မြို့တော် ရာသီဥတုရန်ပုံငွေများ

မြို့တော် ရာသီဥတုရန်ပုံငွေများဆိုသည်မှာ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန်နှင့် လိုက်လျောညီထွေဖြစ်စေရန် ရည်ရွယ်သည့် မြို့ပြ စီမံကိန်းများကို ပံ့ပိုးကူညီရန် ငွေကြေးစီမံရေးစနစ်ဖြစ်သည်။

အကြောင်းအရာဖော်ပြချက်

မြို့တော် ရာသီဥတုရန်ပုံငွေများဆိုသည်မှာ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရန်နှင့် လိုက်လျောညီထွေဖြစ်စေရန် ရည်ရွယ်သည့် မြို့ပြ စီမံကိန်းများကို ပံ့ပိုးကူညီရန် ငွေကြေးစီမံရေးစနစ်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤရန်ပုံငွေများသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချခြင်း၊ စွမ်းအင်ထိရောက်မှုကို မြှင့်တင်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ မြှင့်တင်ခြင်း၊ အများသုံး သယ်ယူပို့ဆောင်ရေးကို ပိုမိုကောင်းမွန်စေခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည်ကိုတိုးစေခြင်း စသဖြင့် ကိစ္စရပ်အမျိုးမျိုးကို အဓိကထားပါသည်။ ရန်ပုံငွေရရှိရာ ရင်းမြစ်များကွဲပြားနိုင်ပြီး အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာမှ ရန်ပုံငွေပံ့ပိုးသူများ ရောနှောပါဝင်နိုင်ပါသည်။ ဥပမာအချို့ပြရလျှင် C40 Inclusive Climate Action (ICA) မြို့ပြများရန်ပုံငွေ၊ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့မှ မြို့ပြငွေကြေးကွာဟမှုရန်ပုံငွေ (City Climate Finance Gap Fund) နှင့် GEF မှ ထောက်ပံ့သော UrbanShift အစီအစဉ်တို့ ပါဝင်သည်။ ပုံမှန်အားဖြင့် ဤရန်ပုံငွေများသည် အစိုးရ သို့မဟုတ် မြို့များကို စမတ်စီးတီးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကထားသည့် အကြံဉာဏ်နှင့် နည်းပညာအကူအညီများ၊ ဘဏ္ဍာငွေနှင့် ဆက်စပ်စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးခြင်းဖြစ်ပါသည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ  

  • ရန်ပုံငွေလိုအပ်ချက်များနှင့်ရည်မှန်းချက်များနှင့် ချိန်ညှိမှု။ ရန်ပုံငွေရှာဖွေသည့် စီမံကိန်းများသည် ရန်ပုံငွေတစ်ခုစီ၏ သီးခြားလိုအပ်ချက်များ၊ ရည်မှန်းချက်များ၊ ဦးစားပေးအစီအစဉ်များနှင့် အသေးစိတ် ကိုက်ညီရမည်ဖြစ်သည်။ ၎င်းတွင် ရန်ပုံငွေ၏ အဓိကနေရာများ၊ အဓိက အာရုံထားရာ ဒေသများနှင့် ရည်ရွယ်ထားသော ရလဒ်များကို စေ့စေ့စပ်စပ် သဘောပေါက် နားလည်ခြင်းတို့ ပါဝင်သည်။ ရန်ပုံငွေအတွက် အရည်အချင်းပြည့်မီနိုင်ရန် စီမံကိန်းများသည် ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိအောင် မြှင့်တင်ပေးမှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြတ်သားသော အကျိုးသက်ရောက်မှုများကို ပြသရမည်ဖြစ်သည်။ သက်ရောက်မှုအကဲဖြတ်မှု မူဘောင်များနှင့် အတိုင်းအတာများကို စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းများနှင့်အတူ ပေါင်းစပ်သင့်သည်။

အလားအလာရှိသော စိန်ခေါ်မှုများ  

  • ရှုပ်ထွေးသောလျှောက်ထားခြင်းနှင့်အတည်ပြုခြင်း လုပ်ငန်းစဉ်များသည် ရန်ပုံငွေ ထောက်ပံ့ခြင်းကို နှောင့်နှေးစေနိုင်သည်။ ဤရန်ပုံငွေများကိုရယူရန်အတွက် လျှောက်ထားခြင်းလုပ်ငန်းစဉ်များသည် ရှည်လျားပြီး၊ ဗျူရိုကရေစီဆန်နိုင်သလို ရှုပ်ထွေးနိုင်သည်။ အလားအလာရှိသော လျှောက်ထားသူများအတွက် အထူးသဖြင့် သေးငယ်သော အဖွဲ့အစည်းများ သို့မဟုတ် ရင်းမြစ်များနှင့် ကျွမ်းကျင်မှုမရှိသော ဒေသန္တရအစိုးရများ အတည်ပြုချက်၊ လိုအပ်ချက်များအားလိုက်နာဆောင်ရွက်ခြင်းနှင့် စာရွက်စာတမ်းပြုစုခြင်း စသည့်အဆင့်များစွာကို ဖြတ်သန်းရခြင်းတို့သည် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။
  • အပြိုင်အဆိုင်များမှုကြောင့် ရန်ပုံငွေရရှိနိုင်ခြေနည်းပါးနိုင်သည် အကန့်အသတ်ရှိသော ရင်းမြစ်များကို ရရှိရန် ပြိုင်ဆိုင်သူ များပြားသောကြောင့် ရန်ပုံငွေရရှိရန်မှာ ပြင်းထန်ခက်ခဲပါသည်။ ရန်ပုံငွေရရန်အတွက် စီမံကိန်းရည်မှန်းချက်များ၊ ရလဒ်များနှင့် အကျိုးသက်ရောက်မှုများကို ရှင်းလင်းပြတ်သားစွာဖော်ပြသည့် အရည်အသွေးမြင့် အဆိုပြုချက်များကို တင်သွင်းရန် လိုအပ်ပြီး လျှောက်ထားသူအများအပြားထဲကမှ မိမိ၏အဆိုပြုချက်ကို ထင်ရှားအောင်ပြုလုပ်ရန်မှာ အချို့သူများအတွက် အခက်အခဲဖြစ်စေပါသည်။
  • တွဲဖက်ဘဏ္ဍာငွေရရှိရေးဆိုင်ရာလိုအပ်ချက်များသည် ရန်ပုံငွေရရှိရေးအတွက် အဟန့်အတားဖြစ်စေနိုင်သည်။ ဤစီမံကိန်းများကို နည်းလမ်းတကျချိန်ညှိရန်၊ ညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ဘေးကျပ်နံကျပ်ကာလများအတွင်းနှင့် ဤကာလများ အလွန်တွင် စုပေါင်းအားထုတ်မှုများ အကောင်းဆုံး ပြုလုပ်ရန်အတွက် ထိုကဲ့သို့သော ရန်ပုံငွေများကို လက်ခံသူအချို့သည် အဆိုပါစီမံကိန်းများကို ပူးတွဲထောက်ပံ့ရန် လိုအပ်ပါသည်။ ထို့ကြောင့် အကန့်အသတ်ရှိသော ဘဏ္ဍာရေးရင်းမြစ်များနှင့် အဖွဲ့အစည်းဆိုင်ရာစွမ်းရည်များအပေါ်ရှိ အကန့်အသတ်များသည် ရန်ပုံငွေရရှိသူများအတွက် ရာသီဥတုဆိုင်ရာ ရန်ပုံငွေများရယူသုံးစွဲခြင်းကို အဟန့်အတားဖြစ်စေနိုင်သည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • အရေးကြီးသော ငွေကြေးအကူအညီများ ပေးစွမ်းနိုင်ခြင်း။ မြို့တော် ရာသီဥတုရန်ပုံငွေများသည် ရေရှည်တည်တံ့သော မြို့ပြပတ်ဝန်းကျင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီမြို့ပြများအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံစီမံကိန်းများကို ပံ့ပိုးပေးရန် အရေးကြီးသော ငွေကြေးအကူအညီကို ရစေသည်။ ဤရန်ပုံငွေများကို စိမ်းလန်းစိုပြေရေးနည်းပညာအသုံးပြုမှု၊ ကာဗွန်နည်းသော အခြေခံမြို့ပြအဆောက်အအုံများ တည်ဆောက်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် မူဝါဒပြုပြင်ပြောင်းလဲခြင်းများ အပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်ပါသည်။ ဤငွေကြေးအထောက်အပံ့သည် ရာသီဥတု ထိထိရောက်ရောက်ကောင်းမွန်မှုရှိလာရန်နှင့် လိုက်လျောညီထွေမှုရှိပြီး နည်းလမ်းကျသောဗျူဟာများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော အာဆီယံမြို့များအတွက် အရေးကြီးပြီး မြို့ပြခံနိုင်ရည်နှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးပါသည်။
  • စွမ်းရည်မြှင့်တင်ခြင်းနှင့် နည်းပညာများ လက်ခံကျင့်သုံးခြင်းတို့ကို
    အတွက်အထောက်အကူပြုခြင်း။
    ရာသီဥတုဆိုင်ရာစီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် စီမံခန့်ခွဲရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာများကို တာဝန်ရှိသူများ၊ စီမံကိန်းရေးဆွဲသူများနှင့် ဒေသဆိုင်ရာ အဓိကသက်ဆိုင်သူများအား ပညာပေးလေ့ကျင့်ရေးအတွက် ရင်းမြစ်များကို ဤရန်ပုံငွေများဖြင့် ထောက်ပံ့ပေးထားပါသည်။ မြို့ပြရေရှည်တည်တံ့မှုနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသော ခြေရာလက်ရာများကို လျှော့ချပေးသည့် ခေတ်မီဓာတ်အားဖြန့်ဖြူးရေးစနစ်များ၊ လျှပ်စစ်ကားများနှင့် စွမ်းအင်သက်သာသော အိမ်သုံးပစ္စည်းများကဲ့သို့သော အဆင့်မြင့် နည်းပညာများကို လက်ခံကျင့်သုံးခြင်းကိုလည်း ဤရန်ပုံငွေများက ထောက်ပံ့မြှင့်တင်ပေးပါသည်။
  • ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအစဉ်အလာများကို မြှင့်တင်ပေးသည်။ မြို့တော် ရာသီဥတုရန်ပုံငွေများမှ ပံ့ပိုးပေးသော စီမံကိန်းများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစဉ်အလာများကို တိုးတက်မြှင့်တင်နိုင်မည်ဖြစ်သည်။ ဤအစဉ်အလာများတွင် စိမ်းလန်းသော အခြေခံအဆောက်အအုံများ၊ စွမ်းအင်ချွေတာသည့် အဆောက်အအုံများ၊ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်များနှင့် ရာသီဥတုဒဏ်ခံနိုင်သော မြို့ပြစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်ပါသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  1. ကမ္ဘာ့ဘဏ် (2020)။ City Climate Finance Gap Fund. ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.worldbank.org/en/programs/gap-fund
  2. C40 မြို့တော်များ။ ကျွန်ုပ်တို့အကြောင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.c40.org/about-c40/
  3. ကမ္ဘာ့ဘဏ် (2022)။ City Climate Finance Gap Fund နှစ်စဉ် အစီရင်ခံစာ 2022။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.citygapfund.org/sites/default/files/2023-08/220927_world-bank-mdtf-gap-fund-annual-report-fr22.pdf
  4. World Resources Institute. မြို့ပြအသွင်ပြောင်းခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.wri.org/initiatives/urbanshift

Case Study

Scroll to Top