ဘဏ္ဍာငွေရယူမှုနည်းလမ်းနှင့် ပမာဏ
ရေပတ်ဝန်းကျင်အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ဗီယက်နမ်အစိုးရကို ချေးငွေ အမေရိကန်ဒေါ်လာ 231 သန်း ချေးပေးခဲ့သည်
နောက်ခံအကြောင်းအရာ
ဗီယက်နမ်သည် အထူးသဖြင့် တောင်ပိုင်းကျေးလက်ဒေသများတွင် သန့်စင်မထားသော ရေဆိုးများနှင့် ရေနုတ်မြောင်းများ မလုံလောက်မှုတို့ကို စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ အဆိုပါနေရာများတွင် မိလ္လာစုဆောင်းစနစ်နှင့် ပြုပြင်နိုင်စွမ်း အကန့်အသတ်ရှိသောကြောင့် အနီးနားရှိ မြစ်များအတွင်း ညစ်ညမ်းမှုများ မြင့်မားလာစေပြီး ယင်းဒေသတွင် နေထိုင်ကြသူများအတွက် ကျန်းမာရေးအန္တရာယ်များ သိသိသာသာ ဖြစ်ပေါ်စေပါသည်။
ထို့ကြောင့် ဒေသအတွင်း ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကျန်းမာပြီး ပိုမိုရေရှည်တည်တံ့သော လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးရာတွင် ကောင်းမွန်သော ရေဆိုးစီမံခန့်ခွဲမှုစနစ်များ တည်ဆောက်ရေးကို ပံ့ပိုးပေးခြင်းသည် အလွန်အရေးကြီးပါသည်။ ဤစီမံကိန်းတွင် တန်ယူယန်၊ သူယန်အန်းနှင့် ဒိုင်အန်းမြို့များကဲ့သို့သော မြို့များအပါအဝင် အပါအဝင် လူဦးရေ 1.4 သန်းဝန်းကျင်ရှိသည့် နယ်မြေ ဟက်တာ 33,000 ကျော်ကို လွှမ်းခြုံပါဝင်သည်။ ဤစီမံကိန်းအရ ရေဆိုးစီမံခန့်ခွဲမှုကို တန်ယူယန်မြို့တွင် 10% အောက်မှ 32% သို့နှင့် သူယန်အန်းနှင့် ဒိုင်အန်းမြို့တို့တွင် 17-19% မှ 45% သို့ တိုးမြှင့်သွားရန် စီစဉ်ထားရှိပါသည်။ ရေဆိုး စီမံခန့်ခွဲမှု စနစ်များ တည်ဆောက်ရာတွင် အနာဂတ်ရာသီဥတုအခြေအနေများအတွက် ထည့်သွင်းစဉ်းစားပြီး စွမ်းအင်သက်သာသည့်ဖြေရှင်းနည်းများကို အသုံးပြုကာ အရင်းအမြစ်များကို အကျိုးရှိ ထိရောက်မှုနှင့် ရေရှည်တည်တံ့မှုကို အလေးပေးသော လည်ပတ်သုံးစွဲမှုဆိုင်ရာ စီးပွားရေး သဘောတရားများကို အခြေခံတည်ဆောက်မည်ဖြစ်သည်။
ချဉ်းကပ်ပုံ
ဘင်ဒွမ်းပြည်နယ်၊ ရေပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေး စီမံကိန်းခေါင်းစဉ်ဖြင့် ကမ္ဘာ့ဘဏ်မှ ဗီယက်နမ်အစိုးရထံ အမေရိကန်ဒေါ်လာ 231 သန်း ချေးမည်ဖြစ်ပြီး ကျန် အမရိကန်ဒေါ်လာ သန်း 80 ကို ဗီယက်နမ်အစိုးရဘတ်ဂျက်မှ ရရှိမည်ဖြစ်သည်။ ရေပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ 311 သန်းစုဆောင်းခြင်း။
ချေးငွေ အမေရိကန်ဒေါ်လာ 231 သန်းသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးရေးအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖန်တီးပေးသော လုပ်ဆောင်မှုများအတွက် အစိုးရများအား ဘဏ္ဍာငွေပံ့ပိုးပေးသည့် လုပ်ဆောင်ချက်များအတွက် ဘဏ္ဍာငွေပံ့ပိုးပေးသည့် အပြည်ပြည်ဆိုင်ရာ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (IBRD) ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ဘဏ္ဍာငွေရှာဖွေခြင်း အခန်းကဏ္ဍအောက်မှ ပြောင်းလွယ်ပြင်လွယ်ဖြစ်သော ချေးငွေဖြစ်သည်။
ရလဒ်များ
စီမံကိန်းကို 2023 ခုနှစ်တွင် စတင်ခဲ့ပြီး 2028 ခုနှစ်တွင် အဆုံးသတ်ရန် မျှော်လင့်ထားသည်။ ဤစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုတွင် မိလ္လာလိုင်းနှင့် ရေဆိုးပို့လွှတ်သည့်စက်များ အထိုင်ချသည့်နေရာများ တည်ဆောက်ရန်အတွက် နေရာရရှိနိုင်ရန် မြေသိမ်းခြင်းနှင့် ဒေသခံများအား ပြန်လည်နေရာချထားခြင်းတို့ ပါဝင်ပါသည်။ ဤအချက်ကို အောက်ပါ သတ်မှတ်ချက်များအပေါ် အခြေခံ၍ ပြန်လည်နေရာချထားရေးအတိုင်ပင်ခံအဖွဲ့နှင့် နည်းပညာအဖွဲ့တို့ စေ့စေ့စပ်စပ် သုံးသပ်ဆွေးနွေးခဲ့ပါသည်- (i) ပြန်လည်နေရာချထားရေးဆိုင်ရာ ထိခိုက်မှု အနည်းဆုံးဒေသများ (အသုံးမပြုသော၊ မြေရိုင်းမြေ၊ စိုက်ပျိုးမြေ၊ လူဦးရေသိပ်သည်းဆနည်းသော မြေများ)၊ (ii) ဆောက်လုပ်ရေးလုပ်ငန်းများ၏သက်ရောက်မှုကို အနည်းဆုံး လျော့နည်းနိုင်သော လူနေရပ်ကွက်များ။ မိလ္လာစုဆောင်းခြင်းနှင့် ကွန်ရက်ချဲ့ထွင်ခြင်းအတွက် ယာယီအသုံးပြုထားသော မြေများကို ပိုင်ရှင်ထံ ပြန်လည်မအပ်နှံခင် စီမံကိန်းမတိုင်မီ အခြေအနေများအတိုင်း ပြန်လည်ပြုပြင်၍ ပေးအပ်သွားပါမည်။ စီမံကိန်း၏ သက်ရောက်မှုရှိသော အိမ်ထောင်စု အရေအတွက်၊ လူပုဂ္ဂိုလ်၊ စိုက်ပျိုးရေး စသည်တို့ကို ရွေးချယ်ရာတွင် ဤကဲ့သို့သော အသေးစိတ်ကျပြီး စေ့စပ်သေချာသော ချဉ်းကပ်မှုကြောင့် မျှော်မှန်းထားသော ကုန်ကျစရိတ်များကို အနည်းဆုံးဖြစ်အောင် ထိန်းထားနိုင်ပြီး ကောင်းမွန်စွာ မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။
ရှင်းလင်း၍ အသေးစိတ်ကျသော အစီအစဉ်တစ်ခုအပြင်၊ ကြိုတင်ခန့်မှန်းထားသော ကုန်ကျစရိတ်များကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကျိုးကြောင်းဆီလျော်ပြီး ကောင်းမွန်စွာတွေးခေါ်နိုင်သော ဖြစ်နိုင်ခြေလေ့လာမှုတို့ကြောင့် ဗီယက်နမ်အစိုးရသည် ရေပတ်ဝန်းကျင် မြှင့်တင်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာ 311 သန်း ဘဏ္ဍာငွေချထားပေးရန်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေရရှိခဲ့ခြင်း ဖြစ်ပါသည်။
လေ့လာသိရှိခဲ့သည်များ
ခန့်မှန်းကုန်ကျစရိတ်များအတွက် ရှင်းလင်းသော စာရွက်စာတမ်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ အလားအလာရှိမှုအပေါ် အကဲဖြတ်ချက်တို့သည် ချေးငွေများပေးအပ်ရာတွင် ရင်းနှီးမြှုပ်နှံသူ၏ ယုံကြည်မှုကို တိုးစေသည်။
ဗီယက်နမ် အစိုးရသည် ရေပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေး စီမံကိန်း၏ ချမှတ်ထားသော ရည်မှန်းချက်များ အောင်မြင်ရေးနှင့် သက်ဆိုင်သည့် မတူညီသော လုပ်ငန်းဆောင်တာများနှင့် ဆက်စပ်သော ကုန်ကျစရိတ်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပေးခဲ့ပါသည်။ နေရာတစ်ခုစီတွင် လုပ်ငန်းစဉ်တစ်ခုစီအတွက် လိုအပ်သည့် ပစ္စည်းကိရိယာ အရေအတွက်နှင့်အမျိုးအစားများမှာ များစွာ အသေးစိတ်ကျပါသည်။ ထိုသို့အသေးစိတ်ခြင်းသည် နားလည်လွယ်၍ တိကျသော ကုန်ကျစရိတ်ခန့်မှန်းခြေကို ရရှိစေပြီး မမြင်နိုင်သော ကုန်ကျစရိတ်များ ပေါ်ပေါက်လာနိုင်ခြေ/ စီမံကိန်းအတွက် လိုအပ်သော ရန်ပုံငွေပမာဏကို လျှော့တွက်မိခြင်းကို လျှော့ချပေးပါသည်။ ရင်းနှီးမြှပ်နှံသူများကို အခြေအနေအရပ်ရပ်ကိုနားလည်စေကာ ဆုံးဖြတ်ချက်တစ်ခုချနိုင်စေရန် လိုအပ်သည့် အချက်အလက်အပြည့်အစုံကို အသိပေးရာတွင်သာမက ရန်ပုံငွေများကို စေ့စပ်စွာ အသုံးပြုမည်ဖြစ်ကြောင်း အာမခံချက်နှင့် သတ်မှတ်ထားသော ရန်ပုံငွေပမာဏဖြင့် ရေပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေးစီမံကိန်းကို နောက်ဆုံးတွင် အောင်မြင်စွာ ပြီးမြောက်စေရေး အတွက်လည်း ဤအချက်သည် အလွန်အရေးကြီးပါသည်။
စီမံကိန်း၏ အဓိကလုပ်ဆောင်မှုသည် ဖွံ့ဖြိုးရေးရန်ပုံငွေ၏ အဓိကစံနှုန်းများနှင့် ကိုက်ညီကြောင်း သေချာပါစေ။
ရေပတ်ဝန်းကျင် အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ရေဆိုးနှင့် ပတ်သက်သော ဝန်ဆောင်မှုများ ရရှိနိုင်စေရန်နှင့် သင့်တော်လုံလောက်ခြင်းမရှိသော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်များနှင့် အလေ့အကျင့်များကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချရန် အဓိက ရည်ရွယ်ချက်ပါသည်။ ဤအချက်သည် ကမ္ဘာ့ဘဏ်၏ အဓိကစံများဖြစ်သည့် လူတိုင်းနေပျော်သော ကမ္ဘာမြေကြီးပေါ်တွင် မျှတူကြွယ်ဝသာယာခြင်းကို မြှင့်တင်ရေးနှင့် နိုင်ငံများနှင့် ဒေသများ၏ ကပ်ရောဂါကဲ့သို့ဒဏ်များနှင့် ထိခိုက်လွယ်မှုများကို ခံနိုင်စွမ်း တိုးမြင့်လာစေရေးစသည့် ကမ္ဘာ့ဘဏ်၏ အဓိကစံများနှင့်ကိုက်ညီနေသည်။
ရှင်းလင်းပြီး တိုင်းတာ၍ရသော သက်ရောက်မှု။
ဗီယက်နမ်အစိုးရသည် စီမံကိန်းတလျှောက်လုံး စောင့်ကြည့်ရမည့် အချက်အလက်များပါရှိသည့် ရှင်းလင်းသော စောင့်ကြည့်အကဲဖြတ်ခြင်း အစီအစဉ်ကို ပံ့ပိုးပေးခဲ့ပါသည်။ ၎င်းတွင် ပိုမိုကောင်းမွန်သော ရေဆိုးစွန့်ပစ်စနစ်များကို ရနိုင်သူဦးရေ၊ ရေဆိုးသန့်စင်စက်ရုံ (မက်ထရစ်တန်များ/နှစ်) မှ ဖယ်ရှားပေးသော အခြားညစ်ညမ်းပစ္စည်းများနှင့် ရေဆိုးစနစ်နှင့် ချိတ်ဆက်ထားသော အိမ်ထောင်စုအသစ် အရေအတွက် စသည်တို့ကဲ့သို့သော အချက်ပြကိန်းများ ပါဝင်သည်။ ရှင်းလင်းသည့် အစီအစဉ်ရှိခြင်းနှင့် စောင့်ကြည့်ရမည့် တိကျသော အတိုင်းအတာအမျိုးမျိုးရှိခြင်းသည် ကမ္ဘာ့ဘဏ်မှ စီမံကိန်း၏အကျိုးသက်ရောက်မှုကို စောင့်ကြည့်အကဲဖြတ်ရန်နှင့် ပိုမိုသိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များရရှိရေး တွန်းအားပေးရန်တို့အတွက် အလွန်အရေးကြီးပါသည်။ ဤကဲ့သို့ပြုလုပ်ရခြင်းမှာ ရင်းမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်စေရန် ဖြစ်သည်။
ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ
- ကမ္ဘာ့ဘဏ် (2023)။ ဘင်ဒွမ်းပြည်နယ်၏ ရေပတ်ဝန်းကျင် မြှင့်တင်ရေး စီမံကိန်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://projects.worldbank.org/en/projects-operations/project-detail/P173716
- ကမ္ဘာ့ဘဏ် (2023)။ ဘင်ဒွမ်းပြည်နယ် ရေပတ်ဝန်းကျင် မြှင့်တင်ရေး စီမံကိန်း၊ နောက်ဆုံးပြင်ဆင်ထားသည့် ပြန်လည်နေရာချထားရေး အစီအစဉ် (URP)။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://documents1.worldbank.org/curated/en/099022824200535506/pdf/P1737161c17deb051b5ae1acb23d242fc1.pdf
- World Bank Group (2024). ကမ္ဘာ့ဘဏ်က ဗီယက်နမ်တောင်ပိုင်းရှိ သန်းတစ်ဝက်ကျော်ရှိသော ပြည်သူများအတွက် နေထိုင်မှုပတ်ဝန်းကျင်မြှင့်တင်ရေး စီမံကိန်းကို ခွင့်ပြုပေးခဲ့သည်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.worldbank.org/en/news/press-release/2024/01/12/world-bank-approves-project-to-improve-living-environment-for-over-half-a-million-people-in-southern-vietnam
- ကမ္ဘာ့ဘဏ်အုပ်စု။ IBRD ဘဏ္ဍာရေးဆိုင်ရာ ထုတ်ကုန်များ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://treasury.worldbank.org/en/about/unit/treasury/ibrd-financial-products/ibrd-flexible-loan
- ကမ္ဘာ့ဘဏ်အုပ်စု။ ဘဏ္ဍာငွေ ရှာဖွေခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.worldbank.org/en/what-we-do/products-and-services/financing-instruments
- ကမ္ဘာ့ဘဏ် စာရွက်စာတမ်း (2022)။ ဘင်ဒွမ်းပြည်နယ် ရေပတ်ဝန်းကျင် မြှင့်တင်ရေး စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု အကဲဖြတ်ခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://documents1.worldbank.org/curated/en/228011610542687158/pdf/Revised-Environmental-and-Social-Impact-Assessment-Vietnam-Binh-Duong-Water-Environment-Improvement-Project-P173716.pdf