အိန္ဒိယနိုင်ငံ၊ Gujarat ပြည်နယ်ရှိ မြို့ပြအခြေခံအဆောက်အအုံစီမံကိန်း အကြီးစားများအတွက် စည်ပင်သာယာရေး ငွေချေးစာချုပ်များ

Ahmedabad Municipal Corporation (AMC) သည် အိန္ဒိယနိုင်ငံ၊ Gujarat ပြည်နယ်၏ Ahmedabad မြို့အတွက် မြို့တော်စည်ပင်သာယာရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် အုပ်ချုပ်မှုလုပ်ငန်းများကို ကြီးကြပ်လျက်ရှိပါသည်။ AMC သည် နှစ်ပေါင်းများစွာ ဒေသခံမြို့သူမြို့သားများသို့ တစ်နိုင်ငံလုံးပျမ်းမျှအတိုင်းအတာထက်ပိုသော ထိရောက်သည့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုများပေးနေခြင်းအတွက် ဂုဏ်သတင်းကောင်းများ ရရှိပြီးဖြစ်ပါသည်။ 2019 ခုနှစ်တွင် AMC သည် စွန့်ပစ်ပစ္စည်းနှင့် ရေစီမံခန့်ခွဲမှုစနစ်များနှင့် Sabarmati မြစ် ပြန်လည်သန့်စင်ရေးအပါအဝင် အကြီးစား မြို့ပြအခြေခံ အဆောက်အဦစီမံကိန်းများစွာ အကောင်အထည်ဖော်နိုင်ရန် ရန်ပုံငွေ ရှာဖွေပေးခဲ့သည်။ ဤစီမံကိန်းများကို ငွေကြေးထောက်ပံ့ရန်အတွက် AMC သည် အစိုးရထံမှလွှဲပြောင်းပေးမှုတစ်ခုတည်းအပေါ်သာ တည်မှီ၍မရဘဲ အရင်းအနှီးဈေးကွက်သို့ ဝင်ရောက်ရန် လိုအပ်ကြောင်း သိရှိခဲ့သည်။

အိန္ဒိယနိုင်ငံ၊ Gujarat ပြည်နယ်ရှိ မြို့ပြအခြေခံအဆောက်အအုံစီမံကိန်း အကြီးစားများအတွက် စည်ပင်သာယာရေး ငွေချေးစာချုပ်များ

ဘဏ္ဍာငွေရယူမှုနည်းလမ်းနှင့် ပမာဏ

အမေရိကန်ဒေါ်လာ 26.6 သန်း တန်ဖိုးရှိ စည်ပင်သာယာရေး ငွေချေးစာချုပ်များ

နောက်ခံအကြောင်းအရာ

Ahmedabad Municipal Corporation (AMC) သည် အိန္ဒိယနိုင်ငံ၊ Gujarat ပြည်နယ်၏ Ahmedabad မြို့အတွက် မြို့တော်စည်ပင်သာယာရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် အုပ်ချုပ်မှုလုပ်ငန်းများကို ကြီးကြပ်လျက်ရှိပါသည်။ AMC သည် နှစ်ပေါင်းများစွာ ဒေသခံမြို့သူမြို့သားများသို့ တစ်နိုင်ငံလုံးပျမ်းမျှအတိုင်းအတာထက်ပိုသော ထိရောက်သည့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုများပေးနေခြင်းအတွက် ဂုဏ်သတင်းကောင်းများ ရရှိပြီးဖြစ်ပါသည်။

2019 ခုနှစ်တွင် AMC သည် စွန့်ပစ်ပစ္စည်းနှင့် ရေစီမံခန့်ခွဲမှုစနစ်များနှင့် Sabarmati မြစ် ပြန်လည်သန့်စင်ရေးအပါအဝင် အကြီးစား မြို့ပြအခြေခံ အဆောက်အဦစီမံကိန်းများစွာ အကောင်အထည်ဖော်နိုင်ရန် ရန်ပုံငွေ ရှာဖွေပေးခဲ့သည်။ ဤစီမံကိန်းများကို ငွေကြေးထောက်ပံ့ရန်အတွက် AMC သည် အစိုးရထံမှလွှဲပြောင်းပေးမှုတစ်ခုတည်းအပေါ်သာ တည်မှီ၍မရဘဲ အရင်းအနှီးဈေးကွက်သို့ ဝင်ရောက်ရန် လိုအပ်ကြောင်း သိရှိခဲ့သည်။

ချဉ်းကပ်ပုံ

AMC သည် စီစဉ်ထားသည့် စီမံကိန်းများအတွက် ရန်ပုံငွေမတည်နိုင်ရန် စည်ပင်သာယာရေး ငွေချေးစာချုပ်များ (သက်တမ်းနှင့်အတိုးနှုန်း အသေနှင့်ဖြစ်သော အာမခံချက်ရှိသည့်အကြွေးကိုဆိုလိုသည်) ထုတ်ရောင်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုစာချုပ်များကို အိန္ဒိယနိုင်ငံ၏ အမျိုးသားစတော့အိပ်ချိန်းဈေးကွက်တွင် ငါးနှစ်သက်တမ်း၊ 8.7% အတိုးနှုန်းဖြင့် စာရင်းတင်ခဲ့သည်။

AMC ၏ ငွေချေးစာချုပ်ထုတ်ရောင်းချမှုကို အကြောင်းရင်း နှစ်ခုက အဆင်ပြေချောမွေ့ စေခဲ့သည်။ ပထမတစ်ခုမှာ မြို့ပြအသွင်ပြောင်းရေး စီမံကိန်းများအတွက် ဈေးကွက်ဗဟိုပြု ဘဏ္ဍာရေးဆိုင်ရာစာချုပ်များမှတဆင့် ရန်ပုံငွေရှာရန် ဒေသခံအစိုးရများများကို အားပေးအားမြှောက် ပြုလုပ်ပေးသည့် ဗဟိုအစိုးရ၏ 2015 ခုနှစ်က စတင်ခဲ့သော သစ်လွင်ရေးနှင့်မြို့ပြအသွင်ပြောင်းရေးအတွက် Atal Mission (AMRUT) ပရိုဂရမ် ဖြစ်သည်။ ဒုတိယတစ်ခုမှာ စည်ပင်ငွေချေးစာချုပ်ဈေးကွက်ကို အရှိန်မြှင့်ပေးရန်အတွက် 2017 ခုနှစ်တွင် စည်ပင်သာယာရေး ငွေချေးစာချုပ်များထုတ်ရောင်းချပေးခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြေလျော့စေသည့် Securities and Exchange Board of India (SEBI)၏ အရွေ့တစ်ခုဖြစ်သည်။ ထိုဖြေလျော့မှုတွင် မြို့ပြစည်ပင်သာယာရေးငွေချေးစာချုပ်ထုတ်ရောင်းချပေးခြင်းကို အကြုံးဝင်စေမှုများကို တိုးချဲ့ခြင်းနှင့် ဒေသတွင်းငွေချေးစာချုပ်များတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ခွင့်ပြုသည့် စည်းမျဉ်းများကို ဖြေလျော့ပေးခြင်းတို့လည်း အပါအဝင်ဖြစ်သည်။

ရလဒ်များ

AMC သည် ၎င်း၏ ငွေချေးစာချုပ်ထုတ်ရောင်းချပေးခြင်းမှ 5.42 ဆ ထည့်ဝင်မှုဖြစ်သည့် အမေရိကန်ဒေါ်လာ 26.2 သန်း ရရှိခဲ့သည်။ ခိုင်မာသည့် ဝယ်လိုအားများသည် AMC ကို တစ်ကမ္ဘာလုံးဆိုင်ရာ ကြွေးဆပ်နိုင်သည့် အဆင့်သတ်မှတ်ရေးအေဂျင်စီတစ်ခုဖြစ်သည့် CRISIL နှင့် ဒေသတွင်း ချေးငွေအဆင့်သတ်မှတ်မှုအေဂျင်စီ India Ratings နှစ်ခုလုံးတွင် AA+ ဟူသည့် ထောက်ခံမှုအဆင့်တစ်နေရာတွင် တည်မြဲစေခဲ့သည်။

AMC ၏ ထုတ်ရောင်းချရန် ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်ကောင်းခြင်းသည် ကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးအခြေအနေခိုင်မြဲမှု အထူးသဖြင့် အဖွဲ့အစည်း၏ တာဝန်ကျေပွန်မှုနှင့် ပင်မငွေကြေးနှင့်အတိုးနှုန်းကို ပြန်ပေးဆပ်နိုင်မှု၏ ရောင်ပြန်ပင်ဖြစ်သည်။ ကော်ပိုရေးရှင်းတွင် အတိတ်က ချေးငွေစာချုပ်များထုတ်ခဲ့သည့် အစဉ်တစိုက် မှတ်တမ်းလည်းရှိခဲ့ပြီး ထိုစဉ်က အများပြည်သူသို့ ချေးငွေစာချုပ်ထုတ်ရောင်းခြင်းဖြင့် ငွေကြေးမတည်သည့် အာရှတွင် ပထဆုံး စည်ပင်သာယာအဖွဲ့ဖြစ်ခဲ့သည့်1998 ကတည်းက ယခုအကြိမ်ထုတ်ခြင်းသည် ပဉ္စမအကြိမ်မြောက် ဖြစ်သည်၊ 

အဓိက လေ့လာတွေ့ရှိချက်များ

အကြီးစား အခြေခံအဆောက်အအုံစီမံကိန်းများအတွက် စည်ပင်ငွေချေးစာချုပ်သည် အသုံးဝင်သည့် ကိရိယာဖြစ်သည်။

စည်ပင်သာယာရေး ငွေချေးစာချုပ်များကို ၎င်းတို့အား အကြီးစားအခြေခံအဆောက်အအုံ စီမံကိန်းများနှင့် သင့်လျော်စေသည့် ကာလရှည်စာချုပ်များအဖြစ် ထုတ်ပေးနိုင်သည်။

ဈေးကွက်အခြေပြုစာချုပ်များမှတဆင့် ဘဏ္ဍာငွေရှာဖွေရေးကို အားပေးအားမြှောက်ပြုရာတွင် ဗဟိုအစိုးရသည် အခရာကျသည့် အခန်းကဏ္ဍမှ ပါဝင်သည်။

ဗဟိုအစိုးရက 2015 ခုနှစ်တွင် စတင်ခဲ့သော AMRUT ပရိုဂရမ်သည် အရင်းအနီးဈေးကွက်မှတဆင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ရန်ပုံငွေရှာဖွေနိုင်ရန် AMC အတွက် မူဝါဒနယ်ပယ်တစ်ခုကို ဖွင့်ပေးနိုင်ခဲ့သည်။

စည်ပင်ငွေချေးစာချုပ်ထုတ်ရောင်းချခြင်းကို ခွင့်ပြုပြီးအထောက်ပံ့ဖြစ်စေမည့် တရာဝင် စည်းမျဉ်းစည်းဘောင်များ။

ချေးငွေစာချုပ်များထုတ်ခြင်းမှ ရန်ပုံငွေရှာဖွေမည်ဟူသည့် AMC ၏ ဆုံးဖြတ်ချက်မတိုင်မီ နှစ်နှစ်ကျော်က SEBI သည် ချေးငွေစာချုပ်ထုတ်ရောင်းချခြင်းဆိုင်ရာစည်းမျဉ်းများ ထိရောက်လျှင်မြန်စေခြင်းနှင့် ဒေသတွင်းချေးငွေစာချုပ်များတွင် စုပေါင်းရင်းနှီးမြှပ်နှံသူများကို ပါဝင်ရန် ခွင့်ပြုစေခြင်းဖြင့် စည်ပင်ငွေချေးစာချုပ်ဈေးကွက်ကို အရှိန်မြှင့်စေရန် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဒေသတွင်းအစိုးရများသည် ရင်းနှီးမြှပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ဘဏ္ဍာရေးအခြေအနေကြံ့ခိုင်ကောင်းမွန်မှုရှိကြောင်းကို ပြသပေးနိုင်ရန်လိုအပ်သည်။

AMC ရရှိထားသည့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းအေဂျင်စီများမှ ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက်များသည် ရင်းနှီးမြှပ်နှံသူများ၏ ယုံကြည်မှုကို တည်ဆောက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး စည်ပင်ငွေချေးစာချုပ်ထုတ်ရောင်းချခြင်း၏ အောင်မြင်မှုကို သေချာစေခဲ့သည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  1. Climate and Development Knowledge Network (CDKN) (2020). စိမ်းလန်းစိုပြည်ရေးစီမံကိန်းများအကောင်အထည်ဖော်ရန် Ahmedabad မှ စည်ပင်သာယာရေး ငွေချေးစာချုပ်များ ထုတ်ပေးသည်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://southasia.iclei.org/wp-content/uploads/2021/09/Ahmedabad-Green-Municipal-Bond-Case-Study-2.pdf
  2. Amdabad Municipal Corporation (n.d.). အခြေခံအဆောက်အအုံပိုင်းဆိုင်ရာအရ နေထိုင်ရန်အကောင်းဆုံးဖြစ်သည့် အိန္ဒိယ၏ အကောင်းဆုံးမြို့ဖြစ်သည့် Amdabad မြို့။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://ahmedabadcity.gov.in/Home/AboutTheCorporation
  3. စီးပွားရေးစံနှုန်း (2017)။ အပိုအလျှံရှိသည့် စည်ပင်သာယာအနေဖြင့် စည်ပင်သာယာရေး ငွေချေးစာချုပ်များ ထုတ်ရောင်းနိုင်သည်- Sebi။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.business-standard.com/article/markets/municipalities-having-surplus-can-issue-municipal-bonds-sebi-117021600356_1.html
  4. မြို့ပြနှင့်အိုးအိမ်ရေးရာဝန်ကြီးဌာန (2022). Amrut ၏ အခြေအနေ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://pib.gov.in/PressReleaseIframePage.aspx?PRID=1881751

Other case studies

Other Relevant Case Studies

ဘရူနိုင်းအစိုးရသည် ဘဏ္ဍာနှစ် 23/24 အတွက် ၎င်း၏ဘတ်ဂျက်တွင် BruHealth အဆင့် II နှင့် III တီထွင်ဖန်တီးမှုအတွက် B$18 မီလီယံ (USD 13.4 မီလီယံ)* ကို ခွဲဝေချထားပေးခဲ့သည်။
ဆိုလာဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ခြင်းကို ကနေဒါနိုင်ငံ IFC ရောနှောဘဏ္ဍာငွေအစီအစဉ်ထံမှ အမေရိကန်ဒေါ်လာ 4 သန်း ကူညီပံ့ပိုးကာ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ 41 သန်းဖြင့် သက်သာခွင့်ဆိုင်ရာ ရောနှောဘဏ္ဍာငွေဖြင့် ချောမွေ့စေခဲ့သည်။
MBZ လမ်းအသုံးပြုခ ကောက်ခံသည့် လမ်းမကို တာဝန်ယူလုပ်ကိုင်နေသော Toll Road Special Vehicle (BUJT) ကုမ္ပဏီသည် PT Jasamarga Jalanlayang Cikampek (JJC) ရှိ အင်ဒိုနီးရှားရူပီး 4.38 ထရီလီယံ (USD 291.6 သန်း) တန်ဖိုးရှိသော ၎င်း၏ ရှယ်ယာ 40% ကို * Salim Group Company ၏ ကုမ္ပဏီခွဲဖြစ်သော PT Margautama Nusantara (MUN) သို့ ထုတ်ရောင်းခဲ့ပါသည်။
Scroll to Top