ငွေချေးသက်သေခံလက်မှတ်များ (Asset-Backed Securities, ABS)

ငွေချေးသက်သေခံလက်မှတ်ဆိုသည်မှာ ချေးငွေများ သို့မဟုတ် ထုတ်ပေးသူများအား ပြန်ပေးရမည့်အကြွေးကဲ့သို့ ဝင်ငွေရစေသော ပိုင်ဆိုင်မှုများကို ပေါင်းစုပြီး ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချသည့် ရောင်းနိုင်၊ ဖလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည့် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတစ်ခုဖြစ်သည်။

အကြောင်းအရာဖော်ပြချက်

ငွေချေးသက်သေခံလက်မှတ်ဆိုသည်မှာ ချေးငွေများကဲ့သို့သော ဝင်ငွေရစေသည့်အရာများစွာကို စုစည်းပြီး ကုန်သွယ်ရောင်းဝယ်နိုင်သည့် အစုရှယ်ယာလက်မှတ်တစ်ခုအဖြစ် ပြောင်းလဲပေးသည့် ရင်းနှီးမြှုပ်နှံမှု နည်းလမ်းတစ်ခုဖြစ်သည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ၎င်း၏ ချေးငွေများ သို့မဟုတ် ကြွေးမြီကို ထုတ်ပေးသူဖြစ်သော ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုထံသို့ ရောင်းချပြီး ထို့နောက်တွင် ၎င်းအဖွဲ့အစည်းမှတစ်ဆင့် ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချနိုင်ရန် ကြွေးမြီကို ရင်းနှီးမြှုပ်နှံမှုအစုစုအဖြစ် စုစည်းလိုက်သည်။ ငွေဖြစ်ရန်မလွယ်ကူသည့်ပိုင်ဆိုင်မှုများကို ကုန်သွယ်ရောင်းဝယ်နိုင်သည့် ဘဏ္ဍာရေးဆိုင်ရာပစ္စည်းများ (အစုရှယ်ယာလက်မှတ်များ) အဖြစ် ပေါင်းစုသည့်လုပ်ငန်းစဉ်ကို အစုရှယ်ယာလက်မှတ်များအဖြစ် ပြောင်းလဲထုတ်ပေးခြင်းဟုခေါ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏ အစုရှယ်ယာလက်မှတ်များပေါ်မှဝင်ငွေများကို အခြေခံပိုင်ဆိုင်မှုများ၏ ငွေသားစီးဆင်းမှုမှတစ်ဆင့် ရယူသည်။ လက်ရှိပိုင်ဆိုင်မှုများအတွက် ချေးငွေများကို ဘဏ္ဍာငွေထောက်ပံ့ရန် သို့မဟုတ် ဘဏ္ဍာငွေ ပြန်လည်ထောက်ပံ့ရန် ABS ကို အသုံးပြုနိုင်သည်။ ဝင်ငွေရရှိရေးဦးတည်သော ရင်းနှီးမြှုပ်နှံသူများတွေက် တည်ငြိမ်သည့်စီးဆင်းမှုတစ်ခုဖြစ်သော ABS များသည် ဆွဲဆောင်မှုရှိပြီး အစိုးရ သို့မဟုတ် ကော်ပိုရိတ် ငွေချေးစာချုပ်များကဲ့သို့သော ထုံးတမ်းစဉ်လာ ပုံသေဝင်ငွေရစေသည့်အရာများထက် ပိုမိုများပြားသော ပိုငွေများရရှိ​စေသည်။ စမတ်စီးတီး ဘဏ္ဍာငွေထောက်ပံ့ရေးနှင့် ဆက်စပ်ပါက စိမ်းလန်းစိုပြေရေး သို့မဟုတ် ရာသီဥတုဆိုင်ရာ အသေးစား စမတ်စီမံကိန်းများကို ငွေကြေးထောက်ပံ့ရန် အဓိကရည်ရွယ်၍ ABS ကို ထုတ်ပေးပြီး ယင်းသည် စိမ်းလန်းစိုပြေရေး သို့မဟုတ် ရာသီဥတုဆိုင်ရာ စမတ်စီမံကိန်းများကို အခြေခံပစ္စည်းအဖြစ်သဘောထားပြီး ချေးငွေထုတ်ပေးသည်။

Description of Asset-backed securities. Available at: https://corporatefinanceinstitute.com/resources/fixed-income/asset-backed-securities-abs/

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာမျာ

  • လမ်းဖွင့်ပေးသည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပတ်ဝန်းကျင်။ ABS များ အသုံးပြုနိုင်စေရေး လမ်းစဖွင့်ပေးသည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပတ်ဝန်းကျင်သည် မရှိမဖြစ်အရေးကြီးပါသည်။ ၎င်းတွင် အစုရှယ်ယာလက်မှတ်များအဖြစ် အသွင်ပြောင်း၍ အရောင်းအဝယ်လုပ်မှုများအပေါ် လွှမ်းမိုးထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းများ ထားရှိခြင်း၊ ရင်းနှီးမြှုပ်နှံသူများအား ကာကွယ်ခြင်းနှင့် ဈေးကွက်တွင်း ပွင့်လင်းမြင်သာရေးအတွက် လိုအပ်ချက်များကို ဖွင့်ဟဖော်ထုတ်ခြင်းတို့ ပါဝင်ပါသည်။ ABS တွင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာစေရေး မြှင့်တင်ရန်အတွက် စည်းကမ်းထိန်းသိမ်းမှုပိုင်းတွင် သေချာလုပ်ဆောင်ဖို့ လိုအပ်ပါသည်။
  • စိမ်းလန်းစိုပြေရေး သို့မဟုတ် စမတ်စီးတီး စီမံကိန်းများအတွက် ချေးငွေစာချုပ်များကို စံအဆင့်အတန်းသတ်မှတ်ရန် လုပ်ငန်းမူဘောင်။ စိမ်းလန်းစိုပြေရေး သို့မဟုတ် စမတ်စီးတီး စီမံကိန်းများအတွက် ချေးငွေများကို အမျိုးအစားခွဲ၍ အကဲဖြတ်ပေးနိုင်မည့် စနစ်ကျသောချဉ်းကပ်နည်းစနစ်ကို သတ်မှတ်ပေးထားသည့် လုပ်ငန်းမူဘောင်တစ်ခုသည် ABS ထံမှ ငွေအရင်းအနှီးကို ပို၍စိမ်းလန်းစိုပြေပြီး စမတ်ပိုဖြစ်သည့် မြို့တော်အသွင် ကူးပြောင်းနိုင်ရေးအတွက် အသုံးပြုကြောင်း သေချာစေရန် ကူညီပေးပါမည်။ ထိုရည်ရွယ်ချက်အလို့ငှာ စိမ်းလန်းစိုပြေရေး သို့မဟုတ် စမတ်စီးတီး စီမံကိန်းများအတွက် ချေးငွေစာချုပ်များကို စံအဆင့်သတ်မှတ်နိုင်ရန် အစိုးရကဏ္ဍမှပုဂ္ဂိုလ်များနှင့် ဈေးကွက်တွင်းလုပ်ကိုင်နေသူများအကြား အနီးကပ်လက်တွဲဆောင်ရွက်ခြင်းသည် အကူအညီဖြစ်စေပါသည်။
  • ချေးငွေအာမခံချက် ယန္တရားများကို အသုံးပြုခြင်း။ အာမခံပစ္စည်းများကဲ့သို့သော ခရက်ဒစ် ချေးငွေအာမခံချက် ယန္တရားများကို အသုံးပြုခြင်းသည် ABS အတွက် အကြွေးဆပ်နိုင်ချေအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ပို၍ဆွဲဆောင်မှုရှိစေသည်။

အလားအလာရှိသော စိန်ခေါ်မှုမျာ

  • အပေါင်ပစ္စည်းများကို စုစည်းစီစဉ်ရာတွင် ရှုပ်ထွေးမှု။ ABS အတွင်းရှိ အခြေခံအပေါင်ပစ္စည်းတွင် အမျိုးမျိုးသောပိုင်ဆိုင်ပစ္စည်းများ ပါဝင်လေ့ရှိတတ်သည်။ ငွေပေးချေမှုဆိုင်ရာ ဖွဲ့စည်းပုံများ၊ ကြွေးဆပ်နိုင်စွမ်းအရည်အသွေးနှင့် အခြား ဝိသေသလက္ခဏာများ ကွဲပြားမှုကြောင့် ဤပိုင်ဆိုင်ပစ္စည်းများကို အကဲဖြတ်ခြင်းနှင့် စုစည်းစီစဉ်ခြင်းသည် စိန်ခေါ်မှုရှိနိုင်သည်။
  • ရင်းနှီးမြှုပ်နှံသူ၏ ယုံကြည်မှုနှင့် ဘက်မလိုက်သည့်အကဲဖြတ်မှု။ ABS ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူထံမှ စိတ်ဝင်စားမှုနှင့် ယုံကြည်မှုရရှိရေး တည်ဆောက်ခြင်းက အရေးပါလှသည်။ အခြေခံပိုင်ဆိုင်ပစ္စည်းများ၊ အန္တရာယ်ဆိုင်ရာ အချက်များနှင့် အစုရှယ်ယာလက်မှတ်များ၏ ဖွဲ့စည်းပုံတို့နှင့် ဆက်စပ်သည့် အချက်အလက်များကို ဖွင့်ချရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်းက ရင်းနှီးမြှုပ်နှံသူ၏ စိတ်ဝင်စားမှုရှိအောင် ဆွဲဆောင်ရာတွင်နှင့် ဈေးကွက်တွင်း သမာသမတ်ဖြစ်မှုကို ထိန်းသိမ်းရာတွင် အရေးကြီးပါသည်။
  • ဈေးကွက်နှင့် စီးပွားရေးအခြေအနေများကိုလိုက်၍ ထိခိုက်လွယ်မှုနှင့် ပိုမိုမြင့်မားသော ဘေးအန္တရာယ်များ။ ABS သည် ဈေးကွက်နှင့် စီးပွားရေးအခြေအနေများကိုလိုက်ပြီး ထိခိုက်လွယ်ပါသည်။ အတိုးနှုန်းများ၊ စီးပွားရေး ကျဆင်းမှုများနှင့် သုံးစွဲသူအပြုအမူကဲ့သို့သော အချက်များက အခြေခံပိုင်ဆိုင်ပစ္စည်းများ၏ စွမ်းဆောင်ရည်အပေါ် သက်ရောက်နိုင်ပြီး အစုရှယ်ယာလက်မှတ်များ၏ ခြုံငုံဖွဲ့စည်းတည်ဆောက်မှုအပေါ် လွှမ်းမိုးနိုင်သည်။ ABS သည် အခြား ပုံသေဝင်ငွေရစေသည့် အစုရှယ်ယာလက်မှတ်များထက် ချေးငွေဆုံးရှုံးနိုင်သည့်အန္တရာယ်၊ ငွေဖြစ်လွယ်မှုဆိုင်ရာအန္တရာယ်နှင့် တန်ဖိုးသတ်မှတ်မှုဆိုင်ရာ အန္တရာယ်များ ပိုများသည်။

အလားအလာရှိသော အကျိုးအမြတ်မျာ

  • အသေးစားချေးငွေများကို စုပေါင်းပေးသည့်အရာ။ အသေးစားစီမံကိန်းများအတွက် ချေးငွေများကို စုပေါင်း၍ ငွေချေးစာချုပ် ဈေးကွက်များအတွက် လုံလောက်သည့်အပေးအယူ အရွယ်အစားတစ်ခုထိရောက်အောင် အစုရှယ်ယာလက်မှတ်များအဖြစ် အသွင်ပြောင်းနိုင်သည်။ အစုရှယ်ယာလက်မှတ်အဖြစ်အသွင်ပြောင်းခြင်းကို ‘စိမ်းလန်းစိုပြေရေး’ သို့မဟုတ် ‘ရေရှည်တည်တံ့ရေး’ ဟု အမည်တပ်ခြင်းအားဖြင့် အစုရှယ်ယာလက်မှတ်ထုတ်သူများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်များရှိသော အစုရှယ်ယာလက်မှတ်များအတွက် ဝယ်လိုအားပိုများလာမှုကို ခံစားရသည်။
  • ဘဏ်မှ ထောက်ပံ့ငွေယူခြင်းထက် ငွေအရင်းအနှီးကုန်ကျစရိတ် သက်သာခြင်း။ စိတ်ဝင်စားမှုများပြားသည့်နယ်ပယ်တွင် ငွေချေးစာချုပ်ဈေးကွက်တွင်း ထုတ်ရောင်းလိုက်သည့် ABS သည် ဘဏ်မှ ထောက်ပံ့ငွေထက် ကုန်ကျစရိတ် ပိုထိရောက်သော ဘဏ္ဍာငွေ ရှာဖွေခြင်း ဖြေရှင်းချက်တစ်ခု ဖြစ်နိုင်သည်။ ငွေအရင်းအနှီးသုံးစွဲမှုမြင့်မားသည့် စီမံကိန်းများအတွက် ၎င်းက အထူးအရေးကြီးပါသည်။
  • ငွေဖြစ်မလွယ်သည့် ပိုင်ဆိုင်ပစ္စည်းများအတွက် ငွေဖြစ်လွယ်မှုကို မြှင့်တင်ပေးခြင်း။ ABS သည် ချေးငွေအမျိုးမျိုးကို ကုန်သွယ်ရောင်းဝယ်နိုင်သည့် အစုရှယ်ယာလက်မှတ်များအဖြစ်သို့ ပေါင်းစုပြီး ပြောင်းလဲပေးခြင်းဖြင့် အခြေခံပိုင်ဆိုင်ပစ္စည်းများ၏ ငွေဖြစ်လွယ်မှုကို မြှင့်တင်ပေးနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ပိုင်ဆိုင်ပစ္စည်းများကို အဝင်အထွက် မျှခြေစာရွက်မှ ဖယ်ရှားပေးပြီး ABS ရောင်းချရာမှ ရရှိသော ငွေအရင်းအနှီးကို အသုံးချ၍ မူလချေးငွေထုတ်ပေးသူများက ချေးငွေများ ပိုထုတ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုအစုစုအသစ်တစ်ခု ဖန်တီးနိုင်သည်။
  • ရင်းနှီးမြှုပ်နှံမှုအစုစုတွင် ခွဲဝေမြှုပ်နှံထားရန် အားသန်ပြီး အပိုငွေ ရရှိလိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိခြင်း။ ABS သည် ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုအစုစုကို ခွဲဝေမြှုပ်နှံနိုင်စေမည့် နည်းလမ်းတစ်ခုဖြစ်သည်။ ပိုင်ဆိုင်ပစ္စည်းများစွာကို အခြေခံ၍ အစုရှယ်ယာလက်မှတ်အစိတ်အပိုင်းများကို ဖန်တီးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ အန္တရာယ်ခံနိုင်ရည်နှင့် လိုက်ဖက်ညီသည့် စွန့်စားနိုင်မှုနှင့် အကျိုးရှိနိုင်မှုအကြား ရွေးချယ်နိုင်စွမ်းရှိမည်ဖြစ်သည်။ ABS သည် ပို၍အစဉ်အလာဖြစ်နေသော အစိုးရ သို့မဟုတ် ကော်ပိုရိတ် ချေးငွေစာချုပ်များနှင့် ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်တူပြီး ၎င်းတို့ထက်စာလျှင် အပိုဝင်ငွေကိုလည်း ရစေနိုင်သည်။ ဤအတွက်ကြောင့်ပင် ABS သည် စမတ်စီးတီး စီမံကိန်းများအတွက် ရန်ပုံငွေမတည်ရေး ပိုမိုလွယ်ကူသည့်အလားအလာရှိသော လမ်းကြောင်းတစ်ခုဖြစ်သည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်မျာ

Case Study

Scroll to Top