ အဓိကရင်းနှီးမြှပ်နှံမှုကုန်ကျစရိတ်ကို ကာမိစေရန် နှစ်ရှည်စာချုပ်များလိုအပ်မှုသည် လေလံလုပ်ငန်းစဉ်နှင့် ကန်ထရိုက်ဒီဇိုင်းကို ပိုမိုရှုပ်ထွေးစေပါသည်။
  • နိုင်ငံရေးဆိုင်ရာအငြင်းပွားမှုများနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာအခက်အခဲများစိုးရိမ်ရနိုင်မှု။ လုပ်ပိုင်ခွင့်စာချုပ်များသည် ၎င်းတို့၏ နှစ်ရှည်ပြီး ကျယ်ပြန့်သည့် သဘောသဘာဝကြောင့် နိုင်ငံရေးအရ အငြင်းအခုံဖြစ်ပြီး ပေါင်းစပ်စုဖွဲ့ရာတွင် စိန်ခေါ်မှုများရှိနိုင်ပါသည်။ ဤသည်က အထူးသဖြင့် နိုင်ငံရေး ခေါင်းဆောင်အကူးအပြောင်းကာလများတွင် အစိုးရအပိုင်းမှ ခိုင်ခိုင်မာမာ ထောက်ပံ့မှုဆက်လက်ရရှိရေးတွင် အခက်အခဲများ ဖြစ်လာစေနိုင်ပါသည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • ကုန်ကျစရိတ်သက်သာစေနိုင်မှု။ ဒီဇိုင်းဆွဲခြင်း၊ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းစသည့် အမျိုးမျိုးသောစီမံကိန်းအပိုင်းများကို ကြီးကြပ်သည့်အလုပ်ကိုလုပ်ရသည့် ပုဂ္ဂလိကအပိုင်းမှ ကန်ထရိုက်တာများ အနေဖြင့် ရေရှည်ကုန်ကျစရိတ်နှင့်ကိုက်မည့် ထိရောက်မှုအတွက် သက်တမ်းတစ်ခုလုံးစာ စရိတ်ကို အသက်သာဆုံးဖြစ်စေရန် မက်လုံးပေးခံရပါသည်။ ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးပေးသူများသည် စီမံကိန်းသက်တမ်းအတွင်း ကုန်ကျစရိတ်များကို လျှော့ချပြီး အရည်အသွေးမြင့် စံချိန်စံညွှန်းများကို ထိန်းသိမ်းထားရန် ဦးစားပေးလုပ်ဆောင်သောကြောင့် ၎င်းသည် ပြည်သူ့ကဏ္ဍအတွက် ပိုမိုကောင်းမွန်သော တန်ဖိုးကို ဖြစ်ပေါ်စေပါသည်။ ဤသည်မှာ ကုန်ကျစရိတ်ပိုနည်းခြင်းသည် အမြတ်အစွန်းကိုပိုများစေသောကြောင့် လုပ်ငန်းရှင်များအတွက် ထိရောက်မှုတိုးရန် ခိုင်မာသည့်မက်လုံးများရှိနေသဖြင့် လုပ်ပိုင်ခွင့်ပေးထားသောစီမံကိန်းများတွင် အထူးသဖြင့် သက်ဆိုင်ပါသည်။
  • ပုဂ္ဂလိကကဏ္ဍ ကန်ထရိုက်တာများအား အကောင်းဆုံးရလဒ်များကို ဖော်ဆောင်ရန်မက်လုံးများပေးသည်။ ပုဂ္ဂလိကကဏ္ဍ ကန်ထရိုက်တာများသည် အမျိုးမျိုးသော စီမံကိန်းအဆင့်များတစ်လျှောက် စွမ်းဆောင်ရည်ပန်းတိုင်များကို ပြည့်မီပြီး ကျော်လွန်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် အကောင်းဆုံးရလဒ်များကို ပေးဆောင်ရန် မက်လုံးများ ပေးထားသည်။ ယင်းက ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေး၊ အချိန်မီ စီမံကိန်းများ ပေးအပ်နိုင်ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ထိထိရောက်ရောက်ဖြင့် ရေရှည်စီမံခန့်ခွဲနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် အစိုးရကဏ္ဍနှင့် သုံးစွဲသူများကို အဆုံးစွန်သော အကျိုးဖြစ်ထွန်းစေပါသည်။ အထူးသဖြင့် လုပ်ပိုင်ခွင့်မော်ဒယ်များသည် လုပ်ငန်းရှင်များအနေဖြင့် လုပ်ပိုင်ခွင့်ကာလအတွင်း အခြေခံအဆောက်အအုံ ဆက်လက်အောင်မြင်မှုကို သေချာစေရန် စံနှုန်းမြင့်များကို ထိန်းသိမ်းရန် စိတ်အားထက်သန်ကြသဖြင့် စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို တိုးပွားစေပါသည်။
  • အစိုးရပိုင်းမှ လွှဲပြောင်းပေးသော စွန့်စားရမှုများ။ လုပ်ပိုင်ခွင့်စီမံကိန်းတစ်ခုတွင် လုပ်ပိုင်ခွင့်ကာလအတွင်း တည်ဆောက်ရေးဆိုင်ရာနှင့် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ စိုးရိမ်စရာအားလုံး၏ တာဝန်မှာ ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်ထံတွင်ရှိသည်ဟု မှတ်ယူသည်။ ဤဗျူဟာမြောက်စိုးရိမ်စရာများမှာ အစိုးရကဏ္ဍအပေါ်တွင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံမျှမက ပုဂ္ဂလိကကဏ္ဍအတွင်းတွင်ပါ ခိုင်မာသည့် စိုးရိမ်မှုစီမံခန့်ခွဲရေးဗျူဟာများကို ကျင့်သုံးရန်ဖြစ်လာစေပြီး တာဝန်ယူမှုရှိရမည်ဟူသည့်အသိကို ဖြစ်ပေါ်စေပါသည်။
  • ပုဂ္ဂလိကဘဏ္ဍာငွေ ရှာဖွေခြင်းကို ဆွဲဆောင်နိုင်သည့် ထိရောက်သောနည်းလမ်းများ။ လုပ်ပိုင်ခွင့်များမှာ ဆောက်လုပ်ရေးလုပ်ငန်းအသစ် သို့မဟုတ် ရှိပြီးသည်များကို ပြန်လည်အသက်ဝင်စေရေး ရန်ပုံငွေမတည်ရန် လိုအပ်သော ပုဂ္ဂလိကငွေကြေးထည့်ဝင်မှုကို ဆွဲဆောင်ရန် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။ လုပ်ပိုင်ခွင့်များမှတစ်ဆင့် ပုဂ္ဂလိကငွေကြေးပါဝင်မှုကို တိုးမြှင့်ခြင်းဖြင့် အစိုးရသည် ၎င်းတို့၏ ဘက်ဂျက်ဆိုင်ရာရင်းမြစ်များကို ပိုမိုထိထိရောက်ရောက် လျာထားနိုင်ပြီး အစိုးရရန်ပုံငွေများကို အခြား မသုံးမဖြစ်သုံးရမည့် ဝန်ဆောင်မှုများတွင် လွဲပြောင်းသုံးစွဲနိုင်စေသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

Case Study

Scroll to Top