ဘဏ္ဍာငွေရယူမှုနည်းလမ်းနှင့် ပမာဏ
စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များမှ ထိုင်းဘတ်ငွေ 10 ဘီလီယံ (အမေရိကန်ဒေါ်လာ 320.4 သန်း)*
နောက်ခံအကြောင်းအရာ
Energy Absolute သည် ထိုင်းနိုင်ငံရှိ အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကုမ္ပဏီများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ Energy Absolute သည် ၎င်း၏ ပထမဆုံး စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ် ထုတ်ရောင်းမှုဖြင့် ထိုင်းဘတ်ငွေ 10 ဘီလီယံ (အမေရိကန်ဒေါ်လာ 320.4 သန်း)* မတည်ရန် ရည်ရွယ်ထားပါသည်။ စာချုပ်များကို သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်နှင့် ဆယ်နှစ် ကာလအသီးသီးဖြင့် ထုတ်ရောင်းထားပြီး ငွေချေးစာချုပ်ရောင်းချမှုမှ ရရှိငွေများကို ထိုင်းနိုင်ငံ၊ ချိုင်ရဖန် စီရင်စုရှိ 260 မက်ဂါဝပ် Hanuman လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းအား ရေရှည်ရန်ပုံငွေထောက်ပံ့ရာတွင် ကူညီပံ့ပိုးပေးရန် အသုံးပြုပါသည်။
ချဉ်းကပ်ပုံ
Energy Absolute သည် ထိုင်းနိုင်ငံရှိ အကြီးမားဆုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကုမ္ပဏီများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ ကုမ္ပဏီကို ထိုင်းနိုင်ငံ အစုရှယ်ယာ လဲလှယ်ရောင်းဝယ်ရေးတွင် စာရင်းသွင်းထားပြီး ၎င်း၏ အဓိကလုပ်ငန်းများမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေး၊ ဇီဝဒီဇယ်ဆီ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးတို့ ဖြစ်ကြသည်။
2019 ခုနှစ်တွင် Energy Absolute သည် ၎င်း၏ ပထမဆုံး စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ် ထုတ်ရောင်းမှုဖြင့် ထိုင်းဘတ်ငွေ 10 ဘီလီယံ (အမေရိကန်ဒေါ်လာ 320.4 သန်း)* မတည်ရန် ရည်ရွယ်ထားပါသည်။ စာချုပ်များကို သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်နှင့် ဆယ်နှစ် ကာလအသီးသီးဖြင့် ထုတ်ရောင်းထားပြီး လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းအား အပြီးသတ်ဆောင်ရွက်ရာတွင် သုံးခဲ့သည့် ရေတိုပေးသွင်းသူချေးငွေကို ဆပ်ရန် ချေးငွေထပ်ထုတ်ပေးခြင်း အပါအဝင် ထိုင်းနိုင်ငံ၊ ချိုင်ရဖန် စီရင်စုရှိ 260 မက်ဂါဝပ် Hanuman လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းအား ရေရှည်ရန်ပုံငွေထောက်ပံ့ရာတွင် ကူညီပံ့ပိုးပေးရန် ငွေချေးစာချုပ်ရောင်းချမှုမှ ရရှိငွေများကို အသုံးပြုပါသည်။ Hanuman လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ပြီး 2019 ခုနှစ်၊ ဧပြီလ၌ လုပ်ငန်းလည်ပတ်မှုများကို စီးပွားဖြစ်စတင်ခဲ့သည်။ ၎င်းတွင် ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင်များနှင့် ချုပ်ဆိုထားသော ရေရှည်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်တစ်ခု ရှိထားသည်။
Energy Absolute ၏ ပထမဆုံး စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ် ထုတ်ရောင်းမှု၏ အဓိကအစိတ်အပိုင်းတစ်ခုမှာ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asian Development Bank) (ADB) ၏ အကျုံးဝင်သည့် 7 နှစ်အတွင်း ထိုင်းဘတ်ငွေ 3 ဘီလီယံ (အမေရိကန်ဒေါ်လာ 96.1 သန်း) အထိ အခြေခံ ရင်းနှီးမြှုပ်နှံမှု ဖြစ်ခဲ့သည်။ ADB က ထိုင်းဘတ်ငွေ 10 ဘီလီယံ (အမေရိကန်ဒေါ်လာ 320.4 သန်း)* တန်ဖိုးပမာဏတစ်ခုလုံးအတွက် ငွေချေးစာချုပ် ထုတ်ရောင်းမှုကို ရာသီဥတုဆိုင်ရာ ငွေချေးစာချုပ်များ စီမံကိန်း (Climate Bon်ds Initiative) ၏ ရာသီဥတုဆိုင်ရာ ငွေချေးစာချုပ် စံသတ်မှတ်ချက်များအရ စိမ်းလန်းစိုပြေရေး ငွေချေးစာချုပ်အဖြစ် အတည်ပြုချက်ပေးရေးကိုလည်း ချောမွေ့မြန်ဆန်အောင် ကူညီပေးခဲ့သည်။ သီးခြားလွတ်လပ်သော စိစစ်အတည်ပြုသူတစ်ဦးက စာချုပ်များကို ရာသီဥတုဆိုင်ရာ ငွေချေးစာချုပ် စံသတ်မှတ်ချက်များကဏ္ဍ၏ စံချိန်စံညွှန်းများအရ အကျုံးဝင်ပြည့်မီပြီး အပြည်ပြည်ဆိုင်ရာ ငွေအရင်းအနှီးဈေးကွက် အဖွဲ့အစည်း၏ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ် အခြေခံမူများနှင့် အာဆီယံ (ASEAN) ၏ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ် စံသတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း အတည်ပြုပေးမည် ဖြစ်သည်။ ၎င်း၏အတည်ပြုထောက်ခံချက်ကို ထိန်းသိမ်းထားရန် Energy Absolute သည် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း လည်ပတ်မှုများနှင့် ပတ်သက်၍ နှစ်စဉ် စောင့်ကြည့်စစ်ဆေးမှု အစီရင်ခံစာတစ်စောင် တင်ပြရပါမည်။
ရလဒ်များ
Energy Absolute ၏ ပထမဆုံး စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်ကို 2019 ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ရောင်းခဲ့ပြီး အမည်စာရင်းပေးသွင်းသူ အလွန်များပြားခဲ့သည်။ အမည်စာရင်းပေးသွင်းခဲ့သည့် ထိပ်တန်း ငွေချေးစာချုပ်ဝယ်ယူသူများမှာ ADB၊ အာမခံကုမ္ပဏီများ၊ ဒေသန္တရ စီးပွားရေးဘဏ်များနှင့် ပိုင်ဆိုင်မှု စီမံခန့်ခွဲရေး လုပ်ငန်းများဖြစ်ကြသည်။
Energy Absolute ၏ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ် အောင်မြင်မှုက ပိုင်ဆိုင်ပစ္စည်းအမျိုးအစားအသစ်များတွင် စီးပွားဖြစ် ရင်းနှီးမြှုပ်နှံသူများနှင့် ထုတ်ရောင်းသူများ ပိုမိုပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ရန် ကူညီပေးခဲ့သည်။ ADB ၏ ပါဝင်လုပ်ဆောင်မှုသည် ဒေသန္တရ စည်းမျဉ်းရေးဆွဲသူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ထုတ်ရောင်းသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးကျင့်ထုံးများကို လက်ခံကျင့်သုံးရန် ကူညီတိုက်တွန်းပေးခဲ့ပြီး ယင်းမှတစ်ဆင့် အစိုးရတွင်း ဆုံးဖြတ်ချက်ချသူများအကြား စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များ၏ အကျိုးခံစားခွင့်များအကြောင်း သိမြင်မှုနှင့် အလားအလာရှိသော ထုတ်ရောင်းသူများနှင့် ဝယ်သူများအကြား ဤပိုင်ဆိုင်မှုအမျိုးအစား၏ အကျိုးခံစားခွင့်များအကြောင်း သိမြင်မှုကို မြှင့်တင်ပေးခဲ့သည်။ Energy Absolute ၏ ငွေချေးစာချုပ်ထုတ်ရောင်းမှု စတင်ချိန်ကတည်းက စီမံကိန်းမတိုင်မီ စုစုပေါင်း ထုတ်ရောင်းမှု ထိုင်းဘတ်ငွေ 7 ဘီလီယံ (အမေရိကန်ဒေါ်လာ 199.8 သန်း) မှစ၍ 2022 ခုနှစ်၊ ဒီဇင်ဘာလတွင် စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်တန်ဖိုး ထိုင်းဘတ်ငွေ 48.1 ဘီလီယံ (အမေရိကန်ဒေါ်လာ 1.4 သန်း)** ကို ထုတ်ရောင်းထားပြီးဖြစ်သည်။
အဓိက လေ့လာတွေ့ရှိချက်များ
ထုတ်ရောင်းသူ၏ ခိုင်မာသော ချေးငွေအစီရင်ခံချက်နှင့် နောက်ကြောင်းမှတ်တမ်း
စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များကို ထုတ်ရောင်းခြင်းမပြုမီက ထိုစာချုပ်များအကြောင်းကို ထိုင်းနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများက အပြည့်အဝ နားမလည်ခဲ့ဘဲ ယင်းသို့သော စာချုပ်များအတွက် ဝယ်လိုအားသည် သေချာရေရာမှု မရှိခဲ့ပါ။ Energy Absolute ၏ ခိုင်မာသော ချေးငွေအစီရင်ခံချက်နှင့် အောင်မြင်သည့် ရန်ပုံငွေမတည်မှု နောက်ကြောင်းမှတ်တမ်း အပါအဝင် ခိုင်မာသော စီးပွားရေး အခြေခံအုတ်မြစ်များက ယင်းအချိန်၌ အဆိုပါပိုင်ဆိုင်မှုအမျိုးအစားအပေါ် ဈေးကွက်မှ အသိအမှတ်ပြုမှု နည်းပါးသည့်တိုင် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များ၏ ယုံကြည်နိုင်မှုနှင့်ပတ်သက်ပြီး လုံလောက်သည့်
ထုတ်ကုန်ပစ္စည်းအသစ်များကို ဈေးကွက်တွင်းသို့ မိတ်ဆက်ပေးချိန်၌ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်း၏ အခန်းကဏ္ဍ-
Energy Absolute ၏ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်၏ စျေးကွက်ချဲ့ထွင်မှုကို အားကောင်းစေရန် ၎င်း၏သြဇာလွှမ်းမိုးမှုနှင့် ကြီးကြပ်မှုကို အသုံးပြုရာတွင် ADB သည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အပြင် အာမခံကုမ္ပဏီများ၊ အငြိမ်းစားရန်ပုံငွေများနှင့် အခြားထိပ်တန်း ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကဲ့သို့သော ပါဝင်သူများကို ဈေးကွက်တွင်း ဝင်ရောက်လာစေရန် ကူညီပေးခဲ့သည်။ Energy Absolute ၏ စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ်များအတွက် အတည်ပြုချက် ရယူရာတွင် အဆင်ပြေချောမွေ့စေရန် ADB ၏ အခန်းကဏ္ဍသည် ယင်းသို့သော ပိုင်ဆိုင်မှုအမျိုးအစားများအတွက် ဈေးကွက်ဝယ်လိုအားနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ကူညီလျှော့ချပေးခဲ့သည်။
ရင်းမြစ်များ/ထပ်ဆောင်း အချက်အလက်များ
- ADB (2022)။ နှစ်စဉ် စိစစ်သုံးသပ်မှု တိုးချဲ့အစီရင်ခံစာ– လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအတွက် Energy Absolute စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ် (ထိုင်းနိုင်ငံ)။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/sites/default/files/project-documents/53255/53255-001-xarr-en.pdf
- ADB (2019)။ အဆိုပြုထားသော ကြွေးမြီဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု- လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအတွက် Energy Absolute စိမ်းလန်းစိုပြည်ရေး ငွေချေးစာချုပ် (ထိုင်းနိုင်ငံ)။ ဤဝက်ဘ်ဆိုက်စာမျက်နှာတွင်ဖတ်ရှုနိုင်သည်- https://www.adb.org/sites/default/files/project-documents/53255/53255-001-rrp-en.pdf
- *အမေရိကန်ဒေါ်လာတန်ဖိုးများကို 2019 ခုနှစ်အတွင်း ပျမ်းမျှ 12 လတာ ငွေလဲနှုန်းပေါ် အခြေပြု၍ တွက်ချက်ထားကြောင်း သတိပြုပေးပါ။ ဤဝက်ဘ်ဆိုက်မှ ကောက်နုတ်ရယူထားသည်- https://www.x-rates.com/average/?from=USD&to=THB&amount=1&year=2022#google_vignette
- **အမေရိကန်ဒေါ်လာတန်ဖိုးများကို 2022 ခုနှစ်အတွင်း ပျမ်းမျှ 12 လတာ ငွေလဲလှယ်နှုန်းပေါ် အခြေပြု၍ တွက်ချက်ထားကြောင်း သတိပြုပေးပါ။ ဤဝက်ဘ်ဆိုက်မှ ကောက်နုတ်ရယူထားသည်- https://www.x-rates.com/average/?from=USD&to=THB&amount=1&year=2022#google_vignette