ကာလသတ်မှတ်ချေးငွေ

ကာလသတ်မှတ်ချေးငွေဆိုသည်မှာ ချေးငွေယူသူက ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုထံမှ တစ်လုံးတစ်ခဲတည်းငွေကို လက်ခံရရှိပြီး ချေးငွေသက်တမ်းဟု ခေါ်ဆိုသည့် သတ်မှတ်ကာလတစ်ခုအတွင်း ချေးငွေကို ပြန်ဆပ်ရန် သဘောတူသည့် ပုံမှန် ကြွေးမြီအခြေခံ ငွေကြေးအစီအစဉ်ဖြစ်သည်။

Instrument Category

Other ınstruments ın the same Category

Relevant case study

အကြောင်းအရာဖော်ပြချက်

ကာလသတ်မှတ်ချေးငွေဆိုသည်မှာ ငွေချေးယူသူသည် ဘဏ်တစ်ခုကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုထံမှ ငွေတစ်လုံးတစ်ခဲတည်း လက်ခံရရှိပြီး ချေးငွေကို ချေးငွေသက်တမ်းဟုခေါ်သည့် သီးသန့်ကာလတစ်ခုအတွင်း ပြန်ပေးဆပ်ရန် သဘောတူသည့် အသုံးများသော ကြွေးမြီအခြေပြု ဘဏ္ဍာရေး အစီအစဉ်တစ်ခုဖြစ်သည်။ ကာလသတ်မှတ်ချေးငွေများသည် ပြန်လှည့်ပတ်သည့် ကြွေးမြီအစီအမံများနှင့် မတူဘဲ ပုံသေ ပြန်ဆပ်ရမည့် အချိန်ဇယားတစ်ခု အတိအကျရှိပြီး ပုံမှန်အားဖြင့် လစဉ်အရစ်ကျပေးဆပ်မှုများ ပါဝင်ကာ ၎င်းတို့အား ဖွဲ့စည်းတည်ဆောက်မှုရှိသည့် ကြွေးမြီပုံစံတစ်ခု ဖြစ်စေသည်။ ကာလသတ်မှတ်ချေးငွေများက ငွေလုံးငွေရင်း အသုံးစရိတ်များအတွက် ရန်ပုံငွေထောက်ပံ့ခြင်း၊ တိုးချဲ့ စီမံကိန်းများ၊ ပစ္စည်းကိရိယာ ဝယ်ယူမှုများ သို့မဟုတ် ရေရှည် လုပ်ငန်းသုံး အရင်းအနှီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများ အပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် လုပ်ဆောင်ကြသည်။ ဤချေးငွေများတွင် ပုံသေ သို့မဟုတ် ကွဲပြားသည့် အတိုးနှုန်းများရှိကြပြီး ချေး​ငွေ၏ သဘောသဘာဝနှင့် ၎င်းကိုရယူခဲ့သည့် ရည်ရွယ်ချက်ပေါ်မူတည်၍ ငွေပြန်ဆပ်ရန်ကာလသည် ကာလတို သို့မဟုတ် ကာလရှည် ဖြစ်နိုင်သည်။

ပိုင်ဆိုင်မှုများကို အပေါင်အဖြစ် ကတိထားရှိကာ ကာလသတ်မှတ်ချေးငွေများကို အာမခံနိုင်သည် သို့မဟုတ် ငွေချေးယူသူ၏ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေပေါ် လုံးလုံးလျားလျား မှီတည်ပြီး အာမမခံဘဲ ထားနိုင်သည်။ ကာလသတ်မှတ်ချေးငွေများ၏ စည်းမျဉ်းစည်းကမ်းများကို ပုံမှန်အားဖြင့် တရားဝင် သဘောတူညီချက်တစ်ခုအတွင်း အကြမ်းဖျဉ်းဖော်ပြထားပြီး အတိုးနှုန်းများ၊ ပြန်ဆပ်ရန် အချိန်ဇယားများ၊ ဆက်စပ်အခကြေးငွေများနှင့် ကြိုတင်ပေးချေရန် ရွေးချယ်စရာများကဲ့သို့သော အသေးစိတ်အချက်များ ပါဝင်သည်။

အခြေအနေများကို ဖန်တီးခြင်းနှင့် အဓိက ထည့်သွင်းစဉ်းစားစရာများ

  • မြို့တော်တစ်ခု၏ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှု။ မြို့တော်တစ်ခု၏ ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက် အကဲဖြတ်ချက် တစ်ခုက ကာလသတ်မှတ်ချေးငွေ တစ်ခုအတွင်း အာမခံနိုင်သည့် စည်းမျဉ်းစည်းကမ်းများကို သိသိသာသာ ပုံဖော်ပေးပါသည်။ ခိုင်မာသော ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှု အခြေအနေကို မြှင့်တင်တားသော မြို့တော်များသည် ပိုမိုကောင်းမွန်သည့် အတိုးနှုန်းများနှင့် ပြန်ဆပ်ကာလများရရှိရန် အရည်အချင်းပြည့်မီတတ်ကြသည်။ မြိုတော်တစ်ခု၏ ချေးငွေပြန်ဆပ်ရန် စိတ်ချရမှုအပေါ် အကဲဖြတ်သုံးသပ်မှုသည် ၎င်း၏ ဝင်ငွေရှင်းတမ်းများ၊ လက်ကျန်ငွေစာရင်း ရှင်းတမ်းများနှင့် ငွေသားစီးဆင်းမှု ရှင်းတမ်းများ အပါအဝင် ဘဏ္ဍာရေး ရှင်းတမ်းများအပေါ် မူတည်ပါသည်။ မြို့တော်တစ်ခု၏ ဘဏ္ဍာရေး ကောင်းမွန်မှုအခြေအနေကို အကဲဖြတ်ရာတွင် ဘဏ်များအနေဖြင့် တည်ငြိမ်သည့် ဝင်ငွေစီးဆင်းမှု၊ ပြန်လည်ပေးဆပ်နိုင်မည့် ကြွေးမြီအဆင့်များနှင့် ငွေသားစီးဆင်းမှုတွင် အပေါင်းလက္ခဏာပြခြင်းကဲ့သို့သော အညွှန်းကိန်းများကို ရှာကြည့်ပါမည်။
  • ချေးငွေကို ပြန်ဆပ်နိုင်စွမ်း။ ကာလသတ်မှတ်ချေးငွေတစ်ခု ပေးရန် ဘဏ်၏ဆုံးဖြတ်ချက်အတွင်း အဓိကအချက်တစ်ခုမှာ မြို့တော် သို့မဟုတ် စီမံကိန်း၏ ချေးငွေ၏အရင်းနှင့် အတိုးကို ပြန်ဆပ်နိုင်စွမ်းနှင့် ချိတ်ဆက်နေသည်။ ၎င်းတွင် ပုံမှန်အားဖြင့် မြို့တော် သို့မဟုတ် စီမံကိန်း၏ ဝင်ငွေစီးကြောင်း၊ ဘတ်ဂျက်ခွဲဝေမှုများနှင့် ဘဏ်မှ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထများကို စေ့စေ့စပ်စပ် စစ်ဆေးခြင်းများ ပုံမှန်ပါဝင်ပါသည်။ ခိုင်မာသော ငွေပြန်ဆပ်နိုင်စွမ်းရည်သည် ဘဏ်အတွင်း ယုံကြည်စိတ်ချမှုကိုမွေးမြူပေးပြီး မြို့တော်၏ကြွေးမြီဆပ်ရန် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်းအား အာမခံပေးပါသည်။
  • ချေးငွေဆိုင်ရာ စည်းကမ်းချက်များကို ပြဋ္ဌာန်းနိုင်စွမ်း။ ဘဏ်များသည် ကာလသတ်မှတ်ချေးငွေတစ်ခုကို အာမခံပေးရန်အတွက် မြို့တော်သည် ဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များအားလုံးကို လိုက်နာမည်ဖြစ်ကြောင်း အာမခံချက် လိုအပ်ပါသည်။ ဤအာမခံချက်တွင် ကြွေးမြီများကို ချေးယူရန်နှင့် ကောက်ခံမြှင့်တင်ရန် မြို့တော် အခွင့်အာဏာကို နားလည်ခြင်း၊ ရန်ပုံငွေများကို ရည်ရွယ်ထားသည့်အတိုင်း အသုံးပြုခြင်း၏တရားဝင်မှုကို စစ်ဆေးအတည်ပြုခြင်းနှင့် ဘဏ်၏ ချေးငွေ စည်းကမ်းချက်များကို ပြဌာန်းနိုင်စွမ်းကို သေချာစေခြင်းတို့ အကျုံးဝင်ပါသည်။ တည်ငြိမ်သည့် စည်းမျဉ်းစည်းကမ်း ပတ်ဝန်းကျင်သည် ပြန်ဆပ်ရန် ကာလသတ်မှတ်ချေးငွေများကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်နှင့် တွန်းအားပေးရန် အခြေခံအုတ်မြစ်ကို ပံ့ပိုးပေးပါသည်။

အလားအလာရှိသော စိန်ခေါ်မှုများ  

  • မြို့တော်များအနေဖြင့် ကောင်းမွန်သည့်နှုန်းထားများ ရရှိအောင်လုပ်ရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်သည်။ ကြွေးဆပ်နိုင်စွမ်း အဆင့်သတ်မှတ်ချက် အကဲဖြတ်ချက် နိမ့်သည့် သို့မဟုတ် ဘဏ္ဍာရေး မတည်ငြိမ်သည့် မှတ်တမ်းတစ်ခုရှိသော မြို့တော်များသည် ကာလသတ်မှတ်ချေးငွေအတွက် ကောင်းမွန်သည့် စည်းမျဉ်းများနှင့် ရင်ဆိုင်ရနိုင်သည်။ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေတွင် ကန့်သတ်ချက်ရှိခြင်းက ပိုမြင့်မားသော အတိုးနှုန်းများ၊ တင်းကြပ်သည့် ငွေပြန်ဆပ်ရန် အခြေအနေများ၊ သို့မဟုတ် ချေးငွေရရှိနိုင်ရန်အတွက်ပင် ခက်ခဲစေသည့် ရလဒ်ဖြစ်စေနိုင်သည်။ ကောင်းမွန်သည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလေ့အထများမှတစ်ဆင့် မြို့တော် သို့မဟုတ် စီမံကိန်း၏ ချေးငွေ ပြန်ဆပ်ရန် စိတ်ချရမှုအခြေအနေကို မြှင့်တင်ခြင်းသည် ဤစိန်ခေါ်မှုကို ကျော်လွှားရာတွင် အရေးပါပါသည်။
  • စီမံကိန်း၏ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများက ချေးငွေများရရှိမှုကို ဟန့်တားနိုင်သည်။ အကယ်၍ ကာလသတ်မှတ်ချေးငွေသည် သီးခြားစီမံကိန်းတစ်ခုကို ဘဏ္ဍာငွေထောက်ပံ့ရန် ရည်ရွယ်ပါက စီမံကိန်းကို အကောင်အထည်ဖော်နိုင်မှုနှင့် အောင်မြင်မှုနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများက ချေးငွေအတည်ပြုခြင်းကို ဟန့်တားနိုင်သည်။ ငွေထုတ်ချေးသူများက စီမံကိန်း၏ လုပ်ငန်းစီမံချက်၊ ရန်ပုံငွေများကို ရည်ရွယ်ထားသော အသုံးပြုမှု၊ မြို့တော်၏ စီမံကိန်းကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်စွမ်းနှင့် စီမံကိန်း၏ စီးပွားရေး၊ ပတ်ဝန်းကျင် သို့မဟုတ် လူမှုရေး သက်ရောက်မှုအလားအလာများကိုပင် သေချာစစ်ဆေးနိုင်သည်။ ရှင်းလင်းပြတ်သားသည့် ဆက်သွယ်ပြောဆိုမှုနှင့် အသေးစိတ် စီမံကိန်း အစီအစဉ်တစ်ခုက ဤပြဿနာကို ဖြေရှင်းရာတွင် ကူညီနိုင်သည်။
  • မက်ခရိုစီးပွားရေး (Macroeconomic) အခြေအနေများက ငွေချေးနှုန်းကို သိသိသာသာ သက်ရောက်နိုင်သည်။ မြို့တော်မှ ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည့်အချက်များမှ အရင်းတည်သော မသေချာမရေရာသည့် စီးပွားရေးအခြေအနေများ၊ ဥပမာ – နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှု၊ ကပ်ရောဂါဘေး၊ စသည်တို့က မြို့တော်များအနေဖြင့် ကာလသတ်မှတ်ချေးငွေများကိုရှာဖွေရာတွင် စိန်ခေါ်မှု ဖြစ်စေသည်။ စီးပွားရေး မသေချာမရေရာသည့် ကာလများအတွင်း ငွေထုတ်ချေးသူများသည် ဂရုစိုက်မှုများကို တိုးမြှင့် လုပ်ဆောင်နိုင်သည်။ ၎င်းတွင် ချေးငွေအတည်ပြုမှုများနှင့် အတိုးနှုန်းများအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုတစ်ခု ရှိနိုင်သည်။ 

အလားအလာရှိသော အကျိုးအမြတ်များ

  • ငွေပြန်ဆပ်ရန် အစီအစဉ်များသည် စနစ်တကျဖွဲ့စည်းမှုရှိပြီး ကြိုတင်မှန်းဆထားနိုင်သည်။ ကာလသတ်မှတ်ချေးငွေများသည် စနစ်တကျဖွဲ့စည်းမှုရှိပြီး ကြိုတင်မှန်းဆထားနိုင်သည့် ငွေပြန်ဆပ်ရန် အချိန်ဇယားတစ်ခု ပေးထားပြီး မြို့တော်များအတွက် ၎င်းတို့၏ ဘဏ္ဍာရေးစီမံချက်နှင့် စီမံခန့်ခွဲမှုအတွင်း ရှင်းလင်းပြတ်သားမှုနှင့် တည်ငြိမ်မှုကို ပေးသည်။ ကာလသတ်မှတ်ချေးငွေများသည် ခရက်ဒစ် ချေးငွေများ သို့မဟုတ် လှည့်ပတ် ရန်ပုံငွေများနှင့် မတူဘဲ ပုံသေ အတိုးနှုန်းများနှင့် ကြိုတင်ဆုံးဖြတ်ထားသည့် ပြန်ဆပ်ကာလများရှိကာ အတက်အကျများသည့် အတိုးနှုန်းများနှင့် ဆက်စပ်ဖြစ်ပေါ်သော မသေချာမရေရာမှုကို လျှော့ချပေးသည်။ ကြိုတင်မှန်းဆထားနိုင်သည့် ငွေပြန်ဆပ်ရန်အချိန်ဇယားက ချေးငွေသက်တမ်းတလျှောက် ပိုမိုကောင်းမွန်စွာ ဘတ်ဂျက်ဆွဲရန်နှင့် ရင်းမြစ်များကို နေရာချထားရန် ခွင့်ပြုပေးသည်။
  • ရှုပ်ထွေးမှုမရှိဘဲ ရိုးရှင်းသော ဘဏ္ဍာငွေထောက်ပံ့မှုဆိုင်ရာ ရွေးချယ်မှု။ သက်တမ်းရှိချေးငွေများသည် စည်ပင်သာယာရေး ငွေချေးစာချုပ်များ သို့မဟုတ် ပိုမိုခေတ်မီသော ငွေအရင်းအနှီးဈေးကွက် ပါဝင်လုပ်ဆောင်မှု လိုအပ်နိုင်သည့် ငွေတောင်းခံလွှာမှတစ်ဆင့် ဘဏ္ဍာငွေရှာဖွေခြင်း အစီအစဉ်များ ကဲ့သို့သော ပိုရှုပ်ထွေးသည့် ဘဏ္ဍာရေးအစီအစဉ်များနှင့် မတူဘဲ မြို့တော်များအတွက် ရိုးရှင်းမှုနှင့် ရယူအသုံးပြုနိုင်မှုကို ပေးသည်။ မြို့တော်များသည် ချေးငွေရယူရေးလုပ်ငန်းစဉ်အား နှိုင်းယှဉ်နိုင်ဖွယ် လွယ်ကူသက်သာမှုဖြင့် ထိန်းကျောင်းနိုင်ကြပြီး အသေးစိတ်လွန်းသည့် ဘဏ္ဍာရေးဖွဲ့စည်းတည်ဆောက်မှုများ သို့မဟုတ် ငွေအရင်းအနှီးဈေးကွက်များအပေါ် နက်နက်နဲနဲနားလည်ရန် မလိုအပ်ဘဲ ဘဏ္ဍာငွေအထောက်အပံ့ ရယူခွင့်ပြုကာ အရေးကြီးသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ငွေအရင်းအနှီး ရှာဖွေရန် ပိုလက်တွေ့ကျပြီး ရိုးရှင်းသည့် ဘဏ္ဍာငွေထောက်ပံ့မှု ရွေးချယ်မှုတစ်ခု ဖြစ်စေသည်။

ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ

  • Standard Chartered (n.a.)။ ကာလသတ်မှတ်ချေးငွေများ (Term Loans). ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.sc.com/gh/business/working-capital/term-loans/
  • Globalwaters (2011)။ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော မြို့ပြအခြေခံအဆောက်အအုံ ဝန်ဆောင်မှုများကို ဖော်ဆောင်ခြင်း။ အိန္ဒိယနိုင်ငံရှိ စီမံကိန်း အကောင်အထည်ဖော်သူများနှင့် မူဝါဒဖော်ထုတ်သူများအတွက် လမ်းညွှန်စာအုပ်၊ အခန်း 6 မြို့ပြ အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာငွေ ရှာဖွေခြင်း။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.globalwaters.org/sites/default/files/6-Chapter%206.pdf
  • ကမ္ဘာ့ဘဏ် (n.a.)။ မြို့တော် ချေးငွေ ပြန်ဆပ်နိုင်မှုအခြေအနေဆိုင်ရာ စီမံကိန်း၊ မြူနီစီပယ် ဘဏ္ဍာရေးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှု။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.worldbank.org/en/topic/urbandevelopment/brief/city-creditworthiness-initiative 

Case Study

Scroll to Top