တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (BOT) စနစ်

တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (BOT) စနစ်ဆိုသည်မှာ အစိုးရကဏ္ဍမှ တရားဝင်ခွင့်ပြုသူက ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား စီမံကိန်းကာလအတွင်း အဆောက်အအုံ သို့မဟုတ် စနစ်တစ်ခု တည်ဆောက်စေပြီး လုပ်ငန်းဆောင်ရွက်ခွင့် ပေးအပ်သည့် အစိုးရနှင့် ပုဂ္ဂလိကအကြား ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံဖြစ်သည်။

Instrument Category

Other ınstruments ın the same Category

Relevant case study

Explanation of Build Operate Transfer model. Available at: https://www.wallstreetmojo.com/buildoperate-transfer

အကြောင်းအရာဖော်ပြချက်

အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး (PPP) ဆိုသည်မှာ အများပြည်သူ အကျိုးရှိသော ဝန်ဆောင်မှု သို့မဟုတ် ပိုင်ဆိုင်မှုကို ပေးအပ်ရန်အတွက် အစိုးရအဖွဲ့အစည်းတစ်ခုနှင့် ပုဂ္ဂလိကအဖွဲ့အစည်းအကြား ကာလရှည်စာချုပ်တစ်ခုဖြစ်ပြီး ပုဂ္ဂလိကအဖွဲ့အနေဖြင့် စွန့်စားရသည့်အရာများရှိပြီး တာဝန်ယူဆောင်ရွက်ရသည်။ PPP များသည် ကုန်ကျစရိတ်များကို အစိုးရမှ ပုဂ္ဂလိကလုပ်ဖော်ကိုင်ဖက်များထံ လွှဲပြောင်းပေးနိုင်ခြင်း၊ ပြင်ပကျွမ်းကျင်သူများကို ခေါ်ယူနိုင်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ရွေးချယ်ခွင့်အသစ်များကို ဖွင့်ပေးခြင်းတို့ကြောင့် အစိုးရများအတွက် ဆွဲဆောင်မှုရှိနိုင်ပါသည်။

တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (BOT) စနစ်ဆိုသည်မှာ အစိုးရကဏ္ဍမှ တရားဝင်ခွင့်ပြုသူက ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား စီမံကိန်းကာလအတွင်း အဆောက်အအုံ သို့မဟုတ် စနစ်တစ်ခု တည်ဆောက်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် ပေးအပ်သည့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ပုံစံဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်သည် အဆောက်အအုံ သို့မဟုတ် စနစ်ကို ငွေကြေးထောက်ပံ့၍ ပိုင်ဆိုင်ပြီး ဆောက်လုပ်ကာ စီမံကိန်းကာလအထိ ၎င်းကို စီးပွားရေးဆန်ဆန် လည်ပတ်သည်။ ထို့နောက်တွင် အဆောက်အအုံကို အစိုးရသို့ လွှဲပြောင်းသည်။ လုပ်ငန်းရှင်သည် သုံးစွဲသူများထံမှ ကောက်ခံသည့် အခွန်အစား အိမ်သုံးဝန်ဆောင်မှု/အစိုးရထံမှ ကောက်ခံသည့် အခကြေးငွေမှတစ်ဆင့် ၎င်း၏ဝင်ငွေများကို ရရှိသည်။

BOT စနစ်သည် စာချုပ်ပါ လုပ်ငန်းရည်မှန်းချက်များကို ပြည့်မီရန်အတွက် ကန်ထရိုက်တာက တာဝန်ယူသည့် ရလဒ်အခြေခံ စာချုပ်ဖြစ်သည်။ BOT စာချုပ်များသည် ပုံမှန်အားဖြင့် လုပ်ငန်းလည်ပတ်သည့်ကာလ 20 နှစ်မှ အနှစ် 30 အထိရှိသော နှစ်ရှည်စာချုပ်များဖြစ်သည်။ BOT စာချုပ်များသည် ပုံမှန်အားဖြင့် အကြီးစားစီမံကိန်းများနှင့် ယခုမှ စတင်ဆောင်ရွက်မည့် စီမံကိန်းများအတွက် သင့်လျော်ပါသည်။ ၎င်းတို့ကို ပုံမှန်အားဖြင့် ကွန်ရက်တစ်ခုလုံး (ဥပမာ- သယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခုလုံး) ထက် သီးခြားပစ္စည်းတစ်ခု (ဥပမာ- ဖြတ်သန်းခပေးရသော လမ်းမ) ကို တည်ဆောက်ပြုပြင်ရန် အသုံးပြုသည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • PPP များအတွက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်။ BOT စီမံကိန်းများအပါအဝင် PPP စီမံကိန်းများကို တည်ဆောက်ရန်အတွက် နိုင်ငံအတွင်း ခိုင်မာသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်ရှိရန် အရေးကြီးပါသည်။ ဤမူဘောင်တွင် ပုဂ္ဂလိကကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများကို သတ်မှတ်ခြင်း၊ ပွင့်လင်းမြင်သာသော ဝယ်ယူမှုဖြစ်စေရေး လုပ်ဆောင်ခြင်း၊ အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များကို အကြမ်းဖျဉ်းသတ်မှတ်ထားရှိခြင်းနှင့် ဒေဝါလီခံခြင်း/ငွေပြန်ဆပ်ရန် ပျက်ကွက်မှုများအတွက် အစီအမံများ သတ်မှတ်ခြင်းတို့ ပြုလုပ်သင့်သည်။ အဖွဲ့အစည်းများအကြား ပြဋ္ဌာန်းနိုင်မှုစွမ်းရည်များကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြရန် မရှိမဖြစ်လိုအပ်ပါသည်။ စည်းမျဉ်းစည်းကမ်းမူဘောင်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေးရုံသာမက လုပ်ငန်းလုပ်ဆောင်မှုကြာချိန်၊ စျေးနှုန်းဆုံးဖြတ်ချက်များနှင့် စာချုပ်ချုပ်ဆိုရန်အစီအစဉ်များနှင့် တရားဥပဒအတိုင်း စည်းကမ်းလိုက်နာရေးတို့အပေါ်လည်း လွှမ်းမိုးပါသည်။
  • ဒီဇိုင်းနှင့် အကောင်အထည်ဖော်ရာတွင် ပြည်သူပိုင်ကဏ္ဍအတွက်ကျွမ်းကျင်ပညာရှင်။ အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု PPP အား အကောင်အထည်ဖော်ရာတွင် အောင်မြင်မှုသည် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဌာနများအကြား တာဝန်လုပ်ဆောင်ရမည့် အခန်းကဏ္ဍအသီးသီးကို ရှင်းရှင်းလင်းလင်း အသေးစိတ်ချပြထားသည့် ထိရောက်သော အဖွဲ့အစည်းဆိုင်ရာ မူဘောင်အပေါ် မူတည်သည်။ ၎င်းသည် ထိရောက်မှုကို မြှင့်တင်ပေးပြီး အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု သဘောတူညီချက် PPP များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေကာ ပူးပေါင်းလုပ်ဆောင်သည့် လုပ်ငန်းများ၏ အလုံးစုံအောင်မြင်မှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးသည်။ အတွေ့အကြုံ၊ နည်းပညာဆိုင်ရာ အရည်အချင်းနှင့် ဘဏ္ဍာရေးစွမ်းရည်ကဲ့သို့ အချက်များပေါ်အခြေခံ၍ သင့်လျော်သော ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်တစ်ဦးကို ဖော်ထုတ်ရန် အပြိုင်အဆိုင် လေလံဆွဲခြင်း လုပ်ငန်းစဉ်တစ်ခုကို အစိုးရက တာဝန်ယူဆောင်ရွက်သည့် BOT စီမံကိန်းများတွင် အစိုးရကဏ္ဍ စွမ်းဆောင်ရည်သည် အထူးအရေးပါသည်။
  • အရည်အချင်းပြည့်မီသော ပုဂ္ဂလိကကဏ္ဍမှပံ့ပိုးပေးသူများ။ ပြည်သူအတွက် ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ပုဂ္ဂလိကကဏ္ဍတွင် တိုးတက်အောင်နိုင်စွမ်းရှိမှသာ အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု PPP က အောင်မြင်မည်ဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့်ပုဂ္ဂလိက လက်တွဲဆောင်ရွက်မှု PPP ကို အစိုးရ သို့မဟုတ် ပြည်သူတို့ လိုအပ်သော ဝန်ဆောင်မှုစံနှုန်းများနှင့် ကိုက်ညီသော ကျွမ်းကျင်မှုများ ပိုင်ဆိုင်ထားသည့် ပုဂ္ဂလိကကဏ္ဍက ဆောင်ရွက်ပေးမည့် စီမံကိန်းများတွင်သာ အသုံးချသင့်သည်။ ပိုင်ဆိုင်ပစ္စည်း ဆောက်လုပ်မှုနှင့် လည်ပတ်မှုအတွက် ငွေကြေးရရှိအောင်လုပ်ခြင်းနှင့် ၎င်းကို စီးပွားရေးအရ အလားအလာကောင်းအောင်လုပ်ခြင်းအတွက် ပုဂ္ဂလိကအဖွဲ့အစည်းတွင် တာဝန်ရှိသည့် BOT မော်ဒယ်တစ်ခုတွင် ဤစနစ်သည် အထူးအရေးကြီးသည်။ အစိုးရသည် အိမ်သုံးဝန်ဆောင်မှုအတွက် အဖိုးအခများပေးဆောင်ရာတွင် အဓိကဖောက်သည်အဖြစ် ဆောင်ရွက်သော်လည်း BOT စီမံကိန်းတစ်ခု စီးပွားရေးအရ အလားအလာကောင်းရန်အလို့ငှာ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်အနေနှင့် ၎င်း၏ ငွေကြေးဆိုင်ရာ တာဝန်ဝတ္တရာများကို ဖြည့်ဆည်းရန်၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် အန္တရာယ်များကို ထိရောက်စွာ ကိုယ်တွယ်ရန်၊ ထိုနည်းဖြင့် အောင်မြင်ပြီး ရေရှည်တည်တံ့သော ဝန်ဆောင်မှုများ ပေးအပ်မှုကို သေချာအောင်လုပ်ရန် မရှိမဖြစ်လိုအပ်သည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု(PPP) မူဘောင်များကို အကောင်အထည်ဖော်ရန် အစိုးရကဏ္ဍတွင် စွမ်းဆောင်ရည် နည်းပါးခြင်း။ မူဝါဒရေးဆွဲရေးနှင့် စည်းကမ်းထိန်းသိမ်းမှုပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အစိုးရကဏ္ဍတွင် စွမ်းဆောင်ရည် မလုံလောက်ခြင်းသည် အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်မှု PPP အတွက် ခိုင်မာသော ဥပဒေ/စည်းမျဉ်းဘောင်တစ်ခု ဖန်တီးရာတွင် အခက်အခဲဖြစ်စေနိုင်ပြီး ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုကို အဟန့်အတား ဖြစ်စေသည်။ ထို့အပြင် အစိုးရနှင့်ပုဂ္ဂလိကအကြား လက်တွဲဆောင်ရွက်သည့် PPP စီမံကိန်းများကို ရေးဆွဲ၊ စီမံခန့်ခွဲရာတွင် အစိုးရကဏ္ဍ၌ စွမ်းဆောင်ရည် အပြည့်အဝမရှိခြင်းသည် အရည်အချင်းမမီသော စာချုပ်များ၊ အန္တရာယ် မျှခံမှု မရှင်းလင်းခြင်းနှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်မှု လျော့နည်းသွားခြင်းတို့ ဖြစ်စေနိုင်သည်။ အထူးသဖြင့် BOT စီမံကိန်းများသည် BOT မော်ဒယ်၏ အကျိုးကျေးဇူးအပြည့်အဝကို ရရှိကြောင်း သေချာစေရန် ပွင့်လင်းမြင်သာပြီး တရားမျှတသော လေလံစနစ်နှင့် အကဲဖြတ်ခြင်း လုပ်ထုံးလုပ်နည်းများကို ဖော်ဆောင်ကျင့်သုံးခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်စဉ်အတွင်း ဖြစ်လာနိုင်သော အငြင်းပွားမှုများကို ဖြေရှင်းခြင်းကဲ့သို အစိုးရကဏ္ဍမှ မြင့်မားသော ကျွမ်းကျင်မှုနှင့် ကြီးကြပ်မှုအဆင့်ကို လိုအပ်သည်။ BOT စီမံကိန်းများတွင် အဖွဲ့များစွာ ပါဝင်သောကြောင့် ၎င်းတို့သည် အများပြည်သူ အကျိုးစီးပွားကို ကာကွယ်ရန် ခိုင်မာစွာ ချိတ်ဆက်ထားသော စာချုပ်များနှင့် ဂရုတစိုက် စည်းမျဉ်းစည်းကမ်း ကြီးကြပ်မှုကို လိုအပ်သည်။ သို့သော်လည်း ၎င်းတို့ကို ထိရောက်စွာ အကောင်အထည်ဖော်ပြီး စောင့်ကြည့်ရန် ခက်ခဲနိုင်သည်။
  • ပုဂ္ဂလိကကဏ္ဍတွင် စွမ်းရည်ကင်းမဲ့ခြင်းနှင့်အနည်းအကျဉ်းသာ ပါဝင်ခြင်း။ ပုဂ္ဂလိကကဏ္ဍတွင် စွမ်းရည်မပြည့်ခြင်းသည် ကန်ထရိုက်တာများအတွက် ဥပဒေနှင့် စည်းကမ်းဘောင်များကို လိုက်နာရန် စိန်ခေါ်မှုများ ရှိလာနိုင်ပြီး စီမံကိန်းအကောင်အထည်ဖော်ရာတွင် ပိတ်ဆို့မှုများနှင့် နှောင့်နှေးမှုများ ဖြစ်စေသည်။စီမံကိန်းသက်တမ်းတစ်လျှောက် ကြီးကြပ်ရမည့်သူသည် စာချုပ်ပါ တာဝန်ဝတ္တရားများနှင့် စည်းမျဉ်းစည်းကမ်းများကို မဖြည့်ဆည်းနိုင်ဘဲ အိမ်သုံးဝန်ဆောင်မှု/အထောက်အကူပြု အဆောက်အအုံများ ဆောက်လုပ်၊ လုပ်ပတ်မှုကို နှောင့်နှေးစေနိုင်သည့် BOT မော်ဒယ်တစ်ခုတွင် ဤပြဿနာမှာ အထူးသိသာထင်ရှားသည်။ ထို့အပြင် BOT စီမံကိန်းများတွင် အမြတ်အစွန်းများ ရရှိရန်လိုအပ်သည့် များပြားသော အရင်းအနှီးငွေများနှင့် ရှည်လျားသော အချိန်ကာလများသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအတွက် မြင့်မားသော စွန့်စားမှုများကို ဖြစ်ပေါ်စေသည်။ စွန့်စားမှု မြင့်မားနိုင်ခြေရှိမှုသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများထံမှ စိတ်ဝင်စားမှု အနည်းအကျဉ်းသာ ရရှိစေပြီး BOT စီမံကိန်းများအတွက် အလားအလာရှိသော မိတ်ဖက်လူစုကို လျော့နည်းစေနိုင်ခြေရှိသည်။
  • ဝန်ဆောင်မှုကို ရပ်တန့်ပစ်ရနိုင်သည့် အန္တရာယ်အလားအလာ။ ကန်ထရိုက်တာသည် စာချုပ်ကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျှင် အစိုးရ သို့မဟုတ် အခြားပုဂ္ဂလိကဝန်ဆောင်မှုပေးသူများက လုပ်ငန်းလွှဲပြောင်းရယူကာ ဝန်ဆောင်မှုဆက်မပေးနိုင်လျှင် ဝန်ဆောင်မှုဆက်လက်ရရှိနိုင်ရေးကို ထိခိုက်နိုင်သည်။ တာဝန်များလွှဲပြောင်းရာတွင် ရှုပ်ထွေးသော သဘောသဘာဝနှင့် ဖြစ်နိုင်ခြေရှိသော ဥပဒေရေးရာ ရှုပ်ထွေးမှုများကို ထည့်သွင်းစဉ်းစားပါက လုပ်ငန်းရှင်များ ပြောင်းလဲရန် ကုန်ကျစရိတ်များ မြင့်မားသည့် BOT စီမံကိန်းများတွင် ဤစိန်ခေါ်မှုသည် အထူးသက်ဆိုင်သည်။
  • လုပ်ငန်းလည်ပတ်မှုအဆင့်အတွင်း ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးခြင်း။ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်က နေ့စဉ်လုပ်ငန်းစဉ်များကို ကြီးကြပ်သဖြင့် အစိုးရသည် လုပ်ငန်းလည်ပတ်မှုအဆင့်အတွင်း ထိန်းချုပ်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချရန် အခွင့်အာဏာ လျော့နည်းသွားခြင်းကို တွေ့ကြုံရနိုင်သည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • ကုန်ကျစရိတ်သက်သာနိုင်ခြေရှိခြင်း။ ဒီဇိုင်းဆွဲခြင်း၊ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းစသည့် အမျိုးမျိုးသောစီမံကိန်းအပိုင်းများကို ကြီးကြပ်သည့်အလုပ်ကိုလုပ်ရသည့် ပုဂ္ဂလိကအပိုင်းမှ ကန်ထရိုက်တာများ အနေဖြင့် ရေရှည်ကုန်ကျစရိတ်နှင့်ကိုက်မည့် ထိရောက်မှုအတွက် သက်တမ်းတစ်ခုလုံးစာ စရိတ်ကို အသက်သာဆုံးဖြစ်စေရန် မက်လုံးပေးခံရပါသည်။ ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးပေးသူများသည် စီမံကိန်းသက်တမ်းအတွင်း ကုန်ကျစရိတ်များကို လျှော့ချပြီး အရည်အသွေးမြင့် စံချိန်စံညွှန်းများကို ထိန်းသိမ်းထားရန် ဦးစားပေးလုပ်ဆောင်သောကြောင့် ၎င်းသည် ပြည်သူ့ကဏ္ဍအတွက် ပိုမိုကောင်းမွန်သော တန်ဖိုးကို ဖြစ်ပေါ်စေပါသည်။ ၎င်းသည် အလွန်အပြိုင်အဆိုင်များသော ဈေးပြိုင်ပေးရသည့် အခြေအနေတစ်ခုတွင် စီမံကိန်းများကို ဆောင်ရွက်ရသည့်အတွက်ကြောင့် တတ်နိုင်သမျှ အနိမ့်ဆုံးကုန်ကျစရိတ်ဖြင့် အပြီးသတ်သည့် BOT စီမံကိန်းများနှင့် အထူးသက်ဆိုင်မှုရှိသည်။
  • ပုဂ္ဂလိကကဏ္ဍ ကန်ထရိုက်တာများအားအကောင်းဆုံးရလဒ်များကို ဖော်ဆောင်ရန် မက်လုံးများပေးသည်။ ပုဂ္ဂလိကကဏ္ဍ ကန်ထရိုက်တာများသည် အမျိုးမျိုးသော စီမံကိန်းအဆင့်များတစ်လျှောက် စွမ်းဆောင်ရည်ပန်းတိုင်များကို ပြည့်မီပြီး ကျော်လွန်နိုင်ရန် ကြိုးပမ်းခြင်းဖြင့် အကောင်းဆုံးရလဒ်များကို ပေးဆောင်ရန် မက်လုံးများ ပေးထားသည်။ ယင်းက ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေး၊ အချိန်မီ စီမံကိန်းများ ပေးအပ်နိုင်ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ထိထိရောက်ရောက်ဖြင့် ရေရှည်စီမံခန့်ခွဲနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် အစိုးရကဏ္ဍနှင့် သုံးစွဲသူများကို အဆုံးစွန်သော အကျိုးဖြစ်ထွန်းစေပါသည်။ အထူးသဖြင့် BOT မော်ဒယ်သည် စွမ်းဆောင်ရည်အခြေခံ စာချုပ်များနှင့် ရလဒ်ဦးစားပေးသော လျာထားချက်များမှတစ်ဆင့် ထိရောက်မှုကိုမြှင့်တင်ရန် လုပ်ငန်းများအတွက် နည်းလမ်းများနှင့် မက်လုံးများကို ပေးသည်။
  • BOT စီမံကိန်းများသည် အရှိန်အဟုန်ဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးနိုင်သည်။ BOT စီမံကိန်းများသည် ပုဂ္ဂလိကကဏ္ဍ၏ ကျွမ်းကျင်မှု၊ ရန်ပုံငွေထောက်ပံ့မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ထိရောက်မှုကို အကောင်းဆုံး အသုံးချခြင်းဖြင့် အရေးကြီးသော အခြေခံအဆောက်အအုံကို အချိန်မီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေသည်။ ၎င်းသည် စီမံကိန်းပြီးစီးမှုကို မြန်ဆန်စေရုံသာမက မြင့်တက်နေသော လူ့အဖွဲ့အစည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မရှိမဖြစ် အခြေခံအဆောက်အအုံကို လျင်မြန်စွာ ဖော်ဆောင်နိုင်စေပြီး လူမှုအသိုင်းအဝိုင်းအတွင်း အလုံးစုံ အဆင်ပြေချောမွေ့စေရေးကို မြှင့်တင်ပေးသည်။
  • အစိုးရကဏ္ဍထံမှ စွန့်စားမှုကို လက်လွှဲနိုင်ရန် ပံ့ပိုးကူညီသည်။ BOT စီမံကိန်းတစ်ခုတွင်း ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်သည်စီမံကိန်းကာလအတွင်း ဆောင်လုပ်ရေးနှင့် လည်ပတ်ရေးဆိုင်ရာ စွန့်စားမှုအားလုံးအတွက် တာဝန်ကို ယူသည်။ ဤဗျူဟာမြောက်စိုးရိမ်စရာများမှာ အစိုးရကဏ္ဍအပေါ်တွင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်စေရုံမျှမက ပုဂ္ဂလိကကဏ္ဍအတွင်းတွင်ပါ ခိုင်မာသည့် စိုးရိမ်မှုစီမံခန့်ခွဲရေးဗျူဟာများကို ကျင့်သုံးရန်ဖြစ်လာစေပြီး တာဝန်ယူမှုရှိရမည်ဟူသည့်အသိကို ဖြစ်ပေါ်စေပါသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

Case Study

Scroll to Top