ဘဏ္ဍာငွေရယူမှုနည်းလမ်းနှင့် ပမာဏ-
စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များမှ အမေရိကန်ဒေါ်လာ သန်း 600
နောက်ခံအကြောင်းအရာ
Kommuninvest သည် ဆွီဒင်နိုင်ငံရှိ အစိုးရချေးငွေဆိုင်ရာ အေဂျင်စီတစ်ခုဖြစ်သည်။ စီးပွားရေးဘဏ်များထက်စာလျှင် ကုန်ကျစရိတ်ပိုမိုသက်သာပြီး ရေရှည်ခိုင်မာသော နည်းလမ်းများဖြင့် ဒေသန္တရနှင့် ဒေသဆိုင်ရာ အစိုးရများအား ငွေကြေးထောက်ပံ့မှုပေးရန်အလို့ငှာ အဆိုပါ အေဂျင်စီကို 1986 ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၎င်းသည် ထိုအချိန်က ပြင်ပရန်ပုံငွေထောက်ပံ့ရေးအတွက် တစ်ခုတည်းသော ရင်းမြစ်ဖြစ်ခဲ့ပါသည်။ Kommuninvest ၏ အဓိက ချဉ်းကပ်ဆောင်ရွက်နည်းများမှ တစ်ခုမှာ ငွေချေးစာချုပ်ထုတ်ရောင်းခြင်းဖြင့် ငွေအရင်းအနှီးမတည်ရန်ဖြစ်ပြီး ဤနည်းအားဖြင့် ပူးတွဲရန်ပုံငွေထောက်ပံ့မှုနည်းလမ်းတစ်ခုအောက်တွင် ဒေသန္တရအစိုးရများ၏ ရန်ပုံငွေထောက်ပံ့မှုလိုအပ်ချက်များကို ပေါင်းစည်းကာ ပိုမိုအကျိုးများ၍ တွက်ခြေကိုက်သော (ကုန်ကျစရိတ်သက်သာသော) အခြေအနေများကို ရရှိစေမည်ဖြစ်သည်။
ချဉ်းကပ်ပုံ
2015 ခုနှစ်၊ ဇွန်လတွင် Kommuninvest သည် ဆွီဒင်နိုင်ငံကို ရေရှည်တည်တံ့သော လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲလာစေရန် အားပေးသည့် ဒေသန္တရအစိုးရ ရင်းနှီးမြှုပ်နှံရေး စီမံကိန်းများအတွက် စိမ်းလန်းစိုပြည်ရေး ချေးငွေများကို စတင်ချထားပေးခဲ့သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စွမ်းအင်ချွေတာမှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော အဆောက်အအုံများ၊ သန့်ရှင်းသော သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး၊ ရေနှင့် ရေဆိုး စီမံခန့်ခွဲရေး၊ ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေဆောင်ရွက်မှုအပြင် ရာသီဥတုပြောင်းလဲမှုနှင့်မဆိုင်သည့် နယ်ပယ်များအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲရေးတို့ပါဝင်သည့် စီမံကိန်းအမျိုးအစားအုပ်စု ရှစ်ခုကို ချမှတ်ခဲ့ပါသည်။
စိမ်းလန်းစိုပြည်ရေး ချေးငွေများကို ရယူနိုင်ရန်အလို့ငှာ စီမံကိန်းများသည် Kommuninvest ၏ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များဆိုင်ရာ အခြေခံမူဘောင်တွင် ဖော်ပြထားသည့်အတိုင်း ကြိုတင်ချမှတ်ထားသော ရေရှည်တည်တံ့ရေး သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှုရှိရပါမည်။ စိမ်းလန်းစိုပြည်ရေး ချေးငွေများကို စိမ်းလန်းစိုပြည်ရေး ချေးငွေ ရင်းနှီးမြှုပ်နှံမှုအစုစုတွင် ပေါင်းစည်းထားပြီး ငွေချေးစာချုပ်ရောင်းချမှုမှ ရရှိငွေများကို ရင်းနှီးမြှုပ်နှံမှုအစုစုတွင် ခွဲဝေချထားပေးရန် ကတိကဝတ်ဖြင့် Kommuninvest ၏ စိမ်းလန်းစိုပြည်ရေး ။
ရလဒ်များ
2016 ခုနှစ်၊ မတ်လ 15 ရက်နေ့တွင် Kommuninvest သည် စိမ်းလန်းစိုပြည်ရေးကို ရည်စူးသည့် ရင်းနှီးမြှုပ်နှံသူများ (67%) နှင့် သမားရိုးကျ ရင်းနှီးမြှုပ်နှံသူများ (33%) ထံမှ အမေရိကန်ဒေါ်လာ သန်း 600 ပမာဏရှိသည့် ပထမဆုံး ငွေချေးစာချုပ်များကို ထုတ်ပေးခဲ့သည့်အပြင် ဆွီဒင် မြူနီစီပယ်ဒေသ 18 ခုအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း 25 ခုအတွက် ရန်ပုံငွေထောက်ပံ့ရန် ကတိကဝတ်ပြုသည့် စိမ်းလန်းစိုပြည်ရေး ချေးငွေ ရင်းနှီးမြှုပ်နှံမှုအစုစု အမေရိကန်ဒေါ်လာ 1.1 ဘီလီယံ ရှိခဲ့သည်။
စိမ်းလန်းစိုပြည်ရေး ချေးငွေအမျိုးအစားတစ်ခုကို ပေါင်းစည်းထားသော စိမ်းလန်းစိုပြည်ရေး ချေးငွေ ရင်းနှီးမြှုပ်နှံမှုအစုစုထဲသို့ ပေါင်းစပ်ခြင်းအားဖြင့် Kommuninvest သည် မြူနီစီပယ်ဒေသများအား ငွေအရင်းအနှီးဈေးကွက်ကို ရယူအသုံးပြုရာတွင်နှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ဆောင်နိုင်စွမ်းမရှိမည့် စီမံကိန်းများ (ဥပမာ – ပမာဏမလုံလောက်မှု၊ ရင်းမြစ်များနှင့် ကျွမ်းကျင်မှုများ လစ်ဟာမှု) အတွက် ရန်ပုံငွေများမတည်ရာတွင် ကူညီပေးနိုင်ခဲ့သည်။ ငွေချေးစာချုပ် ထုတ်ရောင်းခြင်းဖြင့် Kommuninvest က ရန်ပုံငွေထောက်ပံ့ပေးခဲ့သည့် အသေးဆုံး စီမံကိန်းသည် စိမ်းလန်းစိုပြည်ရေး ချေးငွေပမာဏ ဆွီဒင်ခရိုနာ 5 သန်း (အမေရိကန်ဒေါ်လာ 0.6 သန်း) ရှိသော စီမံကိန်းတစ်ခုဖြစ်ခဲ့ကာ အကြီးဆုံးစီမံကိန်းသည် ဆွီဒင်ခရိုနာ 2.5 ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း 300) ရှိခဲ့သည်။
အဓိက လေ့လာတွေ့ရှိချက်များ
ပေါင်းစည်းထားသော ရင်းနှီးမြှုပ်နှံမှုအစုစုဖြင့် အရွယ်အစားမျိုးစုံရှိသည့် စီမံကိန်းများကို ထောက်ပံ့ပေးရန် စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များကို အသုံးပြုနိုင်သည်။
စိမ်းလန်းစိုပြည်ရေး ချေးငွေတစ်ခုကို ရင်းနှီးမြှုပ်နှံမှုအစုစုထဲသို့ ပေါင်းစည်းခြင်းဖြင့် Kommuninvest သည် မြူနီစီပယ်ဒေသများအား ငွေအရင်းအနှီး ဈေးကွက်ကို ရယူအသုံးပြုနိုင်ရန်နှင့် အရွယ်အစားမျိုးစုံရှိသည့် စိမ်းလန်းစိုပြည်ရေး စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရန် ကူညီနိုင်ပါသည်။
ငွေကြေးထောက်ပံ့မည့်စီမံကိန်းအမျိုးအစားများအတွက် အာမခံချက်။
စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်ဖြင့် ငွေကြေးထောက်ပံ့မှုမပေးမီ Kommuninvest ၏ စိမ်းလန်းစိုပြည်ရေး ချေးငွေအတည်ပြုလုပ်ငန်းစဉ်သည် ငွေကြေးထောက်ပံ့မည့် စီမံကိန်းအမျိုးအစားများကို ခိုင်မာပြီး သေချာခွဲခြားသတ်မှတ်ထားသည့် အရည်အချင်းပြည့်မီမှု သတ်မှတ်စံနှုန်းများအပေါ် အခြေပြုကြောင်း အာမခံချက်ကို ရင်းနှီးမြှုပ်နှံသူများအား ပေးအပ်ပါသည်။
ရင်းနှီးမြှုပ်နှံသူအကျိုးစီးပွားများကို မြှင့်တင်ရန် ဘေးအန္တရာယ် လျှော့ချရေး နည်းဗျူဟာများ။
Kommuninvest ၏ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များသည် သီးခြားစီမံကိန်းများထက် ဒေသန္တရအစိုးရ ငွေထုတ်ချေးမှုနှင့် ဆက်စပ်နေသည့်အတွက် ရင်းနှီးမြှုပ်နှံသူများသည် စီမံကိန်း၏ ချေးငွေဆုံးရှုံးနိုင်ခြေအပေါ် တာဝန်ယူစရာ မလိုတော့ပါ။ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များ၏ အနိမ့်ဆုံး ချေးငွေဆုံးရှုံးနိုင်ခြေ ခန့်မှန်းချက်သည် အခြားသော Kommuninvest ငွေချေးစာချုပ်များတွင်လည်း အတူတူပင်ဖြစ်သည်။
Sources
- Kommuninvest (n.a.)။ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://kommuninvest.se/eng/homepage/investors/funding/fundingprograms/outstandingbondsandfinalterms/greenbonds.4.35de2c7b1900fda7e62576f.html
- Kommuninvest (2021)။ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များဆိုင်ရာ အခြေခံမူဘောင်။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://kommuninvest.se/download/18.35de2c7b1900fda7e62e7b0/1719409479334/Kommuninvest_Green%20Bond%20Framework-FINAL240626.pdf
- ADB Institute။ နော်ဒစ်နိုင်ငံများရှိ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်ဆိုင်ရာ အတွေ့အကြုံ။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/sites/default/files/publication/408336/adbi-wp816.pdf