ဆင်ဒီကိတ်ချေးငွေ

ဆင်ဒီကိတ်ချေးငွေဆိုသည်မှာ ဆင်ဒီကိတ်ဟုခေါ်ဆိုသော ငွေထုတ်ချေးသူအဖွဲ့တစ်ဖွဲ့က တစ်ဦးတည်းသော ချေးငွေယူသူ၊ ပုံမှန်အားဖြင့် ကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုသို့ ချေးငွေပမာဏအမြောက်အမြားကို ပေးသည့် ငွေကြေးအစီအမံဖြစ်သည်။

Instrument Category

Other ınstruments ın the same Category

Relevant case study

Comparison between bilateral loans and syndicated loans. Available at: https://www.finleycms.com/blog/whatare-syndicated-loans

အကြောင်းအရာဖော်ပြချက်

ဆင်ဒီကိတ်ချေးငွေဆိုသည်မှာ ဆင်ဒီကိတ်ဟုခေါ်ဆိုသော ငွေထုတ်ချေးသူအဖွဲ့တစ်ဖွဲ့က တစ်ဦးတည်းသော ချေးငွေယူသူ၊ ပုံမှန်အားဖြင့် ကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုသို့ ချေးငွေပမာဏအမြောက်အမြားကို ပေးသည့် ငွေကြေးအစီအမံဖြစ်သည်။ ဤသို့သော ဘဏ္ဍာငွေထောက်ပံ့မှု အမျိုးအစားသည် ငွေချေးယူသူတစ်ဦး၏ ငွေအရင်းအနှီးလိုအပ်ချက်များကို ရန်ပုံငွေထောက်ပံ့ရန် ဘဏ္ဍာရေးအဖွဲ့အစည်း အများအပြားထံမှ ရင်းမြစ်များကို ပေါင်းစုခွင့်ပြုပြီး ပမာဏကြီးမားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ဖြစ်လေ့ရှိပါသည်။

ဆင်ဒီကိတ်ချေးငွေများသည် ငွေချေးယူသူများနှင့် ငွေထုတ်ချေးသူများအတွက် အကျိုးကျေးဇူးအမျိုးမျိုး ကမ်းလှမ်းပေးသည်။ ငွေချေးယူသူအတွက်ကြည့်လျှင် စင်ဒီကိတ်တစ်ခု ဖွဲ့စည်းခြင်းက ငွေထုတ်ချေးသူ တစ်ဦးတည်းထံမှ ရရှိနိုင်သည်ထက် ပိုမိုများပြားသော ငွေအရင်းအနှီးကို ရရှိစေသည်။ ငွေထုတ်ချေးသူအတွက်ကြည့်လျှင် စွန့်စားမှုကို ငွေထုတ်ချေးသူ အများအပြားအကြား ဖြန့်ဝေပေးပြီး အဖွဲ့အစည်းတစ်ခုချင်းအတွက် ထိတွေ့မှုကို လျှော့ချပေးသည်။ ဆင်ဒီကိတ်ချေးငွေ တစ်ခုအတွင်း ပါဝင်လုပ်ဆောင်ခြင်းက အဖွဲ့အစည်းများ အနေဖြင့် ကြီးမားသောချေးငွေနှင့် ဆက်စပ်သည့် စွန့်စားမှုကို အလွန်အကျွံမယူစေဘဲ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အစုစုကို မတူညီသော နေရာများတွင် ဖြန့်ကျက်လုပ်ဆောင်နိုင်စေသည်။

ဆင်ဒီကိတ်ချေးငွေ တစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံသည် ပုံမှန်အားဖြင့် ဦးဆောင်ဘဏ် သို့မဟုတ် အာမခံပေးသူတစ်ဦး ရှိခြင်းမျိုးဖြစ်သည်။ ဦးဆောင်ဘဏ်သည် ထုတ်ချေးငွေ၏ ပိုပိုများပြားသော အချိုးအစားကို ထုတ်ချေးလေ့ရှိသည် သို့မဟုတ် စီမံအုပ်ချုပ်ရေးတာဝန်များကို ယူလေ့ရှိကြသည်။ ဆင်ဒီကိတ်ချေးငွေများ၏ စည်းမျဉ်းစည်းကမ်းများတွင် အတိုးနှုန်းများ၊ ပြန်ဆပ်ရန် အချိန်ဇယားများနှင့် သဘောတူစာချုပ်များပါရှိပြီး ငွေထုတ်ချေးသူများ၏ အကျိုးအမြတ် ရရှိနိုင်မှုနှင့် ထည့်ဝင်မှု ပမာဏကို ထည့်သွင်းစဉ်းစားပါသည်။ ဆင်ဒီကိတ်ချေးငွေများကို ပြန်ဆပ်ရန် အတိအကျ အချိန်ဇယားများပါသည့် သက်တမ်းနှင့် ချေးငွေများအနေဖြင့် သို့မဟုတ် ချေးယူနိုင်သော ပမာဏ တစ်သတ်မတ်တည်းမရှိသော လှည့်ပတ်နိုင်သည့် ချေးငွေအစီအစဉ်အနေဖြင့် ဖွဲ့စည်းတည်ဆောက်နိုင်သည်။

အခြေအနေများကိုဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • မြို့တော် သို့မဟုတ် စီမံကိန်း၏ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှု အခြေအနေ။ စီမံကိန်းတစ်ခု သို့မဟုတ် မြို့တော်တစ်ခု၏ ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက် အကဲဖြတ်ချက်တစ်ခုသည် ချေးငွေတစ်ခုတွင် အာမခံနိုင်သည့် စည်းကမ်းသတ်မှတ်ချက်များကို သိသိသာသာ ပုံဖော်ပေးသည်။ ခိုင်မာသော ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေရှိသည့် မြို့တော်များ သို့မဟုတ် စီမံကိန်းများသည် ပိုမိုကောင်းမွန်သည့် အတိုးနှုန်းများနှင့် ပြန်ဆပ်ချိန်များရရှိရန် အရည်အချင်းပြည့်မီတတ်ကြသည်။ စီမံကိန်းတစ်ခု သို့မဟုတ် မြိုတော်တစ်ခု၏ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေအား စစ်ဆေးအကဲဖြတ်မှုသည် ၎င်း၏ ဝင်ငွေရှင်းတမ်းများ၊ လက်ကျန်စာရင်းရှင်းတမ်းများနှင့် ငွေသားစီးဆင်းမှုရှင်းတမ်းများအပါအဝင် ဘဏ္ဍာရေးရှင်းတမ်းများ အပေါ် မူတည်ပါသည်။ ဘဏ္ဍာရေးအခြေအနေကောင်းမွန်မှုကို စစ်ဆေးအကဲဖြတ်ရာတွင် ဘဏ်များသည် တည်ငြိမ်သည့် ဝင်ငွေစီးဆင်းမှု၊ ပြန်လည်ပေးဆပ်နိုင်သည့် ကြွေးမြီပမာဏများနှင့် ငွေသားစီးဆင်းမှုတွင် အ‌ပေါင်းလက္ခဏာရှိခြင်း ကဲ့သို့သော အညွှန်းများကို ရှာကြည့်ပါမည်။
  • ချေးငွေစည်းကမ်းချက်များကို ပြဋ္ဌာန်းရန် ဥပဒေမူဘောင်။ ဘဏ်များသည် ပြန်ဆပ်ရန် ကာလသတ်မှတ်ချေးငွေတစ်ခုကို အာမခံရန်အတွက် ငွေချေးယူသူသည် ဥပဒေနှင့် စည်းကမ်းသတ်မှတ်ချက်များအားလုံးကို လိုက်နာမည်ဖြစ်ကြောင်း အာမခံချက်လိုအပ်ပါသည်။ ဤအာမခံချက်တွင် ကြွေးမြီများကို ချေးယူရန်နှင့် ကောက်ခံမြှင့်တင်ရန် မြို့တော် သို့မဟုတ် စီမံကိန်းအဖွဲ့၏ အခွင့်အာဏာကို နားလည်ခြင်း၊ ရန်ပုံငွေများကို ရည်ရွယ်ထားသည့်အတိုင်း အသုံးပြုခြင်း၏တရားဝင်မှုကို စစ်ဆေးအတည်ပြုခြင်းနှင့် ဘဏ်၏ ချေးငွေ စည်းကမ်းချက်များကို ပြဌာန်းနိုင်စွမ်းကို သေချာစေခြင်းတို့ အကျုံးဝင်ပါသည်။ တည်ငြိမ်သည့် စည်းမျဉ်းစည်းကမ်း ပတ်ဝန်းကျင်သည် ပြန်ဆပ်ရန် ကာလသတ်မှတ်ချေးငွေများကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်နှင့် တွန်းအားပေးရန် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါသည်။

အလားအလာရှိသော စိန်ခေါ်မှုများ

  • ချေးငွေကိုဖွဲ့စည်းတည်ဆောက်ခြင်းသည် ရှုပ်ထွေးပြီး အချိန်ယူနိုင်သည်။ ချေးငွေတွင် ငွေထုတ်ချေးသူ အများအပြားပါဝင်သည့်အတွက် စည်းမျဉ်းစည်းကမ်းများကို ညှိနှိုင်းရခြင်းသည် ရှုပ်ထွေးပြီး အချိန်ကုန်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်နိုင်ပြီး စီမံကိန်းတိုးတက်မှုကို နှောင့်နှေးစေနိုင်သည်ထို့အပြင် ဆင်ဒီကိတ်ချေးငွေ တစ်ခုတွင် ပါဝင်သူ အများအပြားရှိသည့်အတွက်၊ ပါဝင်သူတစ်ဦးစီ၏ အခန်းကဏ္ဍများကို ရှင်းလင်းသတ်မှတ်ပြီး အခြားအဖွဲ့အစည်းများအကြား ၎င်းတို့၏ သက်ဆိုင်ရာ အခွင့်အရေးများ၊ တာဝန်များနှင့် ဦးစားပေးများကို သတ်မှတ်ပေးခြင်းသည် ငွေရင်းနှင့် စင်ဒီကိတ်ချေးငွေ စာရွက်စာတမ်းများအတွက် အရေးကြီးပါသည်။ ဤသည်က ချေးငွေဆိုင်ရာ ညှိနှိုင်းရေးလုပ်ငန်းစဉ်ကာလကို ရှည်ကြာစေပြီး လိုအပ်သည့် စီမံအုပ်ချုပ်ရေး လုပ်ငန်းပမာဏကို များပြားစေသည်။
  • သက်သေမပြနိုင်သည့် သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ အောင်မြင်မှုမှတ်တမ်း အကန့်အသတ်ရှိသည့် အစောပိုင်းအဆင့် စမတ်စီးတီး စီမံကိန်းများကို ဘဏ္ဍာငွေထောက်ပံ့ရန်အတွက် မသင့်လျှော်ခြင်း ဖြစ်နိုင်ပါသည်။ ငွေသားစီးဆင်းမှု အကန့်အသတ်ရှိသည့် အစောပိုင်းအဆင့် စမတ်စီးတီး စီမံကိန်းများသည် ၎င်းတို့၏ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေကို ဘဏ်များနှင့် စင်ဒီကိတ်အတွင်းရှိ အခြားငွေထုတ်ချေးသူများထံ သက်သေပြရာတွင် စိန်ခေါ်မှုများကို တွေ့ရှိရနိုင်သည်။ ငွေသားစီးဆင်းမှုရေးဆွဲနိုင်မှု မရှိသေးသော အစောပိုင်းအဆင့် စီမံကိန်းများအတွက် ချေးငွေများရရှိရန် အနည်းငယ်ပို၍ စိန်ခေါ်မှုရှိစေနိုင်သည်။
  • မြို့တော်များ သို့မဟုတ် စီမံကိန်းများအနေဖြင့် ကောင်းမွန်သောနှုန်းထားများ ရရှိအောင်လုပ်ရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်သည်။ ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက် အကဲဖြတ်ချက် နိမ့်သည့် သိုမဟုတ် ဘဏ္ဍာရေး မတည်ငြိမ်သည့် မှတ်တမ်းတစ်ခုရှိသော မြိုတော်များသည် ကောင်းမွန်သည့် ရယူမှုစည်းမျဉ်းများ ရရှိအောင်လုပ်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေတွင် ကန့်သတ်ချက်ရှိခြင်းက ပိုမြင့်မားသော အတိုးနှုန်းများ၊ တင်းကြပ်သည့် ငွေပြန်ဆပ်ရန် အခြေအနေများ၊ သို့မဟုတ် ချေးငွေရရှိနိုင်ရန်အတွက်ပင် ခက်ခဲစေသည့် ရလဒ်ဖြစ်စေနိုင်သည်။ ကောင်းမွန်သည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလေ့အထများမှတစ်ဆင့် မြို့တော် သို့မဟုတ် စီမံကိန်း၏ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေကို မြှင့်တင်ခြင်းသည် ဤစိန်ခေါ်မှုများကို ကျော်လွှားရာတွင် အရေးပါလာပါသည်။

အလားအလာရှိသော အကျိုးအမြတ်များ

  • သိသာများပြားသော အရင်းအနှီးများ ရရှိနိုင်ခြင်း။  ဆင်ဒီကိတ်ချေးငွေများက စမတ်စီးတီးစီမံကိန်းများတွင်း ပါဝင်သည့် မြူနီစီပယ်ဒေသများ သို့မဟုတ်ကော်ပိုရေးရှင်းကဲ့သို့သော ငွေချေးယူသူများအား ငွေထုတ်ချေးသူ တစ်ဦးတည်းမှ ပေးအပ်ရာတွင် စိန်ခေါ်မှုရှိနိုင်သည့် သိသာများပြားသည့် ငွေအရင်းအနှီးပမာဏကို ရယူသုံးစွဲခွင့်ပေးပါသည်။ စမတ်စီးတီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပုံမှန်ဖြစ်သည့် ပမာဏကြီးမားသော အခြေခံအဆောက်အအုံ သို့မဟုတ် နည်းပညာဆိုင်ရာ စီမံကိန်းများအား ဘဏ္ဍာငွေထောက်ပံ့ရန်အတွက် အရေးပါပါသည်။
  • ငွေထုတ်ချေးသူများအကြား စွန်းစားမှုများကို မျှဝေခြင်း။ ဘဏ္ဍာရေးအဖွဲ့အစည်း အများအပြားအကြား ချေးငွေပမာဏ ဖြန့်ဝေခြင်းဖြင့် ဆင်ဒီကိတ်ချေးငွေများသည် ကြီးမားသောချေးငွေများနှင့် ဆက်စပ်သည့် စွန်းစားမှုများကို ဖြန့်ဝေပါသည်။ ဤသို့ စွန့်စားမှုမျှဝေခြင်းသည် ရှုပ်ထွေးပြီး မသေချာမရေရာမှုနှင့် စွန့်စားမှုအဆင့် မြင့်မားစေသည့် စမတ်စီးတီး စီမံကိန်းများကဲ့သို့ ဆက်စပ်အခြေအနေများအတွက် အထူးဆွဲဆောင်မှုရှိပါသည်။
  • ငွေချေးယူသူများအတွက် ရိုးရှင်းသော ချေးငွေစီမံခန့်ခွဲမှု။ ငွေချေးယူသူများအတွက် ဆင်ဒီကိတ်ချေးငွေတစ်ခုကို စီမံခြင်းသည် မတူညီသော ငွေထုတ်ချေးသူများထံမှ သီးခြားချေးငွေအများအပြားကို လှည့်ပြောင်းကိုင်တွယ်ခြင်းထက် ပို၍ရိုးရှင်းနိုင်သည်။ ဆင်ဒီကိတ်ချေးငွေ တစ်ခုဖြင့်ဆိုလျှင် ငွေချေးယူသူအတွက် ဆက်သွယ်မှတ်အဖြစ် လုပ်ဆောင်သည့် ဦးဆောင်အဖွဲ့အစည်းတစ်ခု ပုံမှန်ရှိပြီး ဆက်သွယ်ပြောဆိုရေးနှင့် စီမံအုပ်ချုပ်ရေး လုပ်ငန်းစဉ်ကို ​ချောမွေ့စီးဆင်းစေသည်။

ရင်းမြစ်များ

Case Study

Scroll to Top