ASEAN စမတ်မြို့တော် ဘဏ္ဍာငွေထောက်ပံ့ရေး ကိရိယာ

ASEAN ဒေသတွင်း စမတ်မြို့တော် ဘဏ္ဍာငွေထောက်ပံ့ရေးကို ရှာဖွေဖော်ထုတ်ခြင်း

ဤကိရိယာသည် မြို့တော်စီမံအုပ်ချုပ်ရေးမှူးများနှင့် အစိုးရအရာရှိများအား ၎င်းတို့၏ စမတ်မြို့တော် အကောင်အထည်ဖော်ရေး ကနဦးလုပ်ဆောင်ချက်များအတွက် သင့်လျော်သည့် ဘဏ္ဍာငွေထောက်ပံ့ရေး ကိရိယာများနှင့် စာချုပ်စာတမ်းများကို ရှာဖွေကြည့်ရှုနိုင်စေရန် မရှိမဖြစ်လိုအပ်သည့် ဗဟုသုတနှင့် ရင်းမြစ်များ ပံ့ပိုးပေးထားသည်။

သင် လိုအပ်သည့် ကိရိယာများကို ရယူပါ

စမတ်မြို့တော်အကောင်အထည်ဖော်ရေးအတွက် ကျွန်ုပ်တို့၏လမ်းညွှန်အပြည့်အစုံကို စူးစမ်းလေ့လာကြည့်ပါ။

ပထမဆုံး

သင့်စီမံကိန်းအတွက် သင့်လျော်မည့် ဘဏ္ဍာငွေထောက်ပံ့မှု ရွေးချယ်စရာများကို စူးစမ်းရှာဖွေပါ

ငွေကြေးဆိုင်ရာ စာချုပ်စာတမ်း စုစည်းခန်း

မတူညီသော ဘဏ္ဍာငွေထောက်ပံ့မှု ကိရိယာနှင့် ရွေးချယ်စရာ အမျိုးမျိုးအကြောင်း ပိုမိုလေ့လာလိုက်ပါ။

ဖြစ်ရပ်လေ့လာမှုများ

အခြားမြို့တော်များက ၎င်းတို့၏ စမတ်မြို့တော် အကောင်အထည်ဖော်ရေး ကနဦးလုပ်ဆောင်ချက်များအား မည်သို့ ဘဏ္ဍာငွေထောက်ပံ့သည်ကို ရှာဖွေလေ့လာပါ။

ရင်းမြစ်များ

ဤဝက်ဘ်ဆိုက်အပြင် အခြားအသုံးဝင်သော အကြောင်းအရာများကို ကြည့်ရှုရန်

ဤကိရိယာကို အသုံးပြုပုံ

ASEAN စမတ်မြို့တော် ဘဏ္ဍာငွေထောက်ပံ့မှု ကိရိယာအတွက် တစ်ဆင့်ချင်းလမ်းညွှန်ပေးမည့် ကျွန်ုပ်တို့၏ အတိုချုပ်ဗီဒီယို ကျူတိုရီရယ်ကို ကြည့်ရှုပါ

ဤကိရိယာကို အသုံးပြုပုံ? 10 min

ငွေကြေးဆိုင်ရာ စာချုပ်စာတမ်း အကြံပြုချက်နှင့် ရွေးချယ်ရေး ကိရိယာ

သင့်စီမံကိန်းအတွက် သင့်လျော်မည့် ဘဏ္ဍာငွေထောက်ပံ့မှု ရွေးချယ်စရာများကို စူးစမ်းရှာဖွေပါ

ထည့်သွင်းရမည့် မေးလေ့မေးထရှိသော မေးခွန်းမျာ

အာဆီယံ စမတ်စီးတီး ဘဏ္ဍာငွေထောက်ပံ့ရေး နည်းလမ်းအသွယ်သွယ် (ASEAN Smart City Financing Toolkit) ဆိုတာ ဘာလဲ။

အာဆီယံ စမတ်စီးတီး ဘဏ္ဍာငွေထောက်ပံ့ရေး နည်းလမ်းအသွယ်သွယ်ဆိုသည်မှာ စမတ်စီးတီး စီမံကိန်းများအတွက် မြို့တော် အုပ်ချုပ်ရေးမှူးများနှင့် အစိုးရအရာရှိများတွင် လိုအပ်သည့် သင့်လျော်သည့် ဘဏ္ဍာငွေထောက်ပံ့ရေး နည်းလမ်းများနှင့် ပစ္စည်းများ ရှာဖွေရန် ဗဟုသုတနှင့် ရင်းမြစ်များ ပေးအပ်သည့်နေရာဖြစ်သည်။ ၎င်းသည် စမတ်စီးတီးအတွက် ဘဏ္ဍာငွေထောက်ပံ့ရေး နည်းလမ်းများကို ပထမဆုံး စတင်ရှာဖွေကြသူများအား chatbot လုပ်ဆောင်ချက်နှင့် ဆွေးနွေးရေး ဘုတ်အဖွဲ့၏ ပံ့ပိုးမှုနှင့်အတူ ဘဏ္ဍာရေးဆိုင်ရာပစ္စည်းများ၊ ကောက်နုတ်စုစည်းထားသော ဖြစ်ရပ်လေ့လာမှုများနှင့် ဘဏ္ဍာရေးနည်းလမ်းများ အကြံပြုထောက်ခံရေးနှင့် ရွေးချယ်ရေးစနစ် (Financial Instrument Recommendation and Selection Tool, FIRST) တို့ စုစည်းထားရာနေရာဖြစ်သည်။

စမတ်စီးတီး စီမံကိန်းဆိုတာ ဘာလဲ။

စမတ်စီးတီးဆိုသည်မှာ "ပြည်သူများ၏ ဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ပေးပြီး အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် မြို့ပြစိန်ခေါ်မှုများကို ကိုင်တွယ်ရန် နည်းပညာနှင့် ဒစ်ဂျစ်တယ်နည်းလမ်းများ၊ နည်းပညာပိုင်းနှင့်မသက်ဆိုင်သည့် ဆန်းသစ်တီထွင်မှုနည်းလမ်းများကို အသုံးချသည့် မြို့တော်များဖြစ်သည်" ဟု အာဆီယံ စမတ်စီးတီးများ ကွန်ရက် (ASEAN Smart Cities Network, ASCN) က သတ်မှတ်ထားသည်။ အာဆီယံ စမတ်စီးတီး စီမံကိန်းများသည် အာဆီယံဒေသတွင်းရှိ ပြည်သူများ လက်ရှိပစ္စုပ္ပန်နှင့် အနာဂတ်တွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို အားလုံးပေါင်းစည်းထည့်သွင်းသည့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ ရလဒ်များနှင့် တစ်သားတည်းဖြစ်စေရန် မြှင့်တင်ပေးသည်။

FIRST ဆိုသည်မှာ ဘာပါလဲ။

ဘဏ္ဍာရေးနည်းလမ်းများ အကြံပြုထောက်ခံရေးနှင့် ရွေးချယ်ရေးစနစ် (FIRST) ကို စမတ်စီးတီးဖြစ်လာရန်မျှော်မှန်းသည့် စီမံကိန်းများတွင် သီးခြား ဘဏ္ဍာရေးနည်းလမ်းများကို နေရာချရှာဖွေရာတွင် ကိရိယာစုံ (Toolkit) သုံးစွဲသူများအား ကူညီပံ့ပိုးပေးရန် ဒီဇိုင်းပုံစံထုတ်ထားပါသည်။ စမတ်စီးတီး အကျိုးတူပူးပေါင်းသူများအနေဖြင့် စီမံကိန်း၏ ပဏာမဝိသေသများပေါ် အခြေပြု၍ ထပ်ဆောင်းသုတေသန လုပ်နိုင်စေမည့် ဘဏ္ဍာရေးနည်းလမ်းများကို တိုက်တွန်းအကြံပြုပေးရန် ၎င်းက ရှာဖွေလုပ်ဆောင်ပါသည်။ သုံးစွဲသူများအနေဖြင့် FIRST မှ ထွက်ပေါ်လာသောအရာများကို အပြည့်အဝ အသုံးမပြုသင့်ဘဲ စမတ်စီးတီး စီမံကိန်းများအတွက် ရန်ပုံငွေရှာဖွေရေး သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ အခြားရွေးချယ်စရာများကို ဆက်လက်စူးစမ်းရှာဖွေသင့်သည်။

FIRST ကို ကျွန်ုပ် ဘယ်လို အသုံးပြုပါမလဲ။

FIRST ကို အသုံးပြုရန် “ဉာဏ်စမ်း ဖြေဆိုရန် (Take Quiz)” ကို နှိပ်လိုက်ပြီး သင့်စခရင်ပေါ်၌ ပေါ်လာသည့်မေးခွန်းများကိုသာ ဖြည့်လိုက်ပါ။ FIRST အပါအဝင် ဤကိရိယာစုံကို အသုံးပြုရန်အတွက် တစ်ဆင့်ချင်း ညွှန်ကြားပြသသည့် ဗီဒီယိုကိုလည်း ကျွန်ုပ်တို့ ပံ့ပိုးပေးထားပါသည်။

စမတ်စီးတီး စီမံကိန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုအကြောင်းကို မည်သည့်နေရာတွင် ကျွန်ုပ် ပိုမိုလေ့လာသင်ယူနိုင်ပါသလဲ။

စမတ်စီးတီး စီမံကိန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုဆိုင်ရာ အခြားရင်းမြစ်များကို ဝင်ရောက်အသုံးပြုရန် ကျေးဇူးပြု၍ ထပ်ဆောင်းရင်းမြစ်များ စာမျက်နှာကို လွတ်လွတ်လပ်လပ် အသုံးပြုလိုက်ပါ။ အခြားသူများ၏ အတွေ့အကြုံများကို ကြားသိလိုပါက ပိုမိုရှာဖွေတွေ့ရှိရန် ဆွေးနွေးရေး သင်ပုန်းကိုလည်း အသုံးပြုနိုင်ပါသည်။

Scroll to Top
1/6

သင်သည် မည်သည့်နိုင်ငံက ဖြစ်ပါသလဲ။

အောက်ပါတို့မှ မည်သည်က သင့်အား အကောင်းဆုံးဖော်ပြပါသလဲ။

အောက်ပါတို့မှ မည်သည့်အဓိကနယ်ပယ် 6 ခုက သင့်စီမံကိန်းနှင့် အကိုက်ညီဆုံးဖြစ်သလဲ။

အောက်ပါတို့မှ မည်သည့်အမျိုးအစားအုပ်စုများက သင့်စီမံကိန်းနှင့် အကိုက်ညီဆုံးဖြစ်သလဲ။

သင့်စီမံကိန်းသည် လောလောဆယ် မည်သည့်အကောင်အထည်ဖော်မှုအဆင့်တွင် ရှိနေပါသလဲ။

သင့်စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်အကျိုးပြုရလဒ်များ ရှိပါသလား။